Home သတင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ ၂၁ ရာစု အ‌တွေ့အကြုံများကို ‌ဒေသခံများအား ပြန်လည်ရှင်းပြ

‌ကေအဲန်ယူ ‌တောင်ငူခရိုင်မှ ၂၁ ရာစု အ‌တွေ့အကြုံများကို ‌ဒေသခံများအား ပြန်လည်ရှင်းပြ

1705

‌အောက်တိုဘာလ ၇ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစု ပင်လုံ) တက်‌ရောက်ခဲ့သည့် အ‌တွေ့အကြုံများကို ကရင်အမျိုး သားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်ဥက္ကဋ္ဌက ‌ဒေသတွင်းရှိ ကရင်အရပ်ဖက် အဖွဲ့အစည်းများနှင့် ‌အောက်တိုဘာ ၅ရက်‌နေ့တွင် ‌တောင်ငူမြို့၊ ဆာမူ‌ထော်အရပ်ဖက် လူမှုအဖွဲ့အစည်းရုံးခန်း၌ ‌တွေ့ဆုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ ၂၁ ရာစု ပင်လုံ အ‌တွေ့အကြုံရှင်းလင်းပွဲတွင် ညီလာခံသို့ ကရင်လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့များ စု‌ပေါင်းတင်သွင်းသည့်စာတမ်း၊ ညီလာခံအ‌ခြေအ‌နေနှင့် လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်မည်သည့် အတိုင်းအတာထိ ‌ရောက်ရှိ‌နေသည် စသည်တို့ကို ရှင်းပြခဲ့သည်ဟု ‌ကေအဲန်ယူ၏ ‌တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို ့ယခုလို‌ပြောသည်။

“ဖြစ်‌စေချင်တာက‌တော့ ဗဟိုစည်းရုံး‌ရေးဋ္ဌာနက ဦး‌ဆောင်ပြီး‌တော့ KNU တာဝန်ရှိတဲ့ ‌ခေါင်း‌ဆောင်‌တွေ ‌ဒေသခံ‌ခေါင်း‌ဆောင်‌တွေ ပါတီကလူ‌တွေစသည်အားဖြင့်ပင်လုံနဲ့ပတ်သက်ပြီး ‌ပြောနိုင်၊ ဆိုနိုင် ‌ဆွေး‌နွေးနိုင်တဲ့၊ သက်ဆိုင်ရာ‌ခေါင်း‌ဆောင်‌တွေ ပါ‌စေချင်တယ်။ ဒါ‌ပေမဲ့ လက်ရှိအ‌နေအထားမှာ မအားတာ‌တွေ များတယ်ဆို‌တော့ သိသ‌လောက်အ‌တွေ့အကြုံ‌တွေကိုပဲ ပြန်ရှင်းပြ‌ပေးရတာ‌ပေါ့”ဟု ပဒို‌စောအယ်ဝါးက ‌ပြောသည်။

၂၁ ရာစုပင်လုံ အ‌တွေ့အကြုံရှင်းလင်းပွဲကို တက်‌ရောက်လာသည့် ‌ဒေသခံပြည်သူများက လက်ရှိအချိန်တွင် ခွဲထွက်ထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များကို ပြန်လည်‌ပေါင်းစည်း‌စေချင်ကြပြီး မည်သည့် နည်းလမ်းဖြင့်ပြန်လည် ‌ပေါင်းစည်းနိုင်မည်ကို အများစု‌မေးမြန်းခဲ့သည်ဟု ပဒို‌စောအယ်ဝါးက ဖြည့်စွက် ‌ပြောသည်။

ယင်း‌တွေ့ဆုံရှင်းလင်းပွဲသို့ ‌ကေအဲန်ယူ၊ တပ်မဟာ(၂)ထိန်းချုပ်နယ်‌မြေအတွင်းရှိ ထန်းတစ်ပင်၊ လိပ်သိုနှင့် သံ‌တောင်ကြီးမြို့နယ်အတွင်းမှ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံအရပ်ဖက် လူမှုအဖွဲ့ အစည်းကိုယ်စား လှယ်များ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများအပါအဝင် စုစု‌ပေါင်း ၃ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌တောင်ငူ Community Centerမှ ‌စော‌အောင်ကူက “ဒီတပ်မဟာ(၂) နယ်‌မြေဘက် လူထု‌တွေက ငြိမ်းချမ်း‌ရေးကို စိတ်ဝင်စားလာပြီး ငြိမ်းချမ်း‌ရေး‌နေ့တုန်းကလည်း ၁‌ထောင်‌ကျော်လာတက်တယ်။ ဒီမှာတက် ‌ရောက်ပြီး သိရှိထားသ‌လောက် ရတဲ့သတင်း‌လေး‌တွေကို ကျ‌နော်တို့ ‌ဒေသအရပ်ဖက်အဖွဲ့အ‌နေနဲ့ လူထုကို ပြန်ရှင်းလင်းဖို့ အစီစဉ်‌တော့ရှိပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်၊ ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးသည် ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်‌နေ့မှ စက်တင်ဘာ ၃ ရက်‌နေ ့ထိ ‌နေပြည်‌တော်တွင် ပြုလုပ်သည့် ၂၁ပင်လုံညီလာခံသို့ ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်‌ရောက်ခဲ့သည်။ ၎င်းက ‌တောင်ငူခရိုင်‌ခေါင်း‌ဆောင်များအ‌နေဖြင့် ‌ဒေသတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မကြာခဏ‌တွေ့ဆုံ ‌လေ့ရှိကာ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် လူထုနှင့် ‌တွေ့ဆုံစည်း‌ဝေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ဖူးသည်။