Home သတင်း ဒုက္ခသည်နှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသား (၅၀)ဦး အ‌မေရိကန်၏ အွန်လိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်ရမည်

ဒုက္ခသည်နှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသား (၅၀)ဦး အ‌မေရိကန်၏ အွန်လိုင်းတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်ရမည်

1763

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အ‌မေရိကန်နိုင်ငံမှ ဖွင့်လှစ်ထားသည့် University of The People (UoP)အွန်လိုင်းတက္ကသိုလ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းများနှင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ/‌ကျောင်းသား စုစု‌ပေါင်း (၅၀)ဦးအား ပညာသင်ဆု‌ပေးသွားရန် နို်ဝင်ဘာလ ၂၃ ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း‌ဟောင်းတွင် မိတ်ဆက်ရှင်းလင်းသွားခဲ့သည်။

အဆင့်မြင့်ပညာ‌ရေးစနစ်ကို သွား‌ရောက်ပညာ ဆက်လက်သင်ကြားနိုင်ရန် လက်လှမ်းမမီနိုင်သည့် မြန်မာဒုက္ခသည်စခန်း (၉)ခု နှင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသား‌ကျောင်းသူများအတွက် ပညာ‌ရေးလက်လှမ်းမီနိုင်ရန် ရည်ရွယ်၍ UoP အွန်လိုင်းတက္ကသိုလ် ဥက္ကဋ္ဌ Mr. Shai Reshef ကိုယ်တိုင် လာ‌ရောက်‌ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ထိုုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားပညာ‌ရေးနှင့် ‌ရွှေ့‌ပြောင်းလူထုပညာ‌ရေး အကြံ‌ပေးပုုဂ္ဂိုလ် ‌ဒေါက်တာသိန်းနိုင်က “‌ရွှေ့ ‌ပြောင်းနဲ့ ဒုက္ခသည်‌တွေမှာ အရည်အ‌သွေးမြင့်တဲ့ ဒီနိုင်ငံတကာ ပညာ‌ရေးနဲ့ ဆက်စပ်ဖို့ အခက်အခဲ‌တွေ အများကြီးရှိ‌နေတယ်။ က‌လေး‌တွေရဲ့‌ရှေ့ဆက် ပညာ‌ရေးအတွက် သွား‌ရောက်ပြီး ပညာသင်ကြားဖို့အ‌ရေအတွက်က အရမ်းနည်းတဲ့အခါကျ‌တော့ ဒီလို ပညာသင်ဆု ပုံစံမျိုးကို ကိုယ့်‌ဒေသ၊ ကိုယ့်‌နေရာမှာ လုပ်ကိုင်‌နေထိုင်ရင်းနဲ့ အရည်အ‌သွေးမြင့်တဲ့ ပညာ‌ရေးရနိုင်ဖို့ အခွင့်အလမ်း ‌ကောင်း‌တွေကို သူတို့နဲ့‌ဆွေး‌နွေးရင်း ဒီအစီအစဉ်ဖြစ်လာတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ကရင်၊ ကရင်နီဒုက္ခသည်စခန်းနှင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အထက်တန်းပညာ‌ရေးကို ‌အောင်မြင်ထားသည့် ‌ကျောင်း‌အောင်လက်မှတ်များကို အသိအမှတ်ပြုရန်နှင့် ဝင်ခွင့်ရရန်အတွက် ‌ဆွေး‌နွေးခဲ့ပြီး ‌ကျောင်းသူ/‌ကျောင်းသား(၅၀)ဦးကို ပညာ‌တော်သင်ဆု (Scholarship)‌ပေးရန်အတွက် စီစဉ်‌နေခြင်းဖြစ်သည်ဟုလည်း ‌ဒေါက်တာသိန်းနိုင်က ဆက်‌ပြောသည်။

အဆိုပါ အွန်လိုင်းတက္ကသိုလ်ကို နိုင်ငံတစ်နိုင်ငံ၏ အထက်တန်း‌အောင်မြင်ထားသည့် မည်သည့်‌ကျောင်းသူ/‌ကျောင်းသားမဆို တက်ခွင့်ရမည်ဖြစ်ပြီး MBA မာစတာဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကျန်းမာ‌ရေးသိပ္ပံဘွဲ့နှင့် စီးပွား‌ရေးစီမံခန့်ခွဲမှုသိပ္ပံဘွဲ့များကို သင် ကြားခွင့်ရရှိမည်ဟု သိရသည်။

လက်ရှိ ထို‌ကျောင်းတွင် စီးပွား‌ရေးစီမံခန့်ခွဲမှု ဘာသာရပ်ကို တက်‌ရောက်သင်ကြား‌နေသူ ဒင်ဂိုက “ဒီ‌ကျောင်းက လွတ်လွတ် လပ်လပ်ပဲ။ ဘာမှ အတားအဆီးမရှိဘူး။ နိုင်ငံတကာမှာလည်း ဒုက္ခသည်‌တွေအများကြီးပဲ။ ‌ကျောင်းကို ဆက်မတက်နိုင်‌တော့တဲ့ သူ‌တွေအတွက် ‌ကျောင်းကိုဆက်တက်ရမယ့် ဘွဲ့တစ်ခုရရမယ်။ အ‌ခြေအ‌နေအ‌ကြောင်း တစ်ခုခု‌ကြောင့်‌ပေါ့‌နော်။ မတက်နိုင်သူ ‌တွေအတွက် ကျ‌နော်တို့အ‌နေနဲ့ တအားကိုက်တာ‌ပေါ့”ဟု ‌ပြောသည်။

အ‌မေရိကန်နိုင်ငံ အစိုးရနှင့် အ‌မေရိကန်ပညာ‌ရေး အသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခံထားရသည့် University of The People တက္ကသိုလ်ကို Mr. Shai Reshef က ၂၀၀၉ခုနှစ်တွင် တည်‌ထောင်ခဲ့ပြီး အ‌မေရိကန်ပြည်‌ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တွင် ရုံးချုပ်အ‌ခြေစိုက်ထားကာ နိုင်ငံတကာရှိ ‌ကျောင်းသား/‌ကျောင်းသူ ‌ပေါင်းများစွာ တက်‌ရောက် ပညာသင်ကြား‌နေသည့် ‌ကျောင်းတစ်‌ကျောင်းဖြစ်သည်ဟု သိရသည်။