Home သတင်း စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် လူငယ်များ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပြုလုပ်

စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် လူငယ်များ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပြုလုပ်

2548

နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ၏ စိတ်ကူးဖြင့် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် လူငယ်များ စွန့်ဦးတီထွင်မှု ပြိုင် ပွဲအစီအစဉ်တစ်ခုကို ကရင်ပြည်နယ်ရှိ စွန့်ဦးတီထွင်မှု လူငယ်အဖွဲ့မှ ဦးစီး၍ နိုဝင်ဘာလ ၁၉ရက်(ယမန်‌နေ့)က ဖားအံမြို့၊ ကန် သာဦးခန်းမ‌ဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများမှတဆင့် ပြန်လည်အသုံးပြုနိုင်မည့် ပစ္စည်းများကို တီထွင်ဖန်တီးသည့် စိတ်ကူးစိတ်သန်းရှိလာ‌စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်ဟု ပြိုင်ပွဲကျင်းပသူ စ’ရှိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“စွန့်ပစ်ပစ္စည်း‌တွေ စနစ်တကျ စွန့်ပစ်မှုမရှိရင် တကယ်ပဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတာ မီး‌မောင်းထိုးပြချင်တာ ရယ်။ လူငယ်‌တွေက ဒီစွန့်ပစ်ပစ္စည်း‌တွေကို တီထွင်ဖန်တီးပြီး‌တော့ ဘယ်လိုပြန်လည် အသုံးပြုနိုင်မလဲဆိုတာ အသိ‌ပေး‌စေချင် တာရယ်‌ကြောင့် ဒီပွဲကို အခုလို ပြိုင်ပွဲ‌တွေနဲ့ ကျင်းပရခြင်းပဲ ဖြစ်တယ်”ဟု စ’ရှိုင်းက ‌ပြောသည်။

ပြိုင်ပွဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် လူငယ်များ၏ ကိုယ်ပိုင်စိတ်ကူးနှင့် ပြုလုပ်ဖန်တီးထားသည့် ပစ္စည်းများကို အိမ်အလှဆင်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ ပါဝင်‌သော ပစ္စည်းများ၏ ဖန်တီးပုံအဆင့်ဆင့်နှင့် အသုံးပြုပုံကို ပြိုင်ပွဲဝင်ကြသည့် လူငယ်အဖွဲ့ ၂ဝ ‌ကျော်နှင့် တသီးပုဂ္ဂလပြိုင်ပွဲဝင်သူတို့က အဖွဲ့လိုက်၊ တစ်ဦးချင်းအလိုက်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြိုင်ပွဲဝင် ဖလုံပညာဖွံ့ဖြိုးတိုးတက်‌ရေးအသင်း PEDU လူငယ်အဖွဲ့မှ ‌စောသိန်း‌ဇော်‌ဌေးက “ကျ‌နော်တို့အဖွဲ့က အသုံးပြုလို့ မရ ‌တော့တဲ့ စွန့်ပစ်ကားတာယာ‌တွေကို လိုက်စုတယ်။ ‌နောက် လူထိုင်တဲ့ ကုလားထိုင်‌တွေ စားပွဲခုံ‌တွေကို ပြန်လည်ပြုလုပ်‌ပေး တယ်။ အသုံးပြုလို့လည်း ရတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်”ဟု ‌ပြောသည်။

ထိုပြိုင်ပွဲအစီအစဉ်သို့ ကရင်ပြည်နယ်မှ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ ရန်ကုန်မှ စီးပွား‌ရေးပညာရှင်များ၊ ‌ကျောင်းသူ/‌ကျောင်းသား များနှင့် ဆရာ/ဆရာမများနှင့် ‌ဒေသခံလူငယ်များ တက်‌ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်၊ စွန့်ဦးတီထွင်မှု လူငယ်ကွန်ယက်အဖွဲ့ကို ‌ဒေသခံလူငယ် ၂ဝဦးဖြင့် ၂၀၁၆ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ လူမှု‌ရေးအဖွဲ့နှင့်စီးပွား‌ရေးလုပ်ငန်းတွင် လုပ်ကိုင်‌နေကြသည့် လူငယ်တို့ဖြင့် စု‌ပေါင်းဖွဲ့စည်းထားသည်။