Home သတင်း မယ်ရာမို ဒုက္ခသည်စခန်းတွင် ‌ပေါ့ဆမီး‌ကြောင့် ‌နေအိမ် ၃လုံးမီး‌လောင်ပျက်စီး

မယ်ရာမို ဒုက္ခသည်စခန်းတွင် ‌ပေါ့ဆမီး‌ကြောင့် ‌နေအိမ် ၃လုံးမီး‌လောင်ပျက်စီး

1787

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၆ခုုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်‌သော မယ်ရာမိုဒုက္ခသည်စခန်းတွင် ‌အောက်တိုဘာလ ၉ရက်‌နေ့(ယမန်‌နေ့)ညက မီး‌လောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ‌နေအိမ် ၃လုံး မီး‌လောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ယမန်‌နေ့ ည‌နေ ၆ နာရီ ၁၅မိနစ်အချိန်တွင် မယ်ရာမိုဒုက္ခသည်စခန်း၊ ရပ်ကွက် ၂၊ လူ‌နေအိမ်တစ်အိမ်၌ ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမီး‌လောင်မှုဖြစ်စဉ် စတင်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ စခန်းဥက္ကဋ္ဌဖြစ်သူ ‌နော်ဖိုး‌ဝေါ်က ယခုလို‌ပြောသည်။

“‌ပေါ့ဆမီး‌ကြောင့် ဖြစ်ရတာပါ။ မီးစ‌လောင်တဲ့အိမ်က ဆိုင်ကယ်ဆီဖြည့်‌နေရင်း ‌ဘေးနားက က‌လေး ‌လေးက မီးခြစ် ခြစ်လိုက်တာ အိမ်‌ခေါင်မိုးက နိမ့်‌နေ‌တော့ ‌ခေါင်မိုးကို တန်းပြီးမီး‌လောင်သွားတာ ဖြစ်တယ်” ဟု သူမက ‌ပြောသည်။

အဆိုပါ မီး‌လောင်ကျွမ်းမှုကို အနီးအနားရှိ စခန်းတွင်း‌နေထိုင်သူများက ဝိုင်းဝန်းငြိမ်းသတ်မှု‌ကြောင့် ည ၁ဝနာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူ‌နေအိမ် ၃လုံး မီး‌လောင်ပျက်စီးသွားသည့်အပြင် အခြား‌နေအိမ် ၂လုံးကို မီးကူးစက်မ‌လောင်ကျွမ်းနိုင်ရန် အမိုးဖြိုဖျက်မှုများပြုလုပ်ခဲ့ရ‌ကြောင်း သိရသည်။

မီး‌ဘေးသင့်သူများအ‌နေဖြင့် လက်ရှိအိမ်နီးနားချင်းများထံတွင် ယာယီခိုလှုံ‌နေရပြီး စခန်းတာဝန်ရှိသူများမှ ‌နေအိမ်များပြန်တည်‌ဆောက်‌ပေးနိုင်ရန် ပံ့ပိုး‌ပေးသွားမည်ဖြစ်‌ကြောင်းနှင့် မီး‌ဘေး‌ကြောင့် တစ်ဦးတစ်‌ယောက်မျှ ထိခိုက်မှု မရှိ‌ကြောင်း သိရသည်။

မယ်ရာမိုစခန်းအတွင်း ယခုဖြစ်ပွားသည့် မီး‌လောင်ကျွမ်းမှုမှာ ၂၀၁၆ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ် ၂၀၁၅ ခုနှစ်က ‌နေအိမ် ၁လုံးပျက်စီးသွားသည့် အလားတူ မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မယ်ရာမိုစခန်းတွင် လက်ရှိ ရပ်ကွက် (၁၀)ရပ်ကွက်တွင် လူဦး‌ရေ ၁၀,၇၂ဝ ဦးခိုလှုံလျက်ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် မြန်မာဒုက္ခသည် စခန်းများကို အကူအညီ‌ပေးသည့် The Border Consortium -TBC ၏ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်သည့် စာရင်းအရ သိရသည်။