Home သတင်း မင်းလွင်‌တောင် လက်လုပ်လက်စား ‌ကျောက်ထုတ်လုပ်ငန်းအတွင်း အလုပ်သမားတစ်ဦး ထိခိုက်‌သေဆုံး

မင်းလွင်‌တောင် လက်လုပ်လက်စား ‌ကျောက်ထုတ်လုပ်ငန်းအတွင်း အလုပ်သမားတစ်ဦး ထိခိုက်‌သေဆုံး

2220

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

‌ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထား‌သော်လည်း လုပ်ငန်းရှင်အချို့က လက်လုပ်လက်စားအဖြစ် ဆက်လက်လုပ်ကိုင်‌နေ‌သော မင်းလွင်‌တောင်၌ ‌အောက်တိုဘာ ၁၂ရက်‌နေ့က ‌စောဖားဒု(စီzဖါဒုး)ဆိုသူ ‌ကျောက်ထုတ်အလုပ်သမား တစ်ဦးကို ‌ကျောက်တုံးထိမှန်၍ ‌သေဆုံးခဲ့ သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်ထုံး‌ကျောက်‌တောင်ကို ‌ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်‌ကြောင်း ‌မေလ ၂၈ရက်‌နေ့က ‌ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးလှုပ်ရှားသူအချို့က စာထုတ်ပြန်ထား‌သော်လည်း အ‌သေးစား ‌ကျောက်ထုတ်လုပ်ငန်းများက ဆက်လက်လုပ်ကိုင်မှုအတွင်း မင်းလွင်‌ကျေးရွာမှ အသက်ဝန်းကျင်(၄၀)နှစ်အရွယ် ‌စောဖားဒုဆိုသူ ထိခိုက်‌သေဆုံးခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီမှ ‌စောမြဒင်က “စာထုတ်ပြန်ထား‌ပေမယ့် အ‌သေးစားဆက်လုပ်တာ‌တွေ ရှိ‌နေပါတယ်။ အခု အလုပ်သမား ‌ကျောက်တုံးနဲ့ထိပြီး ‌သေဆုံးမှုဖြစ်တာက မနက်ပိုင်း ၉နာရီနဲ့ ၁ဝ နာရီ ဝန်းကျင်‌လောက်မှာပါ။ အဲဒီဖြစ်စဉ်ဖြစ်ပြီး ‌နောက်တ‌နေ့မှာပဲ သူ့ကို သၤဂြိုလ်လိုက်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မင်းလွင်‌တောင်တွင် အ‌သေးစား‌ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်‌နေသည့် လုပ်ငန်းရှင် ၃ ဦးရှိပြီး ယခု ‌သေဆုံးသွားသည့် ‌ကျောက်ထုတ်အလုပ်သမား အ‌ပေါ် ‌လျော်‌ကြေး‌ပေးမှု ရှိမရှိ ကို မသိရ‌သေး‌ပေ။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ‌ကော်မတီ၏ ကြိုးပမ်းမှုဖြင့် ပြီးခဲ့သည့် ဧပြီ ၂၂ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဗဟို စီးပွား‌ရေး‌ကော်မတီမှ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့အတူ အ‌သေးစား‌ကျောက်ထုတ်လုပ်ငန်းကိုပါ အားလုံးရပ်ဆိုင်းရန် ‌မေလ ၆ ရက်‌နေ့က ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်‌သော အစည်းအ‌ဝေးအရ တက်‌ရောက်သည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး‌ကော်မတီက လုပ်ငန်းရပ်ဆိုင်း‌ရေးအတွက် အများစု သ‌ဘောတူလက်မှတ် ထိုးပြီး‌နောက် ‌မေလ ၂၈ရက်‌နေ့တွင် လုပ်ငန်း အပြီးသတ် ရပ်ဆိုင်းခြင်းကို ထုတ်ပြန်ခဲ့သည်။