Home သတင်း တိုင်းရင်းသူ အမျိုးသမီးများပါဝင်သည့် ကျား၊ မတန်းတူ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပပြီးစီး

တိုင်းရင်းသူ အမျိုးသမီးများပါဝင်သည့် ကျား၊ မတန်းတူ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပပြီးစီး

1434

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နယ်ပယ်စုံ တိုင်းရင်းသူ အမျိုးသမီးများ ပါဝင်သည့် ကျား၊ မတန်းတူ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ တစ်ခုကို ကရင် ပြည်နယ်၊ ဖားအံမြို့၊ GABANA ဟိုတယ်၌ အရုဏ်ဦး လူမှုဖွံ့ဖြိုး‌ရေးအသင်းက ဦး‌ဆောင်ကာ နိုဝင်ဘာ ၁ဝ မှ ၁၁ ရက်ထိ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို အဖွဲ့အစည်းအသီးသီးတွင် ဦး‌ဆောင်မှုကဏ္ဍတို့၌ အမျိုးသမီးများ ‌နေရာယူ တတ်ရန်နှင့် ဦး‌ဆောင်မှုစွမ်းရည် မြင့်မားလာ‌စေ‌ရေးအတွက် တွန်းအား‌ပေးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲဦး‌ဆောင်စီစဉ်သူ အရုဏ်ဦး လူမှုဖွံ့ဖြိုး‌ရေးအသင်းမှ ဒါရိုက်တာ ကျင့်ခန့်လျန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ အဖွဲ့အစည်းထဲမှာ အားမငယ် ဘဲ၊ ‌ဖောက်ထွက်‌နေရာယူတတ်ပြီး ဦး‌ဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်လာဖို့ တွန်းအား‌ပေးတဲ့အ‌နေနဲ့ ရည်ရွယ် ထားတယ်။ ပြီး‌တော့ဒီမှာရှိတဲ့ အဖွဲ့အစည်းထဲက အမျိုးသမီး‌တွေလည်း ကျား၊ မတန်းတူ အခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ အခက်အခဲ ရှိ‌နေ‌သေးတယ်ဆိုတာကို လည်း‌တွေ့ရပါတယ်” ဟု ‌ပြောသည်။

နှစ်ရက်ကြာပြုလုပ်သည့် အလုပ်ရုံ ‌ဆွေး‌နွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်-ထားဝယ် ခရိုင်မှ အမျိုးသမီးများ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ KNU/KNLA-PC၊ မွန်အမျိုးသမီးပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီတို့မှ အမျိုးသမီးများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးများ အပါအဝင် စုစု‌ပေါင်း ၄၅ဦးတက်‌ရောက် ‌ဆွေး‌နွေးခဲ့သည်။

၎င်းအပြင် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပထမရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် တက်‌ရောက် အမှာ စကား‌ပြောဆိုခဲ့ပြီး လက်ရှိနိုင်ငံ‌ရေးနယ်ပယ်တွင် အမျိုးသမီးများ ပါဝင်မှု အားနည်း‌နေ‌သေးလို ယခုပါဝင် လှုပ်ရှားရန် အခွင့်အလမ်းများရှိ‌နေပြီးဖြစ်သည့်အတွက် အမျိုးသားများနှင့် ရင်‌ဘောင်တန်းနိုင်‌အောင်ကြိုးစား ကြရန် တိုက်တွန်း ‌ပြောဆိုသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ကရင်လူ့အခွင်အ‌ရေးအဖွဲ့ (KHRG)မှ ‌နောဗစ်ထိုးရီးယားက “အလုပ်ရုံ ‌ဆွေး‌နွေးပွဲမှာဆိုရင် အမျိုးသမီး‌တွေ စွမ်း‌ဆောင်ရည်မြင့်‌ပေးဖို့၊ တက်‌ရောက်တဲ့ ပညာရှင်‌တွေ ဆိုရင် သူတို့က ငြိမ်းချမ်း‌ရေးရ ရှိ‌အောင် အမျိုးသမီး‌တွေက ဘယ်လိုပါဝင်မလဲ၊ လာနှှိုင်းယှဉ်ပြီး ‌ပြောပြတယ်။ အမျိုးသားနဲ့ ရင်‌ဘောင် တန်းနိုင်‌အောင် ဘယ်လိုမြင့်တင်ရမလဲ၊ အဖွဲ့အစည်းထဲမှာ ဘယ်လိုပြန် အသုံးချမလဲ၊ အဲဒါ‌တွေကို ‌ဆွေး‌နွေး‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို အလုပ်‌ဆွေး‌နွေးပွဲကို ရန်ကုန်မြို့အ‌ခြေစိုက် အရုဏ်ဦး လူမှုဖွံ့ဖြိုး‌ရေးအသင်းနှင့် ပြည်နယ်အ‌ခြေစိုက် ‌ကော်လား‌ဖောင်‌ဒေးရှင်းတို့ ပူး‌ပေါင်းပြုလုပ်ခြင်းဖြစ်ကာ အလားတူ ပြည်နယ်အတွင်းနှင့် နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများအ‌နေဖြင့်လည်း ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုတွင် အမျိုးသမီးများ ပါဝင်လာနိုင်‌ရေး၊ ကျား၊ မ တန်းတူ‌ရေးကိစ္စ ရပ်များအ‌ပေါ် အသိပညာ‌ပေးခြင်းနှင့် စည်းရုံးလှုံ့‌ဆော်ခြင်းများ မကြာခဏ ပြုလုပ်လျှက် ရှိ‌ကြောင်း သိရသည်။