Home သတင်း ‌ကော့ကရိတ်တွင် BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့ မိနစ် ၄ဝကြာ ပစ်ခတ်မှုဖြစ်

‌ကော့ကရိတ်တွင် BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့ မိနစ် ၄ဝကြာ ပစ်ခတ်မှုဖြစ်

1962

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌ဒေါန‌တောင်‌ခြေ ထီဖိုးဇံ ‌ကျေးရွာအုပ်စု မိဖာလဲ့‌ကျေးရွာ၊ နို့ခဲ‌ဘောအရပ် ဘုရားကုန်းအနီးတွင် ယ‌နေ့ ‌အောက်တိုဘာလ ၁၉ရက်၊ ‌နေ့လည် ၁၂နာရီ မိနစ် ၂ဝခန့်က DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၇) တပ်ရင်းတို့အကြား မိနစ် ၄ဝခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်ပြီး BGF (၁၀၁၇)တပ်ရင်းမှူး ဗိုလ်မှူး‌စောဒီးဒီးက “တိုက်ပွဲဖြစ်တာ‌တော့ ဟုတ်တယ်။ ဖြစ်စဉ်အ‌သေးစိတ်ကို‌တော့ မသိရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောကြားသည်။

တိုက်ပွဲ‌ကြောင့် BGF ဘက်မှ ၁ဦးဒဏ်ရာရပြီး DKBA ခွဲထွက်အဖွဲ့မှ ၄ဦး‌သေဆုံးကာ ၁ဦးဒဏ်ရာရရှိသွား‌ကြောင်း ‌ဒေသခံရွာသား များနှင့် အစိုးရဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ‌ပြောဆို‌နေကြ‌သော်လည်း ယင်းသတင်းအ‌ပေါ် ‌ကေအိုင်စီမှ သီးသန့် အတည်ပြု ချက် မရရှိ‌သေး‌ပေ။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မဲသ‌ဝေါ‌ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး‌နောက် အနည်းငယ် ငြိမ်သက်‌နေရာမှ ယခု ‌အောက်တိုဘာလတွင် ယင်းသို့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားလာခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများမှာ ‌ကော့ကရိတ်ဘက်သို့ ဆက်လက် ကူးစက်ဖြစ်ပွားလာမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

အမည်မ‌ဖော်လိုသူ ရန်ကုတ်ရွာသားတစ်ဦးက “မဲ့သ‌ဝေါဘက်ကတိုက်ပွဲလို့ ‌ကော့ကရိတ်ဘက်မှာ ဆက်ဖြစ်လာမှာ‌တော့ ကျ‌နော် တို့‌ဒေသခံ‌တွေ စိုးရိမ်တယ်။ ရွာဘက်မှာက ‌တော်ကြာ စစ်တပ်က လာလိုက်၊ ‌တော်ကြာ BGF က လာလိုက်၊ ‌တော်ကြာ တိုက်ပွဲ ဖြစ်လိုက်နဲ့ အလုပ်‌တွေ ‌ကောင်း‌ကောင်းမလုပ်ရဘူး”ဟု ‌ပြောဆိုသည်။

မဲ့သ‌ဝေါတွင် ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့‌သောတိုက်ပွဲများ‌ကြောင့် ‌ဒေသခံများမှာ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းနှင့် ထိုင်း နိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးခိုလှုံ‌နေရပြီး ယ‌နေ့အထိ ၎င်းတို့၏ ရပ်ရွာများတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ခြင်းမရှိ‌သေးဘဲ စစ် ‌ရှောင်စခန်းများတွင်သာ ခိုလှုံ‌နေရဆဲဖြစ်သည်။

၎င်းအပြင်၂၀၁၅ခုနှစ် ‌ကောင်းမှု၊ ပျားပင်‌ကျေးရွာများနှင့် အာရှလမ်းသစ်တို့တွင် တိုက်ပွဲများ‌ကြောင့် အဆိုပါ ‌ကျေးရွာများမှ ‌ဒေ သခံများမှာ ယခုအချိ်န်ထိ ပြန်လည်အ‌ခြေချနိုင်ခြင်း၊ လယ်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်းများ မရှိ‌သေးသလို စာသင်‌ကျောင်းများလည်း ယ‌နေ့အထိ မဖွင့်လှစ်နိုင်‌သေး‌ကြောင်း သိရသည်။