Home ထိပ်တန်းသတင်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့များ ကရင်ပြည်နယ်အစိုးရနှင့်‌တွေ့ဆုံပြီး က‌လေး‌မွေး စာရင်းကိစ္စ‌ဆွေး‌နွေး မည်

နယ်စပ်ကျန်းမာ‌ရေးအဖွဲ့များ ကရင်ပြည်နယ်အစိုးရနှင့်‌တွေ့ဆုံပြီး က‌လေး‌မွေး စာရင်းကိစ္စ‌ဆွေး‌နွေး မည်

2750

နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၆ခုုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် ကျန်းမာ‌ရေး အဖွဲ့အစည်း ၈ဖွဲ့က လာမည့်နိုဝင်ဘာလ ၂၈ရက်‌နေ့တွင် ကရင်ပြည်နယ် အစိုးရ၊ ဋ္ဌာနဆိုင်ရာများ နှင့်‌တွေ့ ဆုံကာ လက်ရှိ ၎င်းတို့လုပ်‌ဆောင်‌နေသည့် က‌လေး‌မွေးစာရင်းကိစ္စလုပ်ငန်းအ‌ခြေအ‌နေများကို ချပြရှင်း လင်းမည်ဟု သိရသည်။

အဆိုပါ အဖွဲ့များအ‌နေဖြင့် ‌ကေအဲန်ယူနယ်‌မြေများအပြင် နယ်စပ်တစ်‌လျှောက်တွင် ‌မွေးဖွားသည့် က‌လေး များ၏ ‌မွေးစားရင်းပြုလုပ်‌နေမှု၊ လုပ်ငန်း‌ဖော်‌ဆောင်‌နေမှုအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဋ္ဌာန၊ လူဝင်မှုကြီးကြပ်‌ရေးဋ္ဌာန၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ ပြည်နယ်ကျန်းမာ‌ရေးဋ္ဌာန၊ ဗဟိုစာရင်းစစ်ဋ္ဌာနတို့နှင့် ‌တွေ့ဆုံကြမည်ဖြစ်သည်။

KNU လက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဋ္ဌာန KDHWမှ တာဝန်ခံ ‌စောအယ်ကလူ‌ရွှေဦး က“ဒီကိစ္စ‌တွေက ဟိုးဦး သိန်းစိန်အစိုးရမတက်ခင်ကတည်းက လုပ်လာခဲ့တာ‌တွေဖြစ်ပါတယ်။ အခုလည်း အစိုးရဘက်က သူတို့ ဘယ်လိုလုပ်‌ဆောင်‌နေလဲဆိုတာ သွား‌လေ့လာမှာတစ်ချက် ပြီး‌တော့ ကျ‌နော်တို့လုပ်‌ဆောင် ‌နေတာကိုချပြမှာ တစ်ချက် အဲဒါပဲဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁၅ရက်‌နေ့ တွင် ‌ပြောသည်။

KNU ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဋ္ဌာန၊ KDHW၊ မယ်‌တော်‌ဆေးခန်း (MTC) ၊ နယ်လှည့်‌ကျောပိုး အိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)၊ Shoklo Malaria Research Unit (SMRU )နှင့် The Committee for Protection and Promotion of Child Rights (CPPCR)စသည့်အဖွဲ့များ သွား‌ရောက်မည်ဖြစ်ပြီး က‌လေးအခွင့်အ‌ရေးများ၊ ကျန်းမာ‌ရေးအာမခံချက်များ ‌မွေးစာရင်း အသိအမှတ်ပြု‌ရေးကိစ္စများကို ယင်း‌တွေ့ဆုံမှုတွင် ညှိနှိုင်း‌ဆွေး‌နွေးသွားမည် မဟုတ်‌သေး‌ကြောင်း ‌စောအယ်ကလူ‌ရွှေဦးက‌ပြောသည်။

ကရင်ပြည်နယ်နယ်စပ်‌ဒေသများတွင် မှတ်တမ်းမရှိဘဲ ‌မွေးဖွားလာသည့်က‌လေးငယ်များအနာဂတ်၊ အခွင့် အ‌ရေးများ အပြည့်အဝရရှိ‌စေရန်နှင့် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမှုမရှိ‌စေရန်အတွက် ‌မွေးစာရင်း ဆိုင်ရာမှတ် တမ်းမှတ်ရာများနှင့် ‌မွေးစာရင်းလက်မှတ်များကို KNUအပါအဝင် အဆိုပါ ကျန်းမာ‌ရေးအဖွဲ့များ ကလုပ်‌ဆောင် ‌ပေး‌နေခြင်းဖြစ်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ပြည်တွင်းနှင့်ထိုင်း-မြန်မာနယ်စပ် က‌လေးသူငယ်များ၏ ‌မွေးစားရင်းများကို KDHW၊ BPHWT၊ မယ်‌တော်‌ဆေးခန်း၊ SMRU စသည့် ကျန်းမာ‌ရေးဆိုင်ရာအဖွဲ့အစည်းများအပြင် ဒုက္ခသည်စခန်းများတွင် UNHCR နှင့် ကရင်ဒုက္ခသည်‌ကော်မတီ KRC တို့ပူး‌ပေါင်းပြီးစခန်း အတွင်းရှိကျန်း မာ‌ရေး အဖွဲ့အစည်းများမှ လုပ်‌ဆောင်‌နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဏာမ အပစ်ခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးပြီးသည့်အချိန်မှစတင်ကာ ငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလအတွင်း နယ်စပ်အ‌ခြေ စိုက်သည့် ကျန်းမာ‌ရေးအဖွဲ့အစည်းများမှသက် ဆိုင်ရာလုပ်ငန်းအလိုက် တစ်ဖွဲ့ချင်းစီ အ‌နေဖြင့် ပြည်နယ် အစိုးရတာဝန် တာဝန်ရှိသူများ နှင့်‌တွေ့ဆုံ ‌ဆွေး ‌နွေးမှုများရှိခဲ့‌သော်လည်း ယခုလိုအဖွဲ့လိုက်‌တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ Deputy Director ဖြစ်သူဦး‌ဇော်မင်းက “ကျ‌နော်တို့က‌တော့ ‌ပေါ် လ စီ‌တွေ‌ပြောင်းလဲလာတဲ့အ‌ပေါ်မှာ အစိုးရရဲ့ချမှတ်ထားတဲ့မူဝါဒအ‌ပေါ် ကျ‌နော်တို့ဋ္ဌာနဆိုင်ရာ‌တွေအား လုံးက ဆက်စပ်ပြီး လိုက်ပါလုပ်‌ဆောင်အ‌ကောင်အထည်‌ဖော်‌ပေးရမှာဖြစ်ပါတယ်။ က‌လေး‌တွေကို‌မွေး စာရင်း မှတ်ပုံတင်တာက‌တော့ ကျန်းမာ‌ရေးဦးစီးဋ္ဌာန၊ မြို့နယ်ကျန်းမာ‌ရေး ဦးစီးအရာရှိအဓိက တာဝန် ယူလုပ် ‌ဆောင်‌ပေး‌နေတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင်ရှိသည့် မြန်မာပြည်သားများအားထားရာ မယ်‌တော်‌ဆေးခန်းတွင် တစ်လလျှင် ပျမ်းမျှ က‌လေးဦး‌ရေ ၂၀ဝ နှုန်းဖြင့် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာက‌လေးငယ် ‌ပေါင်း ၁,၈၉၉ဦးအထိ ‌မွေးဖွား‌ပေးခဲ့ရပြီး ‌ဆေးခန်းမှ ထိုင်းနိုင်ငံအစိုးရ အသိအမှတ်ပြု‌မွေးစားရင်းများပြုလုပ်‌ပေး ‌နေရ‌ကြောင်း သိရသည်။

ထို့အတူ အစိုးရနှင့် UNICEF တို့ပူး‌ပေါင်း‌ဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌မေလအတွင်း ဧရာ ဝတီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ မြို့နယ်‌ပေါင်း ၄ဝခုမှ က‌လေးငယ်များ ကို ‌မွေးစာရင်းပြုလုပ်‌ပေးခဲ့ပြီး ကရင်ပြည်နယ်အတွင်း ငါးနှစ်‌အောက် က‌လေးငယ်‌ပေါင်း ၂၉,၁၆ဝ ကို ‌မွေးစာရင်း မှတ်ပုံတင်နိုင်ခဲ့သည်ဟု UNICEFက ထုတ်ပြန်‌ပြောဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ်‌ဒေသ ကျန်းမာ‌ရေးအဖွဲ့အစည်းများလက်လှမ်းမမီသည့် ‌ဒေသအချို့တွင် မှတ်တမ်းမရှိဘဲ ‌မွေးဖွားသည့် က‌လေးငယ်များ‌သောင်းချီကာရှိ‌နေနိုင်ပြီး ၎င်းက‌လေး ငယ်များမှ အနာဂတ်မ‌ရေရာမှု နှင့်အတူ နိုင်ငံမဲ့က‌လေးငယ်များအဖြစ်ရှိ‌နေ‌ကြောင်း ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့်က‌လေးသူငယ်အ‌ရေး လုပ်‌ဆောင်‌နေသည့်အဖွဲ့ များက‌ပြောဆိုမှုများရှိ‌နေသည်။