Home သတင်း ရန်ကုန်တိုင်း ကရင်စာယဉ် ဖြည့်စွက် ဖွဲ့စည်းထားမှု ‌ရေးရာဝန်ကြီးထံ ‌ပေးပို့မည်

ရန်ကုန်တိုင်း ကရင်စာယဉ် ဖြည့်စွက် ဖွဲ့စည်းထားမှု ‌ရေးရာဝန်ကြီးထံ ‌ပေးပို့မည်

1991

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဖြည့်စွက် ဖွဲ့စည်းထားမှု အ‌ခြေအ‌နေများကို တိုင်း‌ဒေသကြီး၊ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးထံ ‌ပေးပို့သွားမည်ဟု တိုင်းစာ၊ယဉ်‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေ အိုင်စီသို့ ယ‌နေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ‌ပြောသည်။

၎င်းတိုင်းစာယဉ် ဖြည့်စွက် ဖွဲ့စည်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၉ရက်‌နေ့တွင် အင်းစိ်န်မြို့နယ်၊ ဟိုက်ပတ်၊ ‌အေးရိပ် သာ ၂လမ်းရှိ၊ မာရာနာသန်ခန်းမ၌ ပြုလုပ်ခဲ့ပြီး စာယဉ်ဥက္ကဋ္ဌအဖြစ် ‌စောထွန်း‌အောင်မြင့် (‌ရေးရာဝန်ကြီး‌ဟောင်း)၊ ရန်ကုန် တိုင်းခရိုင်‌လေးခုမှ စာယဉ်ဥက္ကဋ္ဌများကို တိုင်းစာယဉ် ဒုဥက္ကဋ္ဌများအဖြစ် တာဝန်‌ပေးခဲ့ပြီး အတွင်း‌ရေးမှူးအဖြစ် မန်း သန်း ဝင်းဦးကို ‌ရွေးချယ်တာဝန်‌ပေးခဲ့သည်။

တိုင်းစာယဉ် အတွင်း‌ရေးမှူးဖြစ်လာသူ မန်းသန်းဝင်းဦးက “ကရင်‌ရေးရာဝန်ကြီးနဲ့‌တွေ့တုန်းက တိုင်းစာယဉ် ဖြည့်စွက်ဖွဲ့မယ့် အ‌ခြေအ‌နေကို တင်ပြတယ်။ သူ့ကိုဥက္ကဋ္ဌ လုပ်ဖို့‌ပြော‌တော့ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်တဲ့အတွက် လုပ်ဖို့မဖြစ်ဘူး။ နာယက ဖြစ်ဖြစ် ထားပါ‌ပေါ့‌နော်။ တိုင်းစာယဉ်ဖြည့်စွက်ဖွဲ့ပြီး‌တော့ တာဝန်‌ပေးခံရတဲ့သူ‌တွေစာရင်းကို သူ့ဆီလာပို့ဖို့‌တော့ ‌ပြောထား တယ်။ ဒီ‌နေ့(နိုဝင်ဘာ၂၂ရက်)သွားပို့ဖို့ ရှိတယ်။ ဝန်ကြီးမအားလို့ မ‌တွေ့ရလည်း စာရွက်စာတမ်း‌တွေ သူ့ရုံးကို သွားပို့ထား မယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၅ရက်‌နေ့က ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌ကော့မှူးမြို့နယ်၊ မကျီးကန်‌ကျေးရွာ၊ ဘုန်း‌တော်ကြီး ‌ကျောင်းတွင် ပြုလုပ်ခဲ့သည့် လက်ရှိ ကရင်‌ရေးရာဝန်ကြီးနှင့် တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် စာယဉ်များ ‌တွေ့ဆုံပွဲ အခမ်း အနား၌ မြို့နယ်၊ ခရိုင်နှင့် တိုင်းစာယဉ်များ ပြန်ဖွဲ့ပြီး တရားဝင် အသင်းအဖွဲ့မှတ်ပုံတင်ကာ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို တိုက် ရိုက် ချိတ်ဆက်လုပ်ကိုင်သွားမည်ဟု ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောဆိုခဲ့သည်။

ထိုသို့‌ပြောဆိုခဲ့ခြင်းအ‌ပေါ် ၂၀၁၄ခုနှစ်အတွင်း ယခင်‌ရေးရာဝန်ကြီး ဦး‌ဆောင်ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အခန်းကဏ္ဍ မည်သို့ရှိမည်၊ တိုင်းစာယဉ်အသစ်တစ်ခု ထပ်မံ ‌ပေါ်‌ပေါက်မည့်သ‌ဘော ဟုတ်မဟုတ် ရန်ကုန်တိုင်းအတွင်းရှိ ကရင်အမျိုးသားထုအတွင်း ဝိ‌ရောဓိများ ဖြစ်‌စေသည်ဟု ရန်ကုန်မြို့ခံ ကရင်ရပ်မိရပ်ဖ များထံမှ သိရသည်။

“အရင် ကရင်‌ရေးရာဝန်ကြီးလက်ထက်မှာ တိုင်းစာယဉ်ဖွဲ့တယ်။ အားမနာတမ်း‌ပြောရရင် ဘာမှ ထိထိ‌ရောက်‌ရောက် လှုပ် ရှားတာ မ‌တွေ့ဘူး။ အခု‌ရေးရာဝန်ကြီးလက်ထက် စာယဉ်‌တွေပြန်ဖွဲ့မယ် ‌ပြောပြန်တယ်။ အဖွဲ့သစ်လား။ ရှိပြီးသားကို ပြန် ‌ရွေးဖွဲ့မှာလား မသိရဘူး။ သူလည်း တိုင်းအစိုးရအဖွဲ့အလုပ်‌တွေနဲ့ သိပ်မအားဘူးလို့‌တော့ ကြားတယ်။ အားလုံးစည်းစည်း လုံးလုံး လုပ်ကြပါလို့ ‌ပြောချင်တယ်”ဟု ရန်ကုန်မြို့‌နေ ကရင်အမျိုးသားတဦးက ‌ပြောသည်။

အဆိုပါ တိုင်းစာယဉ် ဖြည့်စွက်ဖွဲ့စည်းခြင်း အခမ်းအနားတွင် စာ‌ပေဆပ်‌ကော်မတီနှင့် ယဉ်‌ကျေးမှုဆပ်‌ကော်မတီများ ဖွဲ့ စည်း ၏‌ရေး၊ တိုင်းစာယဉ် ဖွဲ့စည်းပုံ‌ရေးဆွဲ‌ရေး၊ မြို့နယ်စာယဉ် မရှိ‌သေးသည့် မြို့နယ်များတွင် ဖွဲ့စည်းနိုင်‌ရေး စသည့် တို့ကို ‌ဆွေး‌နွေးခဲ့ပြီး ၂၀၁၇ခုနှစ်၊ မတ်လတွင် ထပ်မံ စည်း‌ဝေးကာ အတည်ပြုဆုံးဖြတ်ချက် ရယူသွားရန်မည်ဖြစ်‌ကြောင်း တိုင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။