Home သတင်း ကရင်လူငယ်များ မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ စတင်ဖွဲ့စည်း

ကရင်လူငယ်များ မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ စတင်ဖွဲ့စည်း

2220

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် နိုဝင်ဘာလ (၂၇)ရက်‌နေ့က ကျင်းပသည့် (၆)ကြိမ်‌မြောက် မြို့နယ်အဆင့် ကရင်လူငယ်အစည်းအရုံး(KYO) ညီလာခံတွင် လူငယ်မူးယစ် ‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ကို စတင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

လက်ရှိ ဝင်း‌ရေးမြို့နယ်အတွင်း ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် မူးယစ်‌ဆေးဝါးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန် ညီလာခံ တက် ‌ရောက်လာသူ လူငယ်ကိုယ်စားလှယ်များက အဆိုတင်သွင်းပြီး‌နောက် အလုပ်အမှု‌ဆောင်လူငယ် (၁၃)ဦးဖြင့် အတည်ပြု ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်ဟု အလုပ်အမှု‌ဆောင်အဖွဲ့ဝင် ‌စော‌ကော်သူး‌လေက ‌ပြောသည်။

“မူးယစ်‌ဆေးဝါး သုံးစွဲသူ လူငယ်အများစု ဖြစ်‌နေတယ်။ ကျ‌နော်တို့ လူငယ်‌တွေအချင်းချင်း လမ်းမှန် ပြန်‌ရောက်လာ‌အောင် လုပ် ရမယ်။ သူတို့‌တွေကို ပြန်လည် ဆွဲ‌ခေါ်တင်နိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းတယ်”ဟု ‌စော‌ကော်သူး‌လေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလူငယ်မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့အ‌နေဖြင့် မူးယစ်‌ဆေးဝါး ပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်းပရန်၊ မူးယစ်‌ဆေးဝါး နှင့်ပတ်သက်၍ ‌ဒေသခံများ၏ အမြင်သ‌ဘောထားများ ရယူရန်နှင့် မူးယစ်‌ဆေးဝါး သတင်းအချက်အလက်များ စု‌ဆောင်းရန် အပါအဝင် အချက် ၈ချက်ပါ လုပ်ငန်းစဉ် (၈)ချက်နှင့်အညီ မူးယစ်‌ဆေးသုံးစွဲ‌နေသည့် လူငယ်များအား အသိပညာ‌ပေးသွားမည် ဖြစ်ပြီး လိုအပ်လျှင် ‌ကျေးရွာတာဝန်ရှိသူများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက “မူးယစ်‌ဆေးဝါးတိုက်ဖျက်ရာမှာ လူငယ် ‌တွေ အခု ပါဝင်လာတာ အတိုင်းအတာတစ်ခုထိ သက်‌ရောက်မှုရှိတယ်။ အထူးသဖြင့် မူးယစ်‌ဆေးဝါး‌တွေဟာ လူငယ်‌တွေမှာ အဓိက ထိခိုက်တယ်။ ဒီလို‌ဆောင်ရွက်တဲ့‌နေရာမှာ မမြင်နိုင်တဲ့အန္တရာယ်‌တွေ ရှိနိုင်တယ်။ သတိရှိရှိနဲ့ တာဝန်ရှိလူကြီး‌တွေနဲ့ လက်တွဲ‌ဆောင်ရွက်ကြပါ”ဟု နိုဝင်ဘာလ (၂၉)ရက်၊ ယ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် ယခုနှစ် ဇူလိုင်လမှစတင်ကာ မူးယစ်‌ဆေးဝါးပ‌ပျောက်ရန် ရည်ရွယ်ပြီး KNU မှ ဖမ်းဆီးအ‌ရေးယူမှုများ အရှိန်ဟုန်မြင့်ကာ ‌ဆောင်ရွက်လျှက်ရှိရာတွင် ‌ရောင်းဝယ်၊ သုံးစွဲသူ‌ပေါင်း (၂၀၀)နီးပါး အ‌ရေးယူနိုင်ခဲ့ သည်ဟု KNU ဝင်း‌ရေးမြို့နယ် တာဝန်ရှိသူဘက်က ‌ပြောသည်။

ထို့အပြင် နိုဝင်ဘာလ (၂၇)ရက်‌နေ့က ၎င်းတို့မြို့နယ်ရုံး၌ တတိယကြိမ်‌မြောက် ဖမ်းဆီးမူးယစ်‌ဆေးဝါး အလုံး‌ရေ (၅)‌ထောင်နီး ပါး မီးရှို့ဖျက်ဆီးနိုင်ခဲ့‌သော်လည်း အ‌ရေးယူ‌ဆောင်ရွက်မှုအပိုင်း အားနည်း‌နေ‌သေးပြီး ‌ဒေသအတွင်း မူးယစ်‌ဆေးဝါး ‌ရောင်းဝယ် သုံးစွဲမှု ကျယ်ပြန့်စွာရှိ‌နေ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။