Home သတင်း ကုန်တင်ကားကြီးများ ဖြတ်သန်းသည့် ဂျိုင်းမြစ် ‌ဘောတံတား ယာယီပြင်ဆင်‌နေ

ကုန်တင်ကားကြီးများ ဖြတ်သန်းသည့် ဂျိုင်းမြစ် ‌ဘောတံတား ယာယီပြင်ဆင်‌နေ

3356

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ဖားအံ၊ ‌ကော့ကရိတ်၊ မြဝတီလမ်း‌ပေါ်ရှိ pontoon (ဂျိုင်း) တံတားအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနက ‌အောက်တိုဘာလ ၂၅ ရက်‌နေ့မှစ၍ ပြင်ဆင်မှုလုပ်ငန်းများ စတင် လုပ်‌ဆောင်‌နေသည့်အတွက် ကုန်တင်ယာဉ်များ သွားလာမှုကို အချိန်အကန့်သတ် ဖြင့်သာ သွားလာခွင့်ပြုထား‌ကြောင်း သိရသည်။

အဆိုပါတံတားပြင်ဆင်မှုမှာ ယခုအကြိမ် အပါအဝင် ၄ကြိမ်‌မြောက်ရှိပြီးဖြစ်ပြီး ပြည်နယ် လမ်းဦးစီးဌာနမှ ‌အောက်တိုဘာလ ၂၅ ရက်‌နေ့မှ နိုဝင်ဘာလ ၅ရက်‌နေ့အထိ ‌နေ့စဉ် နံနက် ၁ဝနာရီမှ ည‌နေ ၄နာရီအတွင်း ပြင်ဆင်မှုလုပ်ငန်းများ လုပ်‌ဆောင်စဉ် တံတားဖြတ်သန်းမှု ‌ခေတ္တ ပိတ်ထားမည်ဖြစ်‌ကြောင်း ‌အောက်တိုဘာလ ၂၁ရက်‌နေ့က အသိ‌ပေး ‌ကြေညာခဲ့ခြင်းဖြစ်သည်။

တံတားပြင်ဆင်မှုလုပ်ငန်းများကို မြန်မာသစ်‌တောက်ငှက်ကုမ္ပဏီမှ တာဝန်ယူ‌ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အ‌နေဖြင့် တံတားအ ရည်အ‌သွေးပိုင်းတွင်သာမက ကုန်စည်စီးဆင်းမှု အဟန့်အတား မဖြစ်‌စေ‌ရေးအတွက် သတ်မှတ်သည့်ရက်ထက် ‌စောလျင်စွာ ပြီးစီးနိုင်ရန် ကြိုးစားလုပ်‌ဆောင်‌နေ‌ကြောင်း မြန်မာသစ်‌တောက်ငှက်ကုမ္ပဏီ၏ မန်‌နေဂျင်းဒါရိုက်တာ ဦးတင်စိုးက ‌ပြောသည်။

“အခု ဒီတံတားက ကုန်စည်စီးဆင်းမှုအတွက် အ‌ရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ဒါ့‌ကြောင့် ကြံ့ခိုင်မှု အားနည်းယိုယွင်း လာတဲ့ အစိတ်အပိုင်း‌တွေကို ‌သေချာခိုင်ခံ့‌အောင် ပြည်နယ်အစိုးရ၊ ပြည်‌ထောင်စုအစိုးရ တာဝန်ရှိသူ‌တွေရဲ့ လမ်းညွန်ချက်နဲ့အ ညီ ပြင်ဆင်‌ဆောင်ရွက်တာပါ။ တံတား သက်တမ်းကြာလာ‌တော့ တံတားသံထည်‌တွေ အရည်အ‌သွေး နိမ့်ကျတဲ့ အစိတ်အပိုင်း ‌တွေကို co2 ကွိုင် ဝရိန်စနစ်နဲ့ ‌သေချာခိုင်ခံ့‌အောင် ကျ‌နော်တို့ အမြန်ဆုံး သတ်မှတ်ရက်က နိုဝင်ဘာလ ၅ရက်လို့ ‌ကြေညာထား ‌ပေမယ့် ၂ရက်‌နေ့ ပုံမှန် ပြန်လည်သွားလာနိုင်‌အောင် ပြင်ဆင်‌နေပါတယ်”ဟု ဦးတင်စိုးက ‌ပြောဆိုသည်။

အဆိုပါ pontoon (ဂျိုင်း)တံတားသည် ထိုင်းနိုင်ငံဘက်မှ ကုန်စည်များ ကရင်ပြည်နယ်တွင်းမှ မြန်မာနိုင်ငံတွင်းသို့ တင်‌ဆောင် သယ်ယူလာစဉ် တန် ၄ဝတင် ကုန်ကားကြီးများကို ဂျိုင်းမြစ်ကို ဖြတ်သန်းနိုင်ရန်အတွက် ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ ၁ရက်‌နေ့ က စတင် တည်‌ဆောက်ထားခဲ့‌သော pontoon (ဂျိုင်း) မြစ်ကူး‌ဘောတွဲတံတားတစ်စင်း ဖြစ်သည်။

၎င်းတံတားတည်‌ဆောက်စဉ်က ၂နှစ်ခန့် ယာယီ အသုံးပြုရန်သာ မြန်မာသစ်‌တောက်ငှက် ကုမ္ပဏီအား တည်‌ဆောက်ခွင့်ပြုထား ခဲ့ပြီး တံတားအသုံးပြုမှု သက်တမ်း ၂နှစ်‌ကျော်လာသည့်‌နောက်ပိုင်း ကုန်စည်စီးဆင်းမှု လိုအပ်ချက်များအရ ဆက်လက်ပြုပြင် ထိန်းသိမ်းကာ ဖြတ်သန်းခွင့်ပြု သုံးစွဲလာ‌နေသည်မှာ ၇နှစ်ခန့် ကြာမြင့်လာပြီဖြစ်‌ကြောင်း တံတားတာဝန်ရှိသူ၏ ‌ပြောကြားချက် အရ သိရသည်။

တံတားပြင်ဆင်မှုကိစ္စနှင့်ပတ်သက်ပြီး ကုန်ကားယဉ်‌မောင်း ကို‌အောင်‌မော်က “ဒီတံတားက ကြာပြီ ကုန်ကားကူးဖို့က ဒီတံတား က အဓိကပဲ။ အခုက ပြင်တယ်ဆို‌ပေမယ့်လည်း တ‌နေ့ကို မနက် ၁ဝနာရီက‌နေ ည‌နေ၄နာရီအထိပဲ ခဏပိတ်တာဆို‌တော့ အချိန်ကိုက် ဖြတ်လို့ မှီ‌အောင်‌တော့ ‌မောင်းရတာကလွဲလို့ အဆင်‌ပြေပါတယ်။ ဒီ‌နေရာမှာ ကုန်ကားကြီး‌တွေ အမြဲ ဖြတ်လို့ရတဲ့ တံတားအကြီးစားတစ်စင်း ‌ဆောက်ဖြစ်သွားရင်‌တော့ ပို‌ကောင်းတာ‌ပေါ့”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း မြစ်ကူး‌ချောင်းကူးတံတားများ တည်‌ဆောက်ခြင်း အမျိုးအစားများဖြစ်တဲ့ သံကူကွန်ကရစ်တံတား၊ ကြိုးတံတား၊ ‌ဘေလီသံ‌ဘောင်တံတား၊ pontoon ‌ဘောတံတား တည်‌ဆောက်ခြင်းနည်းစနစ် ၄မျိုးဖြင့် တည်‌ဆောက်ကာ သွားလာ‌နေခြင်း ဖြစ်ပြီး ယခု ကရင်ပြည်နယ်တွင်း ဂျိုင်း(pontoon)‌ဘောတံတားသည် ကရင်ပြည်နယ်၌သာမက မြန်မာပြည်အတွင်းရှိ တစ်ခု တည်း‌သော မြစ်ကူး pontoon ‌ဘောတံတားတစ်စင်း ဖြစ်သည်။