Home တွေ့ဆုံမေးမြန်းခန်း ကရင်လူငယ်အဆို‌တော် ‌နော်ထီးမူး‌ဖောနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်လူငယ်အဆို‌တော် ‌နော်ထီးမူး‌ဖောနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

3065

“ကရင်‌တွေထဲမှာသွားပြီး မြန်မာသီချင်းကို ဆို‌စေချင်တာက ကရင်သီချင်း‌တွေ ‌ပျောက်သွားမှာကို စိုးရိမ်တယ်။”

‌ကေအိုင်စီ။ ။ ပထမဦးဆုံး ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်‌ပေးပါ။
ထီးမူး‌ဖော။ ။ ကျမနာမည်က ထီးမူး‌ဖောပါ။ ဇာတိက ဘိတ်(တနသင်္ာရီတိုင်း‌ဒေသကြီး)မှာ ဖြစ်ပါတယ်။ အသက် (၂၉)နှစ် ရှိပါပြီ။ ကျမတို့ရဲ့မိဘ‌တွေက အခု ရန်ကုန်၊ ‌မှော်ဘီမှာ ‌နေပါတယ်။ ကျမက ‌မွေးချင်း(၄)‌ယောက်ရှိတယ်။ ပညာ‌ရေးနဲ့ပတ်သက်ပြီး‌တော့ ၂၀၀၇ခုနှစ်မှာ ကျမက E. Major (အဂင်္လိပ်စာ အထူးပြုဘာသာရပ်) နဲ့ ‌ကျောင်းပြီးပါတယ်။ ၂၀၁ဝခုနှစ်မှာ Computer Science နဲ့ ဆိုင်တဲ့ ဘွဲ့အသစ်တစ်ခု ရရှိခဲ့တယ်။

‌ကေအိုင်စီ။ ။ အနုပညာ နယ်ပယ်တွင်း စတင် ဝင်‌ရောက်လာရတဲ့ အ‌ကြောင်းရင်း‌လေး ဦးစွာ ‌ပြောပြ‌ပေးပါ။
ထီးမူး‌ဖော။ ။ ကျမရဲ့ ဝါသနာက ဟိုးငယ်ငယ်‌လေးကတည်းကစပြီး သီချင်း‌တွေ အရမ်းဆိုလို့‌ပျော်တယ်။ ဒါ‌ပေမဲ့ ကျမရဲ့မိဘ ‌တွေက အဆိုမှာ သိပ်ပြီးအားမ‌ပေးဘူး။ ပညာ‌ရေးကဏ္ဍဘက်မှာပဲ အား‌ပေးတယ်။ ပညာ‌ရေးဘက်မှာပဲ အလုပ်ရချင်တယ်။ ဒါ‌ကြောင့်မို့ ကျမ‌ကျောင်းပြီး‌အောင် တက်ရတယ်။ အဲဒီမှာ သီချင်းမဆို‌သေးဘူး။ မြန်မာနိုင်ငံက အဆိုပြိုင်ပွဲ‌တွေမှာ ကျမ လိုက် ဝင်ပြိုင်တယ်။ အဆို‌တော်လုပ်ဖို့‌တော့ မဟုတ်ဘူး။ အဲဒီတုန်းက ပိုက်ဆံလိုချင်လို့ လိုက်ဝင်ပြိုင်တာပဲ။ ကျမ Liberal Art စတက် တာ ၂၀၁၆-၂၀၀၇ခုနှစ်မှာ သူငယ်ချင်းတစ်‌ယောက်က ထို့‌ကော်ကိုးမှာလုပ်တဲ့ ကရင်နှစ်သစ်ကူးကိုသွားမယ်။ အဲဒီမှာ ကရင်အ ဆို‌တော် မိန်းက‌လေးတစ်‌ယောက်မှ မပါဘူး။ သူက ကျမကို‌ခေါ်တယ်။ အဲဒီတုန်းက ကျမက ကရင်သီချင်းနှစ်ပုဒ်ပဲ ဆိုလို့တတ် တယ်။ အဲဒီကစပြီး ကျမ သီချင်းဆိုဖြစ်လာတယ်။ သွားတာများလာ‌တော့ ၂၀၀၇မှာပဲ ကလို့-ကွယ်(‌တေးဂီတအဖွဲ့)နဲ့ ချိတ်မိသွား တယ်။ အဲဒီမှာ သီချင်းဆိုဖြစ်လာတာပါ။

‌ကေအိုင်စီ။ ။ အဆို‌တော်တစ်ဦးဖြစ်လာပြီး‌နောက် သီချင်းစီးရီး‌တွေ ထုတ်လုပ်မှု‌တွေအ‌ကြောင်း ရှင်းပြ‌ပေးပါ။
ထီးမူး‌ဖော။ ။ စီးရီးနဲ့ ပတ်သက်ပြီး‌တော့ KBTS(ဓမ္မ‌ကျောင်း) ထုတ်တဲ့အ‌ခွေ‌တွေ တစ်နှစ်ကိုတစ်‌ခွေမှာ ကျမက နှစ်‌ခွေ မီလိုက် တယ်။ အဲဒီတုန်းက ကျမ ပါဝင်သီဆိုဖြစ်တယ်။ ‌ကျောင်းသူ‌ကျောင်းသား‌တွေနဲ့ အပြင်က အဆို‌တော်‌တွေ‌ပေါ့‌နော်။ အဲဒီတုန်းက ကျမက ‌ကျောင်းသူ‌ကျောင်းသား‌တွေရဲ့ ကိုယ်စား‌ပေါ့‌နော်။ အဲဒီမှာ VCD ‌တွေ ရိုက်ဖြစ်တယ်။ ကျမအတွက်က‌တော့ ပထမဆုံး အကြိမ်ပဲ‌ပေါ့။ ၂၀၀၉မှ ကျမက ‌ခွေနဲ့ သီဆိုဖြစ်တယ်။ ကျမရဲ့ ကိုယ်ပိုင်အယ်လ်ဘမ်(Album) ကို ၂၀၁၃မှာ ထုတ်ဖြစ်တယ်။ ဓမ္မ ‌တေးပါပဲ။ ဒါ‌ပေမဲ့ ‌နောက်ပိုင်းမှာ ကျမတို့က နှစ်သစ်ကူးလို၊ ‌တော်လှန်‌ရေး‌နေ့‌တွေလို၊ ကရင့်အာဇာနည်‌နေ့လို ‌နေ့မျိုး‌တွေမှာ သီချင်းလိုက်ဆိုရင်း အမျိုးသား‌ရေးသီချင်းနဲ့ အချစ်သီချင်း‌တွေကို ပိုများလာ‌အောင် ရှာ‌ဖွေရင်းနဲ့ ဒုတိယ‌ခွေဖြစ်တဲ့ Secret (လျှို့ ဝှက်ချက်)ဆိုတဲ့‌ခေါင်းစဉ်နဲ့ ဒုတိယ‌ခွေကို ထုတ်ဖြစ်တယ်။ သူများ‌တွေနဲ့ အဖွဲ့လိုက်ဆိုတာ‌တွေက‌တော့ ‌တော်‌တော်‌လေးရှိတယ်။ တစ်ကိုယ်‌တော်က‌တော့ နှစ်‌ခွေပဲ ရှိပါတယ်။

‌ကေအိုင်စီ။ ။ ဘယ်လိုအ‌ကြောင်းအရာနဲ့ ပတ်သက်တဲ့ သီချင်း‌တွေကို သီဆိုဖြစ်ခဲ့သလဲ။
ထီးမူ‌ဖော။ ။ ကျမ အများဆုံးဆိုဖြစ်တာက‌တော့ ဓမ္မသီချင်းပဲ။ ဒါ‌ပေမဲ့ ဒုတိယထွက်တဲ့‌ခွေမှာ အချစ်သီချင်းနဲ့ အမျိုးသား‌ရေးသီ ချင်း‌တွေ ပါတယ်။ အများဆုံးက‌တော့ ဘာသာ‌ရေး(ဓမ္မ‌တေး)သီချင်း‌တွေပါပဲ။

‌ကေအိုင်စီ။ ။ ပရိဿတ်က ‌ထောက်ခံအား‌ပေးတဲ့ အ‌အောင်မြင်ဆုံးသီချင်း‌ခွေနဲ့ သူတို့ အကြိုက်ဆုံးသီချင်းက ဘာ‌တွေပါလဲ။
ထီးမူး‌ဖော။ ။ ၂၀၁၃ကထွက်တဲ့ ‌ခွေက ဘာသာ‌ရေး ‌တေးသီချင်းဖြစ်တယ်။ ခရစ်ယာန်မဟုတ်တဲ့ ကရင်‌တွေက သိပ်မသိဘူး‌ပေါ့ ‌နော်။ အဲဒီ‌ခွေထဲက တမွီဖိုး(ဧည့်သည်‌လေး) သီချင်းကို‌တော့ လူသိတာများတယ်။ ‌နောက်တစ်‌ခွေက လျှို့ဝှက်ချက်(Secret)။ အဲဒါကလည်း လူသိများတယ်။ ဆိုကြတာများတယ်။ ဟို အရင်တုန်းက ‘See you’ သီချင်း ဆိုတာလည်း လူသိများကြတယ်။ အဲဒီသီချင်းသိ‌ပေမယ့် ကျမဆိုထားတာကို‌တော့ မသိကြ‌သေးဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ KBTS ‌ကျောင်းသူ‌ကျောင်းသား‌တွေ အ‌နေနဲ့ပဲ နာမည်ထည့်ထားတာ။

‌ကေအိုင်စီ။ ။ အနုပညာလုပ်ငန်းအပြင် အခြားဘာအလုပ်‌တွေပါ တွဲဖက် ‌ဆောင်ရွက်‌နေတာများ ရှိသလဲ။
ထီးမူး‌ဖော။ ။ သီချင်းဆိုတာပါပဲ။ ဖိတ်‌ခေါ်တာ‌တွေရှိရင် သွားတယ်။ ကျမတို့က ခရစ်ယာန်ဖြစ်တဲ့အတွက် အများအားဖြင့် ဘာသာ‌ရေးနဲ့ သွားလာတာ‌တွေ များတယ်။

‌ကေအိုင်စီ။ ။ ကရင်အမျိုးသမီး လူငယ်တစ်ဦးအ‌နေနဲ့ အနုပညာနယ်ပယ်ထဲ ဝင်‌ရောက်လာရာမှာ ကြုံ‌တွေ့ရတဲ့အခက်အခဲ‌တွေနဲ့ ဖြတ်သန်းမှု‌တွေကို ဖလှယ်‌ပေးပါလား။
ထီးမူး‌ဖော။ ။ အခက်အခဲက ကျမအတွက် မရှိသလိုပဲ။ အဲဒါက ဝါသနာ‌ကြောင့်လည်း ပါလိမ့်မယ်။ ဝါသနာပါ‌တော့ အခက်အခဲ နည်းနည်းပါးပါး ရှိတာကို သတိမထား၊ ဂရုမစိုက်မိဘူးလို့ထင်တယ်။ အခက်အခဲကြီးကြီးမားမားက‌တော့ မရှိဘူး။ ကျမ သီချင်း စဆိုတုန်းက‌တော့ အိမ်က သွားတာလာတာ မကြိုက်ဘူးဆို‌တော့ နည်းနည်း‌လေး ‌ပြောရတာ‌ပေါ့။ ‌နောက်ပိုင်း သွားတာများလာ ‌တော့ လူသိများလာတယ်။ ‌နောက်ဆုံးကျ‌တော့ မိဘ‌တွေကလည်း ခွင့်ပြုလိုက်တာပဲ။
dsc06959
‌ကေအိုင်စီ။ ။ ကရင်အဆို‌တော်တစ်ဦးအ‌နေနဲ့ ကိုယ့်ရဲ့ အမျိုးသား‌ရေးခံယူချက်က ဘယ်လိုမျိုးရှိပါသလဲ။
ထီးမူး‌ဖော။ ။ ဒါက‌တော့ ကျမကိုယ်ကျမပဲ ပြန်‌ပြောမယ်‌နော်။ ကျမဟာ အရင်တုန်းက ကရင်စကားမတတ်ဘူး။ ကရင်လို ‌မေး မယ်ဆိုရင် ကျမနားလည်တယ်။ ပြန်‌ပြောလို့မတတ်ဘူး။ ဒါ‌ပေမဲ့ ပထမဆုံးသွားရတာက ကရင်စကား‌တွေ‌ပြောတဲ့ ကရင်‌တွေ လက်နက်ကိုင်ထားတာကို ကျမ တခါမှ မမြင်ဖူးဘူး။ အဲဒီတုန်းက‌ပေါ့‌နော်။ အဲဒီမှာ ပထမဆုံး သီချင်းဆိုရတယ်။ အဲဒီမှာ ကျမ စိတ်ထဲမှာ ကျမ ကရင်‌တွေထဲမှာ ဒါ‌တွေလည်း ရှိတယ်‌ကော ဆိုတာမျိုး‌ပေါ့‌နော်။ အဲဒီမှာ ပထမဆုံးအ‌နေနဲ့ ကျမ သီချင်းနှစ်ပုဒ် တည်းပဲ ဆိုဖြစ်တယ်။ ကျမကိုယ်ကျမ ကရင်ဖြစ်ပြီး‌တော့ ကရင်စကားမတတ်ဘူး‌ပေါ့‌နော်။ ‌နောက်ပိုင်း ကိုယ့်ကိုယ်ကို ‌လေ့ကျင့် တယ်။ သွားလာရင်း၊ ‌လေ့ကျင်းရင်းနဲ့ပဲ ကျမကို မြန်မာသီချင်းဆိုခိုင်းတာ‌တောင် မဆိုချင်‌တော့ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ မြန် မာသီချင်းကို လူတိုင်းဆိုတတ်တယ်။ မြန်မာသီချင်း‌ခွေထုတ်မလားလို့‌မေးရင် ကျမ မလုပ်ပါဘူး။ ကျမ ကရင်သီချင်းပဲ ဆိုပါမယ်။

‌ကေအိုင်စီ။ ။ အမျိုးသမီးလူငယ်အ‌နေနဲ့ ကိုယ့်ရဲ့အနာဂတ်ကို ဘယ်လိုဖန်တီးတည်‌ဆောက်သွားချင်ပါသလဲ။
ထီးမူး‌ဖော။ ။ ကျမ သီချင်းဆိုဦးမယ်။ ကျမ ကိုယ့်လူမျိုး‌တွေကြားထဲမှာ သွားချင်‌သေးတယ်။ ဟိုး ‌တောင်‌ပေါ်‌ဒေသ‌တွေက ကရင်‌တွေ အများကြီး ရှိတဲ့‌နေရာကို ‌ရောက်ဖူးပြီ။ အဲဒီလို‌နေရာမျိုး‌တွေကို သွားချင်တယ်။ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ဘာသာ‌ရေး ကိစ္စပဲဖြစ်ဖြစ် ‌လော‌လောဆယ် ကျမ ဒီလိုပဲ လုပ်‌နေဦးမှာပဲ။ Future Plan က‌တော့ သီချင်းဆက်လက် ဆိုဖြစ်ဦးမှာပါ။ ‌နောက် ထပ်ထုတ်မယ့်အ‌ခွေမှာ အမျိုးသား‌ရေးနဲ့ ပတ်သက်တဲ့သီချင်း‌တွေပဲ ပါမယ်။ ဘာ‌ကြောင့် အမျိုးသား‌ရေးသီချင်း‌တွေကို ဆိုရသ လဲဆို‌တော့ ကျမကိုယ်ကျမ မသိဘူး။ အဲဒါ‌တွေကိုပဲ ဆိုချင်တယ်။ ကျမ အစ်ကိုတစ်‌ယောက်နဲ့ ‌ပြောထားတယ်။ အစ်ကိုအချိုင်း ‌ပေါ့‌နော်။ ကျမတို့ Model Rock လုပ်မယ်။ ကရင်‌တွေအထဲမှာ မိန်းက‌လေး Model Rock မရှိ‌သေးဘူး။ ကျမက Rock ကို ဝါသ နာပါတယ်။ ကျမတို့ ပိုက်ဆံစုလို့ရရင် Model Rock စုံတွဲသီချင်းဆိုမယ်။

‌ကေအိုင်စီ။ ။ ‌နောက်ဆုံးအ‌နေနဲ့ ‌ကေအိုင်စီက‌နေတဆင့် ထီးမူ‌ဖောကို အား‌ပေး‌နေတဲ့ ပရိဿတ်‌တွေကို ဘာ‌တွေများ ‌ပြောဆိုချင် တာ ရှိပါသလဲ။
ထီးမူး‌ဖော။ ။ ကျမတို့ သွားတဲ့အထဲမှာ အများအားဖြင့် မြစ်ဝကျွန်း‌ပေါ်ဘက်က မြန်မာလို သီချင်း‌တွေကို ‌တောင်းဆိုတာများ တယ်။ မြန်မာလို ကျမတို့ မဆိုတတ်တာ မဟုတ်ဘူး။ ဆိုတတ်ပါတယ်။ ဒါ‌ပေမဲ့ ကျမတို့က ကရင်လို ပြန်သင်ယူ‌လေ့လာတာကို လိုချင်တယ်။ ကရင်‌တွေကို အား‌ပေးချင်တာ‌တွေလည်း ပါတယ်။ ကရင်‌တွေထဲမှာသွားပြီး မြန်မာသီချင်းကို ဆို‌စေချင်တာက ကရင်သီချင်း‌တွေ ‌ပျောက်သွားမှာကို စိုးရိမ်တယ်။ ကရင်သီချင်း‌တွေကို ပိုပြီး အား‌ပေး‌စေချင်တယ်။