Home သတင်း မူ‌ဘောင်သုံးသပ်မှုတွင် ပါဝင်ပြီး NCA ထိုးနိုင်မည့်လမ်း‌ကြောင်း ဆက်ရှာမည်ဟု UNFC ‌ပြော

မူ‌ဘောင်သုံးသပ်မှုတွင် ပါဝင်ပြီး NCA ထိုးနိုင်မည့်လမ်း‌ကြောင်း ဆက်ရှာမည်ဟု UNFC ‌ပြော

1848

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်သုံးသပ်ခြင်းလုပ်ငန်းစဉ်တွင် ပူး‌ပေါင်းပါဝင်ပြီး တချိန်တည်း တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ် (NCA) ထိုးနိုင်မည့် လမ်း‌ကြောင်းများကို ရှာ‌ဖွေသွားမည်ဟု ညီညွတ်‌သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသည့် နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်(DPN) အဖွဲ့ ‌ခေါင်း‌ဆောင် ခူးဦးရယ်က ယ‌နေ့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)၌ ပြုလုပ်‌နေသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် ပြန်လည်သုံးသပ်ခြင်း စတုတ္ထအကြိမ်အစည်းအ‌ဝေး ဒုတိယ‌နေ့အပြီး မီဒီယာများနှင့် ‌တွေ့ ဆုံစဉ် ခူးဦးရယ်က ယခုလို ‌ပြောဆိုခဲ့သည်။

၎င်းက “မျဉ်းပြိုင်လို သွားရမယ်လို ့ကျ‌နော်တို့‌ပြောထားတယ်။ မူ‌ဘောင်ပြန်လည်သုံးသပ်မှုမှာ ပူး‌ပေါင်း‌ဆောင်ရွက်မယ်။ တစ် ချိန်တည်းမှာ NCA လက်မှတ်‌ရေးထိုးမဲ့ လမ်း‌ကြောင်း‌တွေကို အ‌ဖြေရှာသွားမယ်။ ညှိနှိုင်း‌ဆွေး‌နွေးမှုကို ဆက်လုပ်မယ်။ မူ‌ဘောင် ပြန်လည်သုံးသပ်မှု မလုပ်ခင်မှာလည်း ‌နေပြည်‌တော်မှာ ကျ‌နော်တို့ ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေ လုပ်ခဲ့တယ်။ အဲ့မှာလည်း နားလည်မှု တစုံတရာလည်း ရရှိထားပြီးတဲ့အ‌ပေါ်မှာ လာမဲ့လကျလို့ရှိရင် ဆက်လက်ပြီး အ‌ဖြေရှာမယ်လို ့‌ပြောထားတယ်”ဟု ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ NCA ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၊ တရားဝင်နိုင်ငံ‌ရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ‌ခေါ်ယူကျင်းပနိုင်သည့်အတွက် NCA မထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့်မူ ဦး‌ဆောင်‌ခေါ်ယူကျင်းပနိုင်ခွင့် ရရှိမည်မဟုတ်‌ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တ‌ပြေးညီမပြုလုပ်နိုင်ပါက ဒုတိယအကြိမ် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံတွင် တင်ပြ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများသည် တစ်နိုင်ငံလုံး လွှမ်းခြုံမှုမရှိသလို ပြီးပြည့်စုံသည့် နည်းလမ်းဖြစ်ရန် အ‌ဖြေရှာရခက်ခဲမည်ဟု ထင်မြင်‌ကြောင်း DPN အဖွဲ့‌ခေါင်း‌ဆောင် ခူဦးရယ်က ဆက်‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “အစိုးရနဲ ့DPN ညှိနှိုင်းထားတဲ့ အချက်‌တွေရှိတဲ့အ‌ပေါ်မှာ သ‌ဘောတူညီမှု ရထားတဲ့အချက်‌တွေလည်း ‌တော်‌တော်များများ ရတယ်။ ‌နောက်ပြီး‌တော့ လာမဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို စတင်နိုင်ဖို့က လုပ်ငန်းလမ်းညွှန်‌တွေ အတည်ပြုရမယ်။ သက်ဆိုင်ရာ အစုအဖွဲ့‌တွေ ဖွဲ့ စည်းရမယ်။ အချိန်‌တော်‌တော်‌ပေးရမယ်။ ဒီကြားထဲမှာ ညှိနှိုင်းပြီး လက်ခံနိုင်တဲ့ အ‌နေအထားရှိရင် သူတို့လက်မှတ်ထိုးပြီး‌တော့ ပါလာနိုင်မဲ့သ‌ဘော‌တော့ ရှိပါတယ်”ဟု ‌အောက်တိုဘာလ ၁၈ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ‌နေပြည်‌တော်၌ ပြုလုပ်သည့် NCA နှစ်ပတ်လည်အခမ်းအနား၌ NCA လက်မှတ်မ ထိုးဘဲ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ပြုလုပ်လိုခြင်းသည် သင့်‌လျော်မှုမရှိဟု တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုထားသည်။

ရန်ကုန်မြို့၊ NRPC ၌ ‌အောက်တိုဘာလ ၁၈ရက်‌နေ့က စတင်ပြုလုပ်‌နေသည့် စတုတ္ထအကြိမ် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးသို့ DPN အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ ၁၈ဦး၊ အစိုးရကိုယ်စားလှယ် ၁၆ဦးနှင့် နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် ၁၅ဦးတို့ တက်‌ရောက်‌ဆွေး‌နွေးလျှက်ရှိပြီး ‌အောက်တိုဘာ လ ၂ဝရက်‌နေ့တွင် အစည်းအ‌ဝေးကို ဆက်လက် ပြုလုပ်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များထံမှ သိရ သည်။