Home သတင်း လူထုကျန်းမာ‌ရေးအတွက် စစ်မှန်သည့်ငြိမ်းချမ်း‌ရေး အမြန်‌ဖော်‌ဆောင်‌ပေးရန် BPHWTတိုက်တွန်း

လူထုကျန်းမာ‌ရေးအတွက် စစ်မှန်သည့်ငြိမ်းချမ်း‌ရေး အမြန်‌ဖော်‌ဆောင်‌ပေးရန် BPHWTတိုက်တွန်း

1727

‌အောက်တိုဘာလ ၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ပြည်တွင်းစစ်နှင့်ပဋိပက္ခများသည် လူထုကျန်းမာ‌ရေးအ‌ခြေအ‌နေများကို ပိုမိုဆိုးရွား‌စေသဖြင့် စစ်မှန် ‌သောငြိမ်းချမ်း‌ရေးကိုအမြန်ဆုံး အ‌ကောင်အထည်‌ဖော်‌ပေးရန်လိုအပ်‌ကြောင်း နယ်လှည့်‌ကျောပိုး အိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTက ‌အောက်တိုဘာလ ၆ရက်‌နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြန်၍ တိုက်တွန်း လိုက်သည်။

‌ဒေသအသီးသီးမှ နယ်လှည့်‌ကျောပိုး အိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTအဖွဲ့များ၊ တိုင်းရင်းသားကျန်း မာ‌ရေးအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ၊ ‌လေ့လာသူများအပါအဝင် ကိုယ်စားလှယ်‌ပေါင်း ၁၃၂ ဦးပါဝင် တက်‌ရောက်ပြီး စက်တင်ဘာလ ၂၉ရက်မှ‌အောက်တိုဘာလ ၁ရက်‌နေ့အထိ ကျင်းပခဲ့သည့် (၇)ကြိမ် ‌မြောက် BPHWTညီလာခံအပြီး ထိုသို့‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

BPHWTမှ အတွင်း‌ရေးမှူး ဦး‌အေးလွင်က “အရင်ဆုံးဖြစ်‌စေချင်တာက နှစ်ဖက်စလုံး စစ်ပွဲ ‌တွေအမြန်ရပ်ဖို့ပါ။ စစ်ပွဲရပ်လိုက်ခြင်းအားဖြင့် စစ်‌ကြောင့်ကုန်ကျရတဲ့စရိတ်‌တွေဟာ ကျန်းမာ‌ရေး ကိစ္စ‌တွေမှာ အများကြီး အသုံးပြုလို့ရနိုင်သလို ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာလည်း လူထု‌တွေ၊ လူထု အ‌ခြေပြု အဖွဲ့အစည်း‌တွေရဲ့ အခန်းကဏ္ဍ‌တွေပါဝင်မယ်ဆိုရင်‌တော့ ငြိမ်းချမ်း‌ရေးဟာ ဒီထက်ပိုမို‌ကောင်းမွန်တဲ့ အ‌ခြေအ‌နေ‌တွေဖြစ်လာနိုင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအဖွဲ့၏ စစ်တမ်းများအရ စစ်‌ကြောင့် ‌ရွှေ့‌ပြောင်း‌ပြေးလွှား‌နေရသူများ၊ စစ်ပွဲပဋိပက္ခကြားထဲတွင်‌နေ ထိုင်ရသူများတွင် ငှက်ဖျား‌ရောဂါပိုမိုဖြစ်ပွားခြင်း၊ က‌လေးသူငယ်များတွင် အာဟာရချို့တဲ့ခြင်း၊ မိခင် ‌သေ ဆုံးမှု နှုန်းပိုမိုမြင့် တက်လာခြင်းများဖြစ်‌ပေါ်သည့်အတွက် စစ်၏‌နောက်ဆက်တွဲဆိုးကျိုးများမှာ လူထု ကျန်းမာ‌ရေးအတွက် သက်‌ရောက်မှုများစွာဖြစ်‌ပေါ်‌နေ‌ကြောင်း ၎င်းက‌ပြောသည်။

အဆိုပါ BPHWTအဖွဲ့မှာ မြစ်ဝကျွန်း‌ပေါ်‌ဒေသအပါအဝင် အစိုးရလက်လှမ်းမမှီသည့် ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ မွန်၊ ပ‌လောင်၊ ရှမ်း၊ ရခိုင်၊ ပအိုဝ်း၊ ချင်းနှင့်နာဂ စသည့် နယ်စပ်ရှိတိုင်းရင်းသား‌ဒေသများမှ လူဦး ‌ရေ (၂၄၀,၀၀၀)‌ကျော်အတွက် ကျန်းမာ‌ရေးလုပ်သား ၁,၃၀ဝ ‌ကျော်၊ ‌ကျောပိုးအိတ်အဖွဲ့ (၁၀၄)ဖွဲ့ဖြင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများ လုပ်‌ဆောင်‌ပေး‌နေသည့်အဖွဲ့ဖြစ်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေး၊ ကိုယ်ဝန်‌ဆောင်မိခင်ကျန်းမာ‌ရေး၊ ကျန်းမာ‌ရေး အသိပညာ‌ပေး‌ရေးလုပ်ငန်းများကို ပြုလုပ်လျှက်ရှိပြီး ယ‌နေ့အထိ စစ်‌ရေးပဋိပက္ခများရှိ‌နေသည့် တိုင်းရင်း သား‌ဒေသများတွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုအခက်အခဲများ ရှိ‌နေဆဲဖြစ်‌ကြောင်း ယင်းအဖွဲ့က‌ပြော ဆိုသည်။

BPHWTအဖွဲ့၏ ပ‌လောင်‌ဒေသတာဝန်ခံ မိုင်းဆာယန်က “ကျ‌နော်တို့‌ဒေသမှာ အခုလက်ရှိအချိန်အထိ အစစ်အ‌ဆေး‌တွေရှိ‌နေတုန်းပဲ။ ကွင်းဆင်းတဲ့အခါ အစိုးရတပ်ကို ကျ‌နော်တို့‌ရှောင်ကွင်းသွား‌နေရဆဲဖြစ် ပါတယ်။ အထူးသဖြင့် သွား‌ရေးမှာအ‌နှောက်အယှက်‌တွေရှိ‌နေတယ်။ ကျ‌နော်တို့ကို အစိုးရတပ်က လာပြီးစစ်‌ဆေး‌မေးမြန်းတာရှိ‌နေတုန်းဖြစ်တယ်။ ကျ‌နော်တို့ကျန်းမာ‌ရေးလုပ်သား‌တွေအ‌ပေါ် မယုံသကင်္ာဖြစ်‌နေဆဲအ‌ခြေအ‌နေဖြစ်‌နေတယ်”ဟု‌ပြောသည်။

၎င်းအခက်အခဲများ‌ကြောင့် အစိုးရနှင့်နိုင်ငံတကာအကူအညီ‌ပေး‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် တိုင်းရင်း သား ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ လူထုအ‌ခြေပြုကျန်းမာ‌ရေးအဖွဲ့အစည်းများတည်‌ဆောက်ထား ‌သော ကျန်းမာ‌ရေး စနစ်နှင့်ဖွဲ့စည်းပုံများကိုအပြန်အလှန်‌လေးစား အသိအမှတ်ပြု‌ရေးအတွက်လည်း လိုလား ‌နေကြသည်။

သုံးနှစ်တစ်ကြိမ်ကျင်းပသည့် BPHWT ညီလာခံတွင်လည်း ယင်းကိစ္စရပ်များကိုထည့်သွင်း‌ဆွေး‌နွေးသည့် အပြင် ဘဏ္ဍာ‌ရေးအစီရင်ခံစာ၊ ‌ရှေ့လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနှင့်လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် အတည်ပြုဖြည့်စွက်ခြင်းများပြုလုပ်ပြီး ဥက္ကဋ္ဌ‌ဒေါက်တာစင်သီယာ‌မောင်နှင့် အဖွဲ့ဝင်(၁၅)ဦးပါဝင်သည့် ဦး‌ဆောင်အဖွဲ့ကို‌ရွေးချယ်တင်‌မြှောက်ခြင်းများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထို့အတူ BPHWTအဖွဲ့၏ထုတ်ပြန်ချက်တွင် ၎င်းတို့အ‌နေဖြင့် အစိုးရ၊ နိုင်ငံတကာ၊ တိုင်းရင်းသား စသည့် ကျန်းမာ‌ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်သလို ငြိမ်းချမ်း‌ရေးဖြစ် စဉ်နှင့်အညီ လူထုတစ်ရပ်တစ်ရပ်လုံးလွှမ်းခြုံမည့် ကျန်းမာ‌ရေးမူဝါဒများဖြစ်‌ပေါ်လာ‌ရေးနှင့် ပိုမို‌ကောင်း မွန်သည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ ရရှိရန်ဦးတည်‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း လည်း ‌ဖော်ပြထားသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTကို ၁၉၉၈ ဩဂုတ်လ(၁၆)ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ပြီး ‌ကျောပိုးအိတ်အဖွဲ့ငယ် (၃၂)ဖွဲ့ဖြင့် ကရင်၊ ကရင်နီ၊ မွန်စသည့် ‌ဒေသများရှိ‌ဝေးလံ ‌ခေါင်ဖျား သည့်‌နေရာများတွင် မဏာမကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများ စတင်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။