Home သတင်း လတ်တ‌လော စစ်‌ရှောင်ဒုက္ခသည်များ ‌နေရပ်ပြန်နိုင်‌ရေး အစိုးရနှင့် ‌ဆွေး‌နွေး‌နေဟု ‌ကေအဲန်ယူ ‌ပြောဆို

လတ်တ‌လော စစ်‌ရှောင်ဒုက္ခသည်များ ‌နေရပ်ပြန်နိုင်‌ရေး အစိုးရနှင့် ‌ဆွေး‌နွေး‌နေဟု ‌ကေအဲန်ယူ ‌ပြောဆို

1688

‌အောက်တိုဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စက်တင်ဘာလက ဖြစ်ပွားခဲ့‌သော အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်း တပ်ဖွဲ့နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)တို့ကြား တိုက်ပွဲများ‌ကြောင့် ‌နေရပ်စွန့်ခွာ တိမ်း ‌ရှောင်‌နေရ‌သော စစ်‌ရှောင်ပြည်သူများ အမြန်ဆုံး‌နေရပ်ပြန်နိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ‌ဆွေး‌နွေးမှုများရှိ‌ကြောင်း ကရင်အ မျိုးသားအစည်းအရုံး(KNU)က ‌ပြောသည်။

KNU အ‌နေဖြင့် အဆိုပါ စစ်‌ရှောင်ပြည်သူများ‌နေရပ်ကို အမြန်ဆုံးပြန်နိုင်ပြီး မူလဘဝအတိုင်း ပြန်လည်လုပ်ကိုင်စား‌သောက်နိုင် ရန် သက်ဆိုင်ရာ အစိုးရတပ်မ‌တော် တာဝန်ရှိသူများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး ညှိနှိုင်းမှုများရှိသလို လက်‌တွေ့ လုပ်‌ဆောင်ရန် ဆုံး ဖြတ်ချက်များလည်း ချမှတ်ထားသည်ဟု KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသုို့ ယ‌နေ့ ‌ပြောဆို သည်။

“သူတို့‌တွေ အမြန်ဆုံး ‌နေရပ်ပြန်‌နေနိုင်ဖို့အတွက် သူတို့ ‌တောင်ယာ၊ လယ်ယာပြန်လည် လုပ်ကိုင်နိုင်ဖို့ ကျ‌နော်တို့ တာဝန်ရှိသူ ‌တွေက အစိုးရတပ်မ‌တော် တာဝန်ရှိသူ‌တွေနဲ့ ‌ဆွေး‌နွေးတာ‌တွေရှိပါတယ်။ ‌ကော်မတီဖွဲ့ပြီး မလုပ်‌ဆောင်နိုင်‌သေးတာပဲ ရှိပါ တယ်။ အစိုးရတာဝန်ရှိသူ‌တွေနဲ့ ဆုံတဲ့အခါတိုင်း ‌ပြောတာရှိတယ်။ အ‌ကောင်အထည်‌ဖော်မှုအပိုင်းကို‌တော့ အစိုးရအ‌ပေါ် အများကြီး မူတည်ပါတယ်။”ဟု ‌ပြောသည်။

လှိုင်းဘွဲမြို့နယ်တွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် ‌ထောင်‌ပေါင်းများစွာ‌သော ‌ဒေသခံ ရွာသူရွာသားများ သည် မြိုင်ကြီးငူ‌ဒေသနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်း မဲ့သ‌ဝေါ‌ဒေသများသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် အစိုးရ လူမှုဝန်ထမ်းဦးစီးဋ္ဌာနနှင့် အရပ်ဖက် ‌စေတနာ့ဝန်ထမ်းများ ပူး‌ပေါင်း၍ စစ်‌ဘေး‌ရှောင်သူများ ‌နေရပ်ပြန်ပါက မိုင်းနှင့်ပတ်သက်‌သော ဗဟုသုတရှိ‌စေရန် ရည်ရွယ်ကာ မြိုင်ကြီးငူ‌ဒေသ စစ်‌ရှောင်စခန်းရှိ စစ်‌ရှောင်ပြည်သူများအား မိုင်းအသိ‌ပေးပညာ‌ပေး ‌ဟော‌ပြောသရုပ်ပြမှုများ လုပ်‌ဆောင်မှုများရှိသည်ဟု သိရသည်။

၎င်းစစ်‌ရှောင်ပြည်သူများ၏ ‌ကျေးရွာများတွင် လက်ရှိ တိုက်ပွဲများ မရှိ‌သော်လည်း ‌ကျေးရွာအတွင်း ‌မြေမြှုပ်မိုင်းအန္တရာယ်များ ရှိ‌နေဆဲဖြစ်၍ ရွာသူရွာသားများ ‌နေရပ်ပြန်နိုင်ရန် မဖြစ်နိုင်‌သေး‌ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်များအား လူသားချင်းစာနာမှု အကူအညီများကို သွား‌ရောက်ကူညီ‌ပေးသူ ‌စော‌စေးဘိုက ‌ပြောသည်။

၎င်းက “အခုအ‌ခြေအ‌နေက သူတိုု့‌တွေ ဘယ်လိုမှ ပြန်လို့မရ‌သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့ရဲ့လုံခြုံ‌ရေးက အရမ်းစိုးရိမ်ရ တဲ့ အ‌ခြေအ‌နေမှာရှိတယ်။ ‌မြေမြှုပ်မိုင်း‌တွေရှိတယ်။ ‌ချောင်း‌မြောင်းပစ်ခတ်မှု‌တွေရှိတုန်းပါပဲ။ ‌လော‌လောဆယ်‌တော့ သူတို့အရင် လိုအပ်တဲ့ ခြင်‌ထောင်၊ မီးဖို၊ တာလပတ်၊ ဓား စတာ‌တွေကို ‌ထောက်ပံ့‌ပေးထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ထီး‌သေ့ခီး စစ်‌ရှောင်စခန်းတွင် ခိုလှုံ‌နေသူ ကရင်အမျိုးသမီးတစ်ဦးလည်း “စပါး‌တွေလည်း အခုထိ ဘာမှ မရိတ်ရ‌သေးဘူး။ အ‌ခြေအ‌နေ ‌ကောင်းရင်‌တော့ ပြန်ချင်တာ‌ပေါ့။ ပြန်လို့မှမရတာ ဘယ်တတ်နိုင်မလဲ။ အခုက ဘယ်ပြန်လို့ရဲပါ့မ လဲ။ ဒီမှာ မ‌ပျော်လည်း ‌နေရတာ‌ပေါ့။ ကိုယ့်‌နေရာပြန်‌နေလို့ရရင် ပြန်‌နေမှာ‌ပေါ့။”ဟု ဆိုသည်။

၎င်းစစ်‌ရှောင်များကို အစိုးရတာဝန်ရှိသူများ၊ KNU လက်‌အောက်ခံ ဋ္ဌာနမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ (Committee for Internally Displaced Karen People – CIDKP)၊ အလှူရှင်များနှင့် NGOs အဖွဲ့တို့က အ‌ခြေခံစားနပ်ရိက္ခာ များ၊ ‌နေရာထိုင်ခင်း၊ အမိုးအကာနှင့် ‌ဆေးဝါးများ ‌ထောက်ပံ့‌ရေးအစီအစဉ်ကို ကူညီ‌ပေးလျှက်ရှိ‌သော်လည်း ဝါး၊ ဖက်အကာ၊ အိမ်‌ဆောက်ပစ္စည်း၊ အိမ်သာနှင့် သုံး‌ရေချိုး‌ရေအတွက် ယာယီ‌ရေကန်များ၊ စား‌သောက်‌ရေးအတွက် အိုးခွက်ပန်းကန်များ လို‌နေ ဆဲဖြစ်သည်ဟု ကူညီကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။

မြိုင်ကြီးငူ စစ်‌ရှောင်စခန်းတွင် ‌အောက်တိုဘာလ ၂ရက်‌နေ့အထိ ‌ကောက်ယူထားသည့် စာရင်းအရ စစ်‌ရှောင်‌ကျေးရွာ ၃၃ရွာမှ လူဦး‌ရေ ၅,၇၅၁ဦး၊ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ ‌နော်တ‌ကျေးရွာတွင် လူဦး‌ရေ ၃၃၉ဦးနှင့် ထီး‌သေ့ခီးရွာတွင် ၆၁၄ဦး ရှိ‌ကြောင်း သိရသည်။