Home သတင်း မွန်ပြည်နယ် စာယဉ်ပြန်ဖွဲ့စည်း‌ရေး ထင်မြင်ချက်အမျိုးမျိုးဖြစ်‌ပေါ်‌နေမှု အ‌ပေါ် ကရင်‌ရေးရာဝန်ကြီးစိုးရိမ်

မွန်ပြည်နယ် စာယဉ်ပြန်ဖွဲ့စည်း‌ရေး ထင်မြင်ချက်အမျိုးမျိုးဖြစ်‌ပေါ်‌နေမှု အ‌ပေါ် ကရင်‌ရေးရာဝန်ကြီးစိုးရိမ်

2007

နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပြင်ဆင်ဖွဲ့စည်းမည့် သတင်း‌ပေါ်ထွက် လာပြီး‌နောက် ပြည်နယ် ကရင်အမျိုးသားထုအတွင်း သ‌ဘောထား၊ ထင်မြင်ချက် အမျိုးမျိုးရှိကာ စည်းလုံးမှု ယုတ်‌လျော့ သွားမည်ကို စိုးရိမ်သည်ဟု မွန်ပြည်နယ်၊ ကရင်‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

လက်ရှိ မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ပြန်လည် ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်း‌ရေးနှင့် ပတ်သက်ပြီး ပြည်နယ်စာယဉ် တာဝန်ရှိသူများနှင့် ကရင်‌ရေးရာဝန်ကြီးတို ့ အကြား အမြင်မတူ အားပြိုင်မှုအချို့ ပြီးခဲ့သည့် ‌အောက်တိုဘာလကုန်မှ စတင်ဖြစ်ပွားခဲ့ပြီး‌နောက် မွန်ပြည်နယ် စာယဉ်၊ နာယကနှင့် ဥက္ကဌထံ သို့ ‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က နိုဝင်ဘာ ၇ ရက်‌နေ ့ရက်စွဲပါ စာတစ်‌စောင်‌ပေးပို ့ကာ အထက်ပါအတိုင်း စိုးရိမ်‌ကြောင်း ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးက “ NLD က လူ‌တွေ ထည့်မယ်ဆိုတာ ကျ‌နော့်ကို စွပ်စွဲချက်သာ ဖြစ်တယ်။ အဓိက‌တော့ အမျိုးသမီး၊ လူငယ်‌တွေကို ‌ကော်မတီမှာ မပါမဖြစ် ပါ‌စေချင်တယ်။ ပြီး‌တော့ ကျ‌နော်‌ရောက်တဲ့ ရွာ‌တွေမှာ စာယဉ်ကိစ္စ မသိ တဲ့ရွာ‌တွေ ရှိ‌နေ‌တော့ မြို့နယ်စာယဉ်ကို ပြန်ဖွဲ့ဖြစ်ရင် ကရင်ရွာတိုင်းက ‌ရွေးချယ် အသိမှတ်ပြုတဲ့ မြို့နယ် အမှု ‌ဆောင်‌တွေ ဖြစ်‌စေချင်တယ်။ ‌နောက်တစ်ခုက ပြည်နယ် စာယဉ်ကို မှတ်ပုံတင်‌စေချင်တယ်။ ဒါပါပဲ။ ဒါ‌ပေမဲ့ စာယဉ်က ကျ‌နော့်‌အောက်က မဟုတ်ဘူး။ ဖြုတ်ခန့်ပိုင်ခွင့် မရှိဘူး။ ဘယ်အထိ လိုချင်သ‌လောက်ဖြစ်နိုင်မလဲ ဆိုတာ‌တော့ အတိကျမ‌ပြောနိုင်ပါ” ဟု ‌ကေအိုင်စီသို ့ ယ‌နေ ့‌ပြောသည်။

ထိုသို ့ ကရင်‌ရေးရာဝန်ကြီးနှင့် မွန်ပြည်နယ် စာယဉ်တာဝန်ရှိသူများအကြား အမြင်မတူ အထင်အမြင်လွဲ‌နေ သည်ကို ကြားသိထားသလို စည်းစည်းလုံးလုံးဖြင့် ကရင်စာ‌ပေယဉ်‌ကျေးမှု လုပ်ငန်းများကို နားလည်မှုရှိရှိ လုပ်ကိုင်သွားရန် အ‌ရေးကြီး‌ကြောင်း ပြည်နယ်စာယဉ်တွင် အတွင်း‌ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ‌နော်ဆာထူးက ‌ကေအိုင်စီသို ့‌ပြောသည်။

“အခုကိစ္စမှာ ဘယ်ဘက်ကမှ မပါချင်ဘူး။ ကရင်‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က အ‌နော်ကို စာယဉ်‌တွေ ပြန်ဖွဲ့ရင်ပါ‌စေချင်တယ်လို ့ ‌ပြောတယ်။ အ‌နော်လည်း ကိုယ့်ကရင်စာ‌ပေယဉ်‌ကျေးမှုကိစ္စပဲ ကူရမှာ‌ပေါ့လို ့‌ပြော ထားတယ်” ဟု မွန်ပြည်နယ် အပစ်ရပ်ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S) အရပ်သားအဖွဲ့ဝင်ဖြစ်သူ ‌နော်ဆာထူးက ‌ပြောသည်။
15027730_217690891988638_8538262478210117623_n
ယခုလို ကရင်‌ရေးရာဝန်ကြီးက မွန်ပြည်နယ်စာယဉ်ထံ စာ‌ရေးသား‌ပေးပို ့မှုအ‌ပေါ် နိုဝင်ဘာ ၉ ရက် (ယ‌နေ ့) တွင် ‌မော်လမြိုင်မြို့၊ အတုလမာရ်‌အောင် ‌ကျောင်းတိုက်၌ စာယဉ် နာယက ဆရာ‌တော်ကြီးများနှင့် ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးမှ စာယဉ် ဥက္ကဌများ ‌တွေ့ဆုံစဉ် ‌ပြောဆို‌ဆွေး‌နွေးမှု ရှိသည်ဟု ပြည်နယ်စာယဉ် ဘဏ္ဍာ‌ရေးမှူး ‌စောဟိုး‌ရှေးက ယခုလို‌ပြောသည်။

“ ဒီ‌နေ ့ ပြည်နယ်စာယဉ် နာယက‌တွေနဲ ့မြို့နယ်အသီးသီးက စာယဉ် ဥက္ကဌ‌တွေ ‌တွေ့ဆုံတယ်။ ‌ရေးရာ ဝန်ကြီး ရဲ့ သက်ကြီးဝါကြီးသူ‌တွေအ‌ပေါ် အပြုအမှု‌တွေကို မ‌ကျေနပ်ဘူးလို ့ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးတင်ပြကြတယ်။ ဒါ‌ပေမဲ့ ဒါ‌တွေအားလုံး‌ပြေလည်ဖို ့ စာယဉ်နာယကကြီး‌တွေနဲ ့မြို့နယ်စာယဉ် ဥက္ကဌ‌တွေ ‌စော‌အောင်မြင့်ခိုင်နဲ ့ ‌တွေ့ပြီး‌တော့ ရင်ကြား‌စေ့‌ရေးလုပ်မယ် ” ဟု ‌ကေအိုုင်စီသို ့ ‌ပြောသည်။

လက်ရှိ မွန်ပြည်နယ် စာယဉ်ဥက္ကဌအဖြစ် ကရင်‌ရေးရာဝန်ကြီး(‌ဟောင်း) ‌စော‌အောင်‌ကျော်သိန်း၊ အတွင်း‌ရေးမှူး အဖြစ် ‌စောတာမလာ တို ့က တာဝန်ယူထားပြီး ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ စာယဉ်ဥက္ကဌများ အဖွဲ့ ဝင်အဖြစ် ပါဝင်ကာ မြို့နယ်များနှင့် ပြည်နယ် စာယဉ်ဖွဲ့စည်းပုံ မူကြမ်းအသီးသီး ကို‌ရေးဆွဲထားပြီး ဖြစ်‌ကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။