Home သတင်း လယ်သမားတစ်ဦးချင်း ဝင်‌ငွေတိုးရန် ‌ဆောင်းသီးနှံစိုက်ပျိုး‌ရေး အသိပညာ‌ပေး‌ဟော‌ပြော

လယ်သမားတစ်ဦးချင်း ဝင်‌ငွေတိုးရန် ‌ဆောင်းသီးနှံစိုက်ပျိုး‌ရေး အသိပညာ‌ပေး‌ဟော‌ပြော

2158

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

စိုက်ပျိုး‌ရေးဋ္ဌာန၊ ‌မြေယာစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဋ္ဌာနတို့ပူး‌ပေါင်းပြီး လယ်သမားတစ်ဦးချင်း ဝင်‌ငွေတိုးလာ‌စေရန် ရည်ရွယ် ပြီး ‌ဆောင်းသီးနှံစိုက်ပျိုး‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲတစ်ခုကို နိုဝင်ဘာလ ၂၂ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ် ‌ကျေးရွာဘုန်းကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ စိုက်ပျိုး‌ရေးဋ္ဌာန ဦးစီးမှူး ဦးသက်လွင်က “ကြာအင်းဆိပ်ကြီးမှာ‌တော့ ပဲစိုက်တဲ့အ‌လေ့အထ နည်း တယ်။ မိုးစပါးကလည်း ‌ခေတ်မီသိပံ္ပနည်းကျနဲ့ တွင်တွင်ကျယ်ကျယ် မသွားနိုင်‌သေးဘူး‌လေ။ အထွက်နှုန်းလည်း သိသိသာသာ မ‌ပြောင်းလဲ‌သေးဘူး‌ပေါ့။ သူတို့တစ်ဦးချင်း ဝင်‌ငွေတိုးလာ‌အောင် ပဲသီးနှံစိုက်ပျိုး ဧကတိုးချဲ့မယ်ဆိုရင် ဝင်‌ငွေတိုးလာနိုင်တယ်။ အဲဒါကို ရည်ရွယ်ပြီး အသိပညာ လာ‌ပေးရတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် စပါး‌ဈေးကျဆင်းသည့်အတွက် ပြီးခဲ့သည့် ‌လေးပတ်က ကရင်ပြည်နယ်အတွင်း မျိုးစပါး‌ဈေး တင်းတစ်ရာလျှင် ၃သိန်းခွဲ ဝန်းကျင်အထိသာ ‌ဈေးနှုန်းရှိခဲ့ပြီး လယ်သမားတစ်ဦးချင်း စိုက်ပျိုးကုန်ကျစရိတ်ပင် ပြန်မရနိုင်သည့်အတွက် ပြန်လည် ဖာ‌ထေး နိုင်ရန် နိုင်ငံခြား‌ဈေးကွက်နှင့် ‌ဒေသအတွင်း‌ဈေးနှုန်းရှိသည့် ပဲများကို တိုးချဲ့စိုက်ပျိုးနိုင်ရန် လာ‌ရောက်အသိပညာ‌ပေးခြင်းလည်း ဖြစ်သည်ဟု ဦးသက်လွင်က ဖြည့်စွက်‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပဲတီစိမ်း၊ မတ်ပဲနှင့် အခြားပဲ အနည်းစု ဧက(၂)‌သောင်း‌ကျော်နီးပါး စိုက်ပျိုးထားကြပြီး ၂ဧကနှင့် အထက်စိုက်ပျိုးထားသည့် ‌တောင်သူများကို ပဲမျိုးတစ်ဝက်‌ထောက်ပံ့‌ပေးသွားမည်ဟု မြို့နယ် စိုက်ပျိုး‌ရေးဋ္ဌာနက ‌ပြောသည်။

ခလယ်‌ကျေးရွာမှ ပဲစိုက်‌တောင်သူ ဦးစိုးက “ဒီနှစ်မှာ (၂)ဧက‌လောက်‌တော စိုက်ထားတယ် ‌နေပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုရင် အပင်‌တွေ မသန်‌တော့ဘူး။ ဒီမှာက ‌ကောက်ရိတ်ပြီးတာနဲ့ မိရိုးဖလာနည်းနဲ့ပဲ ထွန်ယက်ပြီး ပျိုးကျဲတာပဲ။ ဖြစ်နိုင်ရင် ပဲမစိုက်ပျိုး ခင် တာဝန်ရှိသူ‌တွေ‌ပေါ့‌လေ။ ကျ‌နော်တို့စိုက်ခင်းကိုလာပြီး စိုက်ပျိုးနည်းပညာ‌တွေ လာ‌ရောက်‌ပြော‌ပေး‌စေချင်တယ်”ဟု ‌ပြော သည်။

အဆိုပါ ‌ဆောင်းသီးနှံစိုက်ပျိုး‌ရေး ပညာ‌ပေး‌ဟော‌ပြောမှု အစီအစဉ်တွင် ‌မြေယာစီမံ/စာရင်းအင်းဋ္ဌာနမှ တာဝန်ရှိသူများ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး အပါအဝင် ‌ဒေသခံ‌တောင်သူ (၅၀)‌ကျော် တက်‌ရောက်ခဲ့ကြပြီး တံခွန်တိုင်၊ ‌တောင်ဒီး‌ကျေးရွာနှင့် ဘုရားသုံးဆူ ‌ဒေသဘက်ရှိ ‌ကျေးရွာများတွင်လည်း အလားတူ စိုက်ပျိုး‌ရေး အသိပညာ‌ပေးလုပ်ငန်းကို ဆက်လက် လုပ်‌ဆောင်သွားမည်ဟု သိရသည်။