Home သတင်း ‌သောင်ရင်းမြစ်‌ပေါ် စက်‌လှေတိမ်း‌မှောက်၍ က‌လေးငယ်နှစ်ဦးနှင့် ကိုယ်ဝန်‌ဆောင်မိခင်တစ်ဦး အပါအဝင် ၄ဦး‌ပျောက်ဆုံး

‌သောင်ရင်းမြစ်‌ပေါ် စက်‌လှေတိမ်း‌မှောက်၍ က‌လေးငယ်နှစ်ဦးနှင့် ကိုယ်ဝန်‌ဆောင်မိခင်တစ်ဦး အပါအဝင် ၄ဦး‌ပျောက်ဆုံး

1817

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့စရီးယန်းမြို့နယ် ‌သောင်ရင်းမြစ်တစ်‌နေရာတွင် ‌အောက်တိုဘာလ ၁ဝရက်‌နေ့ နံနက်အ‌စောပိုင်းက စက်‌လှေတစ်စီးတိမ်း‌မှောက်မှုဖြစ်ပွား၍ ကိုးနှစ်၊ ဆယ်နှစ်အရွယ် က‌လေးငယ်နှစ် ဦးနှင့် ကိုယ်ဝန်‌ဆောင်မိခင်တစ်ဦးအပါအဝင် ၄ဦး‌ပျောက်ဆုံးလျှက်ရှိသည်ဟု သိရသည်။

စက်‌လှေ‌မောင်းသူအပါအဝင် ခရီးသည် ၉ဦးစီးနင်းလိုက် ပါလာပြီး မဲ့‌ပေါမှ မဲ့သ‌ဝေါ‌ကျေးရွာသို့ ဆန်‌မောင်းလာသည့် စက်‌လှေမှာ ‌ကျေးရွာအလွန် မိနစ် ၁ဝခန့်တွင် စက်‌လှေ တိမ်း‌မှောက်မှုဖြစ်ပွား၍ ၄ဦး‌ပျောက်ဆုံးပြီး ၅ဦး အသက်ရှင်လွတ်‌မြောက်ခဲ့ သည်ဟု ကိုယ်တိုင်သတင်းသွားယူသည့် ထိုင်းရုပ်သံ သတင်း‌ထောက်တစ်ဦးဖြစ်သူ ‌စောဖိုးခွားက ‌ပြောသည်။

၎င်းက“‌ရေစီးတအားသန်တယ်။ စက်‌လှေ‌မောင်းတာလည်း ကြမ်းတယ်။ ဝဲကြီးတစ်‌နေရာမှာ‌ရောက်‌တော့ ရုတ်တရက်စက်‌သေသွားတယ်။ ‌ရေက စက်‌လှေကို စုပ်ယူ‌တော့ စက်‌လှေထဲ ‌ရေ‌တွေဝင်ပြီး တိမ်း‌မှောက်သွားတာဖြစ်တယ်။ ‌ပျောက်ဆုံးတဲ့ လူ‌တွေက‌တော့ မိန်းမ‌တွေချည်းပါပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ပျောက်ဆုံးသူများအနက် အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို စက်‌လှေတိမ်း‌မှောက်ရာ ကီလိုမီတာ ၁ဝခန့်အကွာတွင် ထိုင်းအ‌ရေး‌ပေါ် ကယ်ဆယ်‌ရေးအဖွဲ့က ‌နောက်‌နေ့ ‌အောက်တိုဘာ ၁၁ရက်‌နေ့ မွန်းလွဲပိုင်းတွင် ဆယ်ယူနိုင်ခဲ့ပြီး ကျန်၃ဦးကိုမူ ယခုထိ ‌ပျောက်ဆုံး‌နေဆဲဖြစ်သည်ဟု ‌စောဖိုးခွားက ဆက်‌ပြောသည်။

၎င်းစက်‌လှေ‌ပေါ် စီးနင်းလိုက်ပါလာသူများသည် ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ မဲ့‌ပေါ‌ကျေးရွာ‌နေ ကရင်တိုင်းရင်းသားများဖြစ်ကြပြီး မဲ့တန့်မြို့ရုံး၌ ထိုင်းနိုင်ငံ ‌တောင်‌ပေါ်သား မှတ်ပုံတင်ကဒ် သွား‌ရောက်ရိုက်ယူရန် စက်‌လှေဖြင့် ခရီးနှင်လာစဉ် ယခုလို အဖြစ်ဆိုးဖြင့် ကြုံ‌တွေ့‌နေရခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ကျေးရွာမှ လှိုင်းဘွဲမြို့နယ် သူးမွဲထအထိ စီးဆင်း‌နေ‌သော ‌သောင်ရင်းမြစ်ကို ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက်‌နေထိုင်ကြ‌သော ‌ဒေသခံ ပြည်သူများအပြင် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းမှ ခိုလှုံ‌နေကြ‌သော မြန်မာဒုက္ခသည်များလည်း သွားလာအသုံးပြုကြသည်။

ယခုလို မိုးတွင်းကာလတွင် အလားတူ စက်‌လှေတိမ်း‌မှောက်မှု မကြာခဏ ဖြစ်ပွား၍ ခရီးသည် ‌သေဆုံး၊ ‌ပျောက်ဆုံးမှုများလည်း ရှိခဲ့ဖူးသည်။