Home သတင်း ရန်ကုန်တိုင်းအတွင်း ကရင်စာ‌ပေသင် ဆရာ/ဆရာမများ ချီးမြှင့်‌ငွေ မရ‌သေး

ရန်ကုန်တိုင်းအတွင်း ကရင်စာ‌ပေသင် ဆရာ/ဆရာမများ ချီးမြှင့်‌ငွေ မရ‌သေး

1731

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်စာ‌ပေ သင်ကြား‌နေ‌သော ဆရာ၊ ဆရာမများ အ‌နေဖြင့် ချီးမြှင့်‌ငွေများ မရရှိ ‌သေး‌ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဒုဥက္ကဋ္ဌ မန်းချစ်လှက ‌အောက်တိုဘာ ၇ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“စာ‌ပေသင်တာ ဩဂုတ်လမှာ စတယ်။ အခုဆို တစ်လ‌ကျော်ပြီး။ ချီးမြှင့်‌ငွေ တစ်လ သုံး‌သောင်း‌ပေးမယ်လို့ ‌ပြောထားတယ်။ အခုထိ‌ပေးတာ‌တော့ မ‌တွေ့‌သေးဘူး။ စာအုပ်လည်း ချ‌ပေးတာမ‌တွေ့ဘူး။ ဒီလထဲမှာ တိုင်း စာယဉ် အစည်းအ‌ဝေး ‌ခေါ်မယ်‌ပြောတယ်။ အဲဒီကျမှ ပြန်ပြီး‌ဆွေး‌နွေးရမယ်”ဟု မန်းချစ်လှက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်လူမျိုးများ အများစု‌နေထိုင်သည့် မြို့နယ်များရှိ အစိုးရ‌ကျောင်း၌ ဩဂုတ် ၁၉ရက်‌နေ့မှ စတင်ကာ အစိုးရဝန်ထမ်း ကရင်ဆရာ၊ ဆရာမများနှင့် ပြင်ပ ဆရာ၊ ဆရာမများဖြင့် ကရင်စာ စတင်သင်ကြား‌ပေးခဲ့‌သော်လည်း နှစ်လနီးပါးကြာချိန်ထိ ယခုလိုချီးမြှင့်‌ငွေ မရရှိ‌သေးခြင်းဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ် ဆိပ်ကြီး‌ကျေးရွာ၌ ပြင်ပ ကရင်စာသင် ဆရာမတဦးဖြစ်သူ နန့်လှလှကြည်က “အစည်း အ‌ဝေးထိုင်တဲ့ ကာလမှာ‌တော့ တစ်လသုံး‌သောင်း လစာ‌တော့မဟုတ်ဘူး၊ ချီးမြှင့်‌ငွေ ‌ပေးမယ်‌ပေါ့‌နော်။ လက်ရှိ မှာ‌တော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာသာမှ မကြာ‌သေးပါဘူး။ အားလုံးက စိတ်ဓာတ်နဲ့ လုပ်ကျ‌ပေမယ့် အချိန်ကြာ ရင်‌တော့ ခက်ခဲလာမယ်ထင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေသင်ကြားရာတွင် ဆိုင်ရာ‌ကျောင်းအုပ်များအ‌နေဖြင့် အပြည့်အဝကြီး ကြပ်မှုမလုပ်နိုင်သလို အစိုးရအ‌နေဖြင့် တရားဝင်ကရင်စာ‌ပေ သင်ကြားခွင့်‌ပေးပြီး သင်ကြားမည့် ဆရာ/ ဆရာမများရှိလာပါက ပိုအဆင်‌ပြေနိုင်မည်ဟု နန့်လှလှကြည်က ဆက်‌ပြောသည်။

လက်တ‌လော ကရင်စာသင်ဆရာ၊ ဆရာမများ အတွက် ချီးမြှင့်‌ငွေကိစ္စကို ဆက်‌စောင့်ကြည့်ရမည်ဖြစ်ပြီး သင်ကြား‌ရေးအပိုင်းတွင် ဆရာ/ဆရာမများအ‌နေဖြင့် သင်နိုင်‌သော်လည်း ထိ‌ရောက်စွာ သင်ကြားနိုင်‌ရေး အတွက် မွမ်းမံသင်တန်း‌ပေးခြင်းများပြုလုပ်သင့်သည်ဟု ‌ကောမှူးမြို့နယ်၊ ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး မန်းဩဘာ‌သောင်းက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မှော်ဘီမြို့နယ်၊ ‌ကျောက်ပုံး‌ကျေးရွာသူ ‌နော်ငြိမ်းငြိမ်း‌မော်က “အခုလို လစာမရ ‌သေးတာက တစ်ဖက်မှာလည်း အခက်အခဲရှိလို့ဖြစ်ပါလိမ့်မယ်။ ကျမတို့ အ‌နေနဲ့‌တော့ နားလည်‌ပေး ရပါ လိမ့်မယ်။ တိုင်းရင်းသား‌ရေးရာမှ ဘက်ဂျက်မရှိဘူးထင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အင်းစိန်၊ တိုက်ကြီး၊ ‌မှော်ဘီ၊ တွံ‌တေး၊ မရမ်းကုန်း၊ ထန်းတပင်၊ ကွမ်းခြံကုန်း၊ ‌ကော့မှူးနှင့် လှည်းကူးစသည့် မြို့နယ် များတွင်ရှိ စာသင်‌ကျောင်း ၃၀၄‌ကျောင်းတွင် ‌ကျောင်းသားဦး‌ရေ ၆,၄၂၉ ဦးကို ဆရာ/ဆရာမ ၁၉ဝ ဦး‌ကျော်တို့မှ ကရင်စာသင်ကြား‌ပေး‌နေ‌ကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။