Home သတင်း ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် KNU ၏ ကြိုဆိုမှုအ‌ပေါ် DKBA ခွဲထွက်အဖွဲ့ သ‌ဘောထားထုတ်ပြန်

ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် KNU ၏ ကြိုဆိုမှုအ‌ပေါ် DKBA ခွဲထွက်အဖွဲ့ သ‌ဘောထားထုတ်ပြန်

2224

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) အ‌နေဖြင့် အချိန်အတိုင်းအတာတစ်ခုအရ ကရင်အမျိုးသားအ စည်းအရုံး KNUနှင့် ‌တွေ့ဆုံနိုင်သည့်အချိန်မှသာ ပြန်လည်‌ပေါင်းစည်း‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌အောက်တိုဘာလ ၁၉ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်လိုက်သည်။

ကရင်လက်နက်ကိုင်အဖွဲ့များထဲမှ ခွဲထွက်ပြီး သီးခြားရပ်တည်‌နေသည့် အဆိုပါအဖွဲ့အ‌နေဖြင့် ယမန်‌နေ့က ထုတ်ပြန်လိုက်သည့် သ‌ဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ DKBA ခွဲထွက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ကေအိုင်စီသို့ ယခုလို အတည်ပြု ‌ပြောဆိုသည်။

“အခု ကျ‌နော်တို့ကို ဝိုင်းဝန်းပိတ်ဆို့တာ‌တွေရှိ‌တော့ ‌တွေ့ဖို့က‌တော့ ဒီအချိန်မှာ ကျ‌နော်တို့အတွက် ခက်ခဲတယ်။ အဲဒီ‌တော့ တာဝန်ယူတဲ့သူက ဘယ်‌လောက်ထိ တာဝန်ယူမလဲ။ တာဝန်ခံမလဲ။ ‌ပေါင်းတဲ့သူက ဘယ်လို‌ပေါင်းမလဲ။ လက်ခံတဲ့သူက ဘယ် လိုလက်ခံမလဲ။ လာ‌ပေါင်းမယ်ဆို DKBA ဘက် တံဆိပ်ဖြုတ်လိုက်ပါ၊ ဒီ‌နေရာမှာပဲ ‌အေး‌ဆေး‌လေး‌နေပါ။ အဲလိုဆိုရင်‌တော့ ဒီကိစ္စဟာ ဒီ‌နေ့ဒီအချိန်ကာလမှာ မဖြစ်နိုင်‌သေးဘူး”ဟု ‌ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့အ‌နေဖြင့် KNU ထုတ်ပြန်ချက်တွင် ပါဝင်သည့် ၁/၉၄၊ ၂/၉၄ မူများနှင့်ပတ်သက်၍ အပြုသ‌ဘော‌ဆောင် ကာ ပြုပြင်‌ပြောင်းလဲနိုင်မည်ဖြစ်‌သော်လည်း ပြန်လည်ပူး‌ပေါင်းမည်ဆိုပါက အများပြည်သူ‌ရှေ့‌မှောက်တွင် နှစ်ဦးနှစ်ဖက် ကတိ ကဝတ်များဖြင့် တည်‌ဆောက်ထားမှသာ အဆင်‌ပြေမည်ဟု ယူဆ‌ကြောင်း သူက ဆက်‌ပြောသည်။

မဲ့သ‌ဝေါ‌ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး‌နောက် DKBA ခွဲထွက်အဖွဲ့မှ ၎င်းတို့၏ စခန်း အချို့ကို လက်လွှတ်ခဲ့ရသဖြင့် အချို့‌နေရာများတွင် နယ်ခြား‌စောင့်တပ် BGF အပါအဝင် တပ်မ‌တော်တို့နှင့် ‌ပြောက်ကျားပစ်ခတ် မှုများ ယ‌နေ့အထိ ဆက်လက် ရှိ‌နေဆဲဖြစ်သည်။

ယင်းအ‌ခြေအ‌နေများ‌ကြောင့် KNU က ၎င်း DKBA ခွဲထွက်အဖွဲ့ကိုင်စွဲထားသည့် ၁/၉၄၊ ၂/၉၄ မူများအား ပြန်လည်ရုပ်သိမ်းပြီး မိမိတို့ KNU နှင့်ပူး‌ပေါင်းလိုပါက ကြိုဆို‌ကြောင်း ‌အောက်တိုဘာလ ၄ရက်‌နေ့တွင် သ‌ဘောထား‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီး‌နောက် ‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် KNU လက်‌အောက်ခံတပ်မဟာ (၆) KNLA တပ်ရင်း(၁၇) တပ် ရင်းမှူး စီးနင်းလာသည့်ကားကို ‌ချောင်း‌မြောင်းပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ယင်းကိစ္စမှာ DKBA ခွဲထွက်အဖွဲ့၏ လက်ချက်ဖြစ်‌ကြောင်း KNU တပ်မဟာ(၆)ဘက်မှ စွပ်စွဲ‌ပြောဆိုမှုများ ရှိ‌နေသည်။

ယခု ထွက်‌ပေါ်လာသည့် DKBA ခွဲထွက်အဖွဲ့၏ သ‌ဘောထားအ‌ပေါ် KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “တစ်ဦးနဲ့တစ်ဦး သံသယရှိတာ၊ စိုးရိမ်‌ကြောင့်ကြတာ‌တွေကို ‌တွေ့ဆုံ‌ဆွေး‌နွေးမှသာ အ‌ဖြေထွက်နိုင်တဲ့အရာ‌တွေဖြစ်တယ်။ အဲလို‌တွေ့ဆုံဖို့ ဆက်သွယ်ချင်သပဆိုရင်‌တော့ ကျ‌နော်တို့ ‌အောက်‌ခြေတပ်မှူး‌တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်သွယ်ယူ နိုင်တယ်ဆိုတာကို နည်းနည်း‌တော့ အသိ‌ပေးချင်ပါတယ်”ဟု ‌ပြောသည်။

၎င်း DKBA ခွဲထွက်အဖွဲ့မှာ နယ်ခြား‌စောင့်တပ်-BGF (၁၀၁၇)တပ်ရင်း၊ အပါအဝင် တပ်မ‌တော်တို့နှင့် ယမန်‌နေ့ ‌အောက်တိုဘာ လ ၁၉ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ မိဖာလဲ‌ကျေးရွာ နိုခဲ‌ဘောအရပ် ဘုရားကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ် ဖက် ထိခိုက်ကျဆုံးမှုနှင့် ဒဏ်ရာရမှုများရှိခဲ့‌ကြောင်း သိရသည်။

DKBA ခွဲထွက်အဖွဲ့သည် ယခင်က ဗိုလ်ချုပ်ကြီး‌စောလားပွယ် (ခ)နှုတ်ခမ်း‌မွှေး ဦး‌ဆောင်‌သော ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ ‌တော် (DKBA ကလို့ထူး‌ဘောအဖွဲ့)၏ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ကြီး‌ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကို အ‌ခြေခံကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းခံရပြီး‌နောက် ၂၀၁၆ခုနှစ်၊ ဇန်ဝါရီလ ၁၆ရက်‌နေ့မှ စတင်ကာ သီးသန့်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ရပ်တည်‌နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။