Home အယ်ဒီတာ့အာဘော် ပြည်နယ်ပွဲ‌တော် နွှဲ‌ပျော်ဂုဏ်ပြု

ပြည်နယ်ပွဲ‌တော် နွှဲ‌ပျော်ဂုဏ်ပြု

2187

အယ်ဒီတာ့အာ‌ဘော်

ကရင်ပြည်နယ်‌နေ့ပွဲ‌တော်ကို နိုဝင်ဘာလ ၇ရက်‌နေ့ ကျ‌ရောက်တိုင်း နှစ်စဉ် ဖားအံမြို့တွင် ကျင်းပပြုလုပ်လာခဲ့သည်။ ဆယ်စုနှစ် တစ်ခုမကခဲ့‌သော ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ခမ်းမဖြစ်သည့် “ဇွဲကပင်ခမ်းမ” သို့မဟုတ် ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ကျင်းပ‌လေ့ရှိရာ အစီအစဉ်အများစုမှာ နိုင်ငံ‌တော်သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်း‌ပြော ကြားခြင်းများဖြင့်သာ အစပျိုးခဲ့ကြသည်။ ဆက်လက်၍ ထူးချွန် ‌ကျောင်းသူ‌ကျောင်းသားများ၊ အစိုးရဋ္ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့ များမှ ထူးချွန်ဝန်ထမ်းများ၊ လယ်ယာစိုက်ပျိုး‌ရေးတွင် ထူးချွန်သူ ‌တောင်သူလယ်သမားများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ‌ဆောင် ရွက်ခဲ့ကြပြီး ပွဲ‌တော်မုခ်ဦးကို ဖဲကြိုးဖြတ်ခြင်း အစီအစဉ်ဖြင့် ဖွင့်ပွဲအခမ်းအနား အဆုံးသတ်‌လေ့ရှိကြသည်။

အလားတူ ပွဲ‌တော်မတိုင်ခင် သက်ဆိုင်ရာ ပွဲဖြစ်‌မြောက်‌ရေးထံ ပြခန်းရရှိ‌ရေး ‌လျှောက်တင်ရခြင်း၊ ခွင့်ပြုချက်ရပါက ပြခန်း ‌ဆောက်လုပ်ခြင်း၊ ဇာတ်အဖွဲ့၊ ‌ခေတ်‌ပေါ်စတိတ်ရှိုးအဖွဲ့များကလည်း ပွဲ‌လေလံယူရခြင်း ပွဲရက်အတွင်း ယှဉ်ပြိုင်ကြမည့် ကရင့် ရိုးရာဒုံးအဖွဲ့များ ကြိုတင် ‌လေ့ကျင့်စာရင်းသွင်းကြခြင်း၊ ရိုးရာလက်‌ဝှေ့ပွဲအတွက် စင်မြင့်၊ ကြိုးဝိုင်း တည်‌ဆောက်ကြခြင်းများနှင့် အလားတူ သစ်သီးဝလံ ပန်းမာလ်ပြပွဲပြိုင်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ‌ဒေသခံ စိုက်ပျိုး‌ရေးသမားများကလည်း မိမိတို့၏ ပန်းပင်၊ အသီးအနှံပင်များကို ထုံးစံအတိုင်း ပြင်ဆင်ကြသည်။

သို့ရာတွင် ပွဲ‌တော်‌နေ့ရက်ကို မည်သူက၊ မည်သည့်ခုနှစ်တွင် မည်သည့်အ‌ကြောင်းဖြင့် သတ်မှတ်ကာ နှစ်တိုင်း ကျင်းပလာခဲ့ကြ ရသည်ကိုမူ ဖွင့်ပွဲအခမ်းအနားတွင် ‌ဟော‌ပြော၊ ဖတ်ကြားသည့် အစီအစဉ် လတ်တ‌လော၌ မ‌တွေ့ရှိရခြင်း၊ ပွဲ‌တော်တွင်းရှိ ပြခန်း တခုခုတွင် အများပြည်သူ သိရှိ‌စေရန်အလို့ငှာ ‌ဖော်ပြခြင်းများကို မ‌တွေ့ရှိရ‌ပေ။ မျက်‌မှောက်ကာလ ၂၁ရာစုအတွင်း ကြီးပြင်း လာကြသည့် မျိုးဆက်သစ် လူငယ်လူရွယ်များမှာ ပွဲ‌တော်အတွင်း ‌ပျော်ရွှင်ရသည်ကလွဲ၍ ကရင်ပြည်နယ်ဟု သတ်မှတ်ထား ချက်၊ ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်ဖြစ်‌ပေါ်လာမှုကို မသိရှိကြသကဲ့သို့ သိရှိရန်လည်း ‌တွေး‌တောစဉ်းစားမိပုံပင် မ‌ပေါ်‌ချေ။ ဤ သည်မှာ အနာဂတ်အတွက် ပြုပြင်‌ပြောင်းလဲ‌ရေးများကို လုပ်‌ဆောင်နိုင်ရန် လက်‌တွေ့ကျ၍ တရားမျှတ‌သော တိုးတက်သည့် လုပ်ငန်းစဉ်များကို ချမှတ်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်‌ရေး အလှမ်းကွာ‌ဝေး‌နေ‌ပေလိမ့်မည်။

“သက်ကြီးစကား သက်ငယ်ကြား”ဆိုသကဲ့သို့ အထူးသဖြင့် ‌ရှေ့မှီ‌နောက်မှီ လူကြီးသူမများအ‌နေဖြင့် မိမိတို့၏အနာဂတ်မျိုးဆက် များ၊ ကရင်လူ့အဖွဲ့အစည်းများနှင့် အခြားတိုင်းရင်းသား ပြည်သူပြည်သားများ သိရှိနိုင်‌ရေး ‌ဒေသန္တရဆိုင်ရာ၊ အမျိုးသားဆိုင်ရာ သမိုင်းများကို လက်ဆင့်ကမ်း ရှင်းပြ‌ပေးရန် လိုအပ်သည်။ ကရင်ပြည်နယ် သတင်းစဉ်(၁.၄.၁၉၈၆)၊ အတွဲ(၂၅)၊ အမှတ်(၁)မှ ‌ရေးသားပြုစုချက်အရ လွတ်လပ်‌ရေးရပြီး‌နောက် ပြည်နယ်/တိုင်းများ ဖွဲ့စည်းထူ‌ထောင်ရာတွင် ကရင်လူမျိုးများ ‌နေထိုင်‌သော ‌ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာကြပြီး ၁၉၅၁ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်ချက် (၁၉၅၁ခုနှစ်၊ အက်ဥပ‌ဒေ ၆၂)အရ သံလွင်ခရိုင်၊ ဖာပွန်‌ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

၎င်း‌နောက် ၁၉၅၅ခုနှစ်၊ ဇွန်လ (၁)ရက်‌နေ့တွင် တစ်နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားကို ကျင်းပခဲ့‌သော်လည်း ပွင့် လင်းရာသီမဟုတ်သည့်အတွက် ကရင်ပြည်နယ်‌နေ့ကို မည်သည့်လ၊ မည်သည့်‌နေ့ရက်တွင် ကျင်းပသင့်‌ကြောင်း ထပ်မံ ညှိနှှိုင်း ခဲ့ကြသည်။ ယင်းသို့ ညှိနှှိုင်းရာတွင် ပထမဦးစွာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ဖွဲ့စည်းပုံအ‌ခြေခံပြင်ဆင် ချက် အက်ဥပ‌ဒေကို နိုင်ငံ‌တော်သမ္မတက လက်မှတ်‌ရေးထိုး‌သော ၁၉၅၁ခုနှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့။ ဒုတိယအကြိမ် ဖားအံ၊ လှှိုင်းဘွဲနှင့် သံ‌တောင်မြို့နယ်များကို အုပ်ချုပ်မှုအာဏာလွှဲ‌ပြောင်း‌ပေး‌သော ၁၉၅၄ခုနှစ်၊ ဇွန်လ(၁)ရက်‌နေ့နှင့် တတိယအကြိမ် ‌ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အား အုပ်ချုပ်မှုအာဏာ လွှဲ‌ပြောင်း‌ပေး‌သော ၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်‌နေ့ ဟူ‌သော အ‌ခြေခံ (၃)ရပ်ကိုမူတည်ပြီး ‌ရွေးချယ်ခဲ့ရာ နိုဝင်ဘာလ (၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် နိုင်ငံ‌တော်သမ္မတ (ထိုစဉ်က ‌ဒေါက်တာဘဦး)က လက်မှတ်‌ရေးထိုး သတ်မှတ်လိုက်သည်။ မဂင်္လာအဖြာဖြာနှင့် ပြည့်စုံ‌သော‌နေ့ဖြစ်ခြင်း၊ ကရင် ပြည်နယ်ကို ‌မွေးဖွားသန့်စင်‌သော‌နေ့ဖြစ်ခြင်းနှင့် ရာသီချိန်ခါအရ ‌ဆောင်းဦးကာလ သာယာ‌သော အခါသမယဖြစ်ခြင်းတို့ ‌ကြောင့် ၁၉၅၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၂၅)ရက်‌နေ့တွင်ကျင်းပ‌သော စုဒ္ဒဿမ(၁၄)ကြိမ်‌မြောက် ကရင်ပြည်နယ်‌ကောင်စီညီလာခံ တွင် နိုဝင်ဘာလ (၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယ‌နေ့တိုင် ပြည်နယ်သမိုင်းတွင် ထင်ရှားသည့် ကရင် ပြည်နယ်‌နေ့ ဖြစ်လာခဲ့‌ကြောင်း ယခုနှစ်၌ ကျ‌ရောက်သည့် (၆၁)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ‌ဖော်ပြ လိုက်ရ‌ပေသည်။