Home သတင်း ရာဘာ‌စေးခြစ်အလုပ်သမား ရှားပါးမှု‌ကြောင့် ကြာအင်းဆိပ်ကြီးရှိ ရာဘာခြံအများစု လုပ်ငန်းမလည်ပတ်နိုင်

ရာဘာ‌စေးခြစ်အလုပ်သမား ရှားပါးမှု‌ကြောင့် ကြာအင်းဆိပ်ကြီးရှိ ရာဘာခြံအများစု လုပ်ငန်းမလည်ပတ်နိုင်

2564

နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ်တွင် ကမ္ဘာ့ရာဘာ‌ဈေးနှုန်း ပြန်မြင့်တက်လာသည့်အတွက် ပြည်တွင်းရာဘာ‌ဈေးနှုန်း ပြန်လည်‌ကောင်းမွန်လာခဲ့‌သော် လည်း ရာဘာအ‌စေးခြစ် အလုပ်သမားများ မရှိ‌သော‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တခွင်ရှိ ရာဘာခြံအများစုမှာ အ‌စေးခြစ် လုပ်ငန်းကို မလည်ပတ်နိုင်ဘဲ ယခုအချိန်ထိ ပိတ်ထားရဆဲဖြစ်သည်ဟု ရာဘာခြံရှင်များထံမှ သိရသည်။

ယခုလ နိုဝင်ဘာလလယ်အထိ ပြည်တွင်း ရာ‌ဈေးနှုန်း အထူပြားတစ်‌ပေါင်လျှင် (၆၅၀)ကျပ်နှင့် အလတ်ပြားတစ်‌ပေါင်လျှင် (၇၀၀)ကျပ်အထိ ‌ဈေးနှုန်းအနည်းငယ်ပြန်တက်လာသည့်အတွက် အလုပ်သမားတစ်ဦးလျှင် တစ်‌နေ့လုပ်အားခ (၂)‌သောင်း ‌ကျော်ထိ ရရှိ‌နေ‌သော်လည်း အ‌စေးခြစ်အလုပ်သမား မရှိ‌သော‌ကြောင့် ခြံရှင်အများစုမှာ ၎င်းတို့လုပ်ငန်းကို မလည်ပတ်နိုင်ခြင်း ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ရာဘာခြံရှင် ကိုသားငယ်က “တစ်‌ယောက်တစ်ဝက်‌ပေးတာ‌တောင် ရာဘာအ‌စေးခြစ်သမားငှားလို့ မရဘူးဖြစ်‌နေတယ်။ တစ်ချို့ဆို စိုက်ထားတာ ၁ဝနှစ်‌ကျော်လာပြီ။ အ‌စေးထုတ်လုပ်နိုင်မှု ၅ဝရာခိုင်နှုန်း‌လောက်ပဲ။ လုပ်ငန်းလည် ပတ်နိုင်‌သေးတယ်။ အရင်နှစ်‌တွေက ‌ဈေးနှုန်း‌တောက်‌လျှေက်ကျလာ‌တော့ အလုပ်သမား‌တွေ ထိုင်းဘက်ကို သွား‌ရောက် အလုပ်လုပ်တာများတယ်”ဟု နိုဝင်ဘာ(၁၇)ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မျိုးပင်မမှန်သည့်အတွက် အ‌စေးထွက်နည်းသည့်ခြံအချို့မှာ အလုပ်သမားငှားရမ်းရ ခက်ခဲပြီး တစ်ရက်ကို ‌ပေါင် (၆၀) ထွက်သည့်ခြံတွင် တစ်‌နေ့လျှင် ကျပ်တစ်‌သောင်း‌ကျော်ထိ ဝင်‌ငွေရှိ‌သော်လည်း ရာဘာ‌ဈေးနှုန်းပြန်ကျမည်ကို စိုးရိမ်ကြသည့်အ တွက် အလုပ်သမား အများစုမှာ ‌နေ့စားအလုပ်ဘက်ကိုသာ လုပ်ကိုင်ကြသည်ဟု ရာဘာခြံရှင်ကိုသားငယ်က ဆက်‌ပြောသည်။

ခလယ်ရွာမှ ရာဘာခြံရှင် ဦးကိုနိုင်ကလည်း “အရင်နှစ်‌တွေက ရာဘာ‌ဈေးနှုန်း ‌တောက်‌လျှောက်ကျ‌တော့ ခြံရှင်‌ရော၊ အလုပ်သ မား‌ရော အများစု ထိုင်းဘက်ကို အလုပ်သွားလုပ်ကြတယ်။ ရာဘာ‌ဈေးပြန်တက်လာ‌တော့ ရုတ်တရက် ပြန်မလာနိုင်ကြ‌သေးဘူး ‌ပေါ့။ အဓိက ‌ဈေးနှုန်းတည်ငြိမ်မှုကို ‌စောင့်ကြည့်‌နေကြတယ်။ အလုပ်သမားရှာမရလို့ ခြံလုပ်ငန်း မလည်ပတ်နိုင်‌သေးတဲ့ ခြံ‌တွေ အများကြီးရှိတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုး ဧက ၁,၆၀၀‚၀၀ဝ (တစ်သန်း‌ခြောက်သိန်း)ခန့်ရှိသည့်အနက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရာဘာခြံ ဧက‌ပေါင်း တစ်သိန်း‌ကျော်ရှိသည်။ တစ်နှစ်ကို ရာဘာထွက်ကုန်ကြမ်း တန်ချိန် (၁၇,၀၀၀)ခန့်ကို နိုင်ငံခြားသို့ တင်ပို့ နိုင်ခဲ့ပြီး (၇၀%)ကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့သည်ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူအသင်းထံမှ သိရသည်။