Home သတင်း ပြည်သူအတွက် အကျိုးပြုမည့် ‌ပေါ်လစီထွက်‌ပေါ်လာရန် ‌ကေအဲန်ယူ ‌မွေးမြူ‌ရေးနှင့် ငါးဖမ်းဋ္ဌာန ‌ရေးဆွဲ‌နေ

ပြည်သူအတွက် အကျိုးပြုမည့် ‌ပေါ်လစီထွက်‌ပေါ်လာရန် ‌ကေအဲန်ယူ ‌မွေးမြူ‌ရေးနှင့် ငါးဖမ်းဋ္ဌာန ‌ရေးဆွဲ‌နေ

1865

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)လက်‌အောက်ခံဋ္ဌာန တစ်ခုဖြစ်‌သော ‌မွေးမြူ‌ရေးနှင့် ငါးဖမ်း ဋ္ဌာနက ပြည်သူများ ‌ကောင်းမွန်စွာလုပ်ကိုင်စား‌သောက်နိုင်‌ရေးကို အ‌ထောက်အကူပြုမည့် ‌ပေါ်လစီတစ်ခု ထွက်‌ပေါ်လာရန် ရည်ရွယ်ကာ ‌အောက်တိုဘာ ၁၈ရက်မှ ၁၉ရက်‌နေ့အထိ ‌ပေါ်လစီအသစ်‌ရေးဆွဲသည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို မြဝတီမြို့၊ ဂရိတ်‌ဝေါဟိုတယ်နှင့် ၎င်းတို့ဗဟိုဋ္ဌာနတို့တွင် ပြုလုပ်ခဲ့သည်။

လက်ရှိ အသစ်‌ရေးစွဲသည့်‌ပေါ်လစီသည် ဋ္ဌာ‌နေပြည်သူလုထုများကို ကိုယ်စားပြုမည့် ‌ပေါ်လစီဖြစ်‌အောင် ‌ရေးဆွဲ‌ပေးမှာဖြစ်ပြီး ယင်း‌ပေါ်လစီ‌ရေးဆွဲပြီးပါက ‌ဒေသခံများ၏ အလုပ်လက်မဲ့ပြဿ နာများကို တစ်စိတ်တစ်ပိုင်း အ‌ထောက်အကူဖြစ်‌စေရန် ‌ရေးဆွဲခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ဖားအံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ဖားအံခရိုင်‌မွေးမြူ‌ရေးနှင့်ငါးဖမ်းဋ္ဌာနတာဝန်ခံ ပဒို‌စောအယ်ထီး‌ကော်က ‌အောက်တိုဘာ ၂ဝရက်‌နေ့တွင် ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေထဲမှာ မြစ်‌ချောင်း၊ အင်း၊ အိုင်‌တွေရှိတယ်။ လူထု ‌တွေက မလုပ်တတ်‌တော့ အ‌ဝေးကစီးပွား‌ရေးလုပ်တဲ့ လူ‌တွေကဝင်ပြီးလုပ်တယ်။ ပြီး‌တော့ ‌ဒေသခံလူထု‌တွေက အလုပ်လက်မဲ့ဖြစ်တယ်။ ဒါ‌ကြောင့် ‌ဒေသခံလူထုရဲ့အခွင့်အ‌ရေး အ‌ခြေခံ လိုအပ်ချက်‌တွေကိုယူပြီး‌တော့ ဒီ‌ပေါ်လစီကို ‌ရေးဆွဲတာဖြစ်တယ်။ ဒီ‌ပေါ်လစီဆွဲပြီးရင် ‌ဒေသခံအတွက်အကျိုးရှိမယ်လို့‌တော့‌သေချာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ပေါ်လစီသစ်‌ရေးဆွဲ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူ ခရိုင်အသီးသီးမှ ‌မွေးမြူ‌ရေးနှင့်ငါးဖမ်းဋ္ဌာန၏ ကိုယ်စားလှယ်များ၊ သတ္တု၊ လယ်ယာနှင့် သစ်‌တောစသည့် ဋ္ဌာန ကိုယ်စားလှယ်များအပြင် အကြံ‌ပေး ပညာရှင်များလည်း တက်‌ရောက်ခဲ့ပြီး ‌မွေးမြူ‌ရေး နှင့် ငါးဖမ်းဋ္ဌာနအတွက် ‌ပေါ်လစီသစ်၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ လမ်းစဉ်၊ အ‌ခြေခံမူ၊ တားမြစ်ချက်နှင့် စီမံခန့်ခွဲမှု တချို့ကို‌ရေးဆွဲခဲ့ကြသည်ဟု သိရသည်။

‌ကေအဲန်ယူ၏ ‌မွေးမြူ‌ရေးနှင့် ငါးဖမ်းဋ္ဌာနသည် ၁၉၉၁ခုနှစ်၌ ကျင်းပသည့် ၁ဝကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ဖွဲ့စည်းခဲ့သည့် စီးပွား‌ရေးဋ္ဌာန၏ လက်‌အောက်ခံ ဋ္ဌာနတစ်ခုဖြစ်ပြီး ယခင်က စစ်‌ရေးပဋိပက္ခ ကာလဖြစ်၍ တိကျခိုင်မာသည့် ‌ပေါ်လစီများ ‌ရေးဆွဲချမှတ်ထားနိုင်ခြင်းမရှိခဲ့သည့်အ‌ပေါ် ယခုလို စစ်‌အေးကာလတွင် ‌ပေါ်လစီသစ်များ ပြန်လည်‌ရေးဆွဲမှုများ လုပ်‌ဆောင်လာခြင်းဖြစ်သည်ဟု KNUက ‌ပြောသည်။

၎င်း‌ပေါ်လစီသစ်‌ရေးဆွဲခြင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ KNU ဗဟိုလယ်ယာစိုက်ပျိုး‌ရေးဋ္ဌာန တွဲဖက်တာဝန်ခံ ပဒို‌စော‌လေ‌စေးက “အခု‌တော့ ‌သေချာပြန်‌ရေးဆွဲတာ၊ ဒီနှစ်ရက်တာ လုပ်တာက တစ်ဝက်ပဲပြီး‌သေးတယ်။ လူထု‌တွေလည်း ဘယ်လိုသ‌ဘောထားရှိလည်းဆိုတာ ‌ပေါ်လစီထဲမှာထည့်ဖို့ တက်‌ရောက်တဲ့ ကိုယ်စားလှယ်‌တွေကို ‌သေချာပြန်ဆင်းပြီး‌ကောက်ခိုင်းတယ်။ သူတို့ပြန်တင်ပြတဲ့ဟာ‌တွေကိုယူပြီးပြန်ဆက်‌ရေးဆွဲမယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ ‌မွေးမြူ‌ရေးနှင့်ငါးဖမ်းဋ္ဌာနသည် ယခင်က ‌ကေအဲန်ယူဘိတ်ထားဝယ်ခရိုင် (တနသင်္ာရီကမ်းရိုးတန်း‌ဒေသ)တွင် ငါးဖမ်းလုပ်ငန်းနှင့် အ‌ကောက်အခွန်‌ကောက်ခံခြင်း လုပ်ငန်းများ သာ လုပ်‌ဆောင်ခဲ့ပြီး ၁၄ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်မှစတင်ကာ သက်ဆိုင်ရာခရိုင်များတွင် ငါး၊ ဝက်နှင့် ကြက်စသည့် ‌မွေးမြူ‌ရေးလုပ်ငန်းများကို စတင်လုပ်‌ဆောင်လာခြင်းဖြစ်သည်။