Home ထိပ်တန်းသတင်း ဗဟိုချုပ်ကိုင်မှု‌လျှော့ချ‌ရေးစနစ်ကို မကျင့်သုံးလျှင် တန်းတူပညာ‌ရေးအခွင့်အ‌ရေး ရှိမည်မဟုတ်ဟု KED တာဝန်ခံ‌ပြော

ဗဟိုချုပ်ကိုင်မှု‌လျှော့ချ‌ရေးစနစ်ကို မကျင့်သုံးလျှင် တန်းတူပညာ‌ရေးအခွင့်အ‌ရေး ရှိမည်မဟုတ်ဟု KED တာဝန်ခံ‌ပြော

5573

‌အောက်တိုဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှု‌လျှော့ချသည့် ပညာ‌ရေးစနစ်ကို မကျင့်သုံးပါက တိုင်းရင်းသား လူမျိုးစုများ၏ တန်းတူပညာ‌ရေးအခွင့်အ‌ရေးရရှိမဟုတ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)လက်‌အောက်ခံ ကရင်ပညာ‌ရေးဋ္ဌာန(KED)တာဝန်ခံ ပဒို‌စောလား‌စေးက ‌အောက်တိုဘာ ၅ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ်၊ ‌သေ့‌ဘောဘိုး‌ကျေးရွာ ကျင်းပသည့် ကမ္ဘာ့ဆရာများ‌နေ့ အခမ်းအနားတွင် ‌ပြောဆိုလိုက်သည်။

၎င်းက “တန်းတူညီမျှ‌ရေးဖြစ်လာဖို့အတွက်က Constitution (ဖွဲ့စည်းပုံ) ‌ပြောင်းဖို့လိုအပ်ပါတယ်။ Decentralization (ဗဟိုချုပ်ကိုင်မှု ‌လျှော့ချ‌ရေး ) ‌ပေါ်လစီချမှတ်ထားဖို့လိုတယ်။ Centralization (ဗဟိုချုပ်ကိုင်မှုစနစ်)ကို ကျင့်သုံးမယ်ဆိုရင် ဒီတန်းတူညီမျှ‌ရေးဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပညာ‌ရေးစနစ်ကို ‌ပြောင်းလဲလိုက်ပြီလို့ အစိုးရကဆို‌ပေမဲ့(Decentralization)ဆိုတာ မရှိ‌သေးဘူး။ တိုင်းရင်းသားလူမျိုးစု‌တွေကို ပညာ‌ရေးအခွင့်အလမ်း‌ပေးဖုို့ဆိုတာလည်း မရှိ‌သေးပါဘူး”ဟု ‌ပြောသည်။

လက်ရှိအစိုးရသည် အမျိုးသားပညာ‌ရေးစနစ်ကို ‌ပြောင်းလဲလိုက်ပြီဟု ‌ပြောဆိုမှုမှာ ယခင်အစိုးရမှ ချမှတ်ထားသည့် ပညာ‌ရေး‌ပေါ်လစီ၏ ‌ဝေါဟာရ အသုံးအနှုန်းအချို့သာ ‌ပြောင်းလဲခြင်းဖြစ်ပြီး ပညာ‌ရေးစနစ်ကို ‌ပြောင်းလဲမှုမလုပ်‌ဆောင်ပါက တိုင်းရင်းသား လူမျိုးစုများ၏ ပညာ‌ရေး အခွင့်အလမ်းအပြင် နိုင်ငံ‌တော်၏ပညာ‌ရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်မဟုတ်‌ကြောင်း ပဒို‌စောလား‌စေးက ဆက်‌ပြောသည်။

KNU နှင့် အစိုးရတို့ ပူးတွဲထိန်းချုပ်‌ဒေသရှိ KED လက်‌အောက်ခံရှိ စာသင်‌ကျောင်းများသည် ‌ထောက်ပံ့‌ကြေးလစာ ကွာဟမှုနှင့် အမျိုးမျိုး‌သော ခွဲခြားဆက်ဆံမှုများ ကြုံ‌တွေ့‌နေရ သည်ဟုလည်း ‌သေ‌ဘောဘိုးအထက်တန်း‌ကျောင်းအုပ် ဆရာ‌စောအယ်ခူးက ‌ပြောသည်။

“ကရင့်အမျိုးသားပညာ‌ရေးက အစိုးရက အသိအမှတ်ပြုခြင်းမခံရတာဖြစ်တယ်။ ကရင်တစ်မျိုးသား လုံးက အသိအမှတ်ပြုလို့ ကျ‌နော်တို့ကြိုးစားလုပ်‌ဆောင်တာဖြစ်တယ်။ အဖက်ဖက်ခွဲခြားဆက်ဆံမှု က ကြုံ‌တွေ့‌နေရပါတယ်။ ဘယ်‌ကျောင်းက ပြီးသလဲ။ ဘယ်လို ဒီဂရီ‌တွေရလဲ၊ ဘယ်သူက အသိအမှတ်ပြု‌ပေးသလဲ စတဲ့‌မေးခွန်း‌တွေကို အစိုးရ ပညာ‌ရေးတာဝန်ရှိသူ‌တွေရဲ့ ‌မေးမြန်းမှုကို ကျ‌နော်တို့ကြုံ‌တွေ့‌နေရတယ်”ဟု သူက ‌ပြောသည်။

၎င်းအပြင် KNUနှင့် အစိုးရတို့ ပူးတွဲထိန်းချုပ်‌ဒေသရှိ ကရင်ပညာ‌ရေးဋ္ဌာန၏ စာသင်‌ကျောင်း အချို့မှာ ပညာ‌ရေးအခွင့်အလမ်းနှင့် KED မှ ‌ပေးသည့် လစာအကျိုးခံစားခွင့်နှင့် အစိုးရက ‌ပေးသည့် လစာအကျိုးခံစားခွင့် ကွာဟမှု‌ကြောင့် အစိုးရ စာသင်‌ကျောင်းအဖြစ်သို့ ကူး‌ပြောင်း သွား‌သော ကရင်စာသင်‌ကျောင်းများစွာရှိသည်ဟု KED က ဆိုသည်။

အစိုးရ ပညာ‌ရေးဝန်ကြီးဋ္ဌာနမှ မြဝတီမြို့နယ် ပညာ‌ရေးမှူး ဦး‌စောမင်းခင်က “ကရင့်ပညာ‌ရေးကို လုပ်‌ဆောင်‌နေကြတဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကလည်းပဲ က‌လေး‌တွေ ဖွံ့ဖြိုးတိုးတက်ဖုို့အတွက် သင်ကြားကြတယ်။ ဒါ‌ကြောင့် သူတို့ ဘဝရပ်တည်နိုင်‌ရေးအတွက် နိုင်ငံ‌တော် အကြီးအကဲ‌တွေ အ‌နေနဲ့လည်း ဒါကို ‌စောင့်‌ရှောက်နိုင်ပါတယ်။ အဲလို‌စောင့်‌ရှောက်မှ ပညာ‌ရေးတိုးတက်လာမယ်”ဟု ‌ပြောသည်။

KNU နှင့် အစိုးရတို့ ပူးတွဲထိန်းချုပ်နယ်‌မြေရှိ စာသင်‌ကျောင်းများတွင် ကရင်တိုင်းရင်းသား ဘာသာ စကားကို ဒုတိယတန်းအထိ သင်ကြားခွင့်ပြုခဲ့ဟု သက်ဆိုင်ရာ အစိုးရ ပညာ‌ရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများက ‌ပြောထား‌သော်လည်း သင်ရိုးညွှန်းတန်းတစ်ခုအဖြစ် အသိအမှတ်ပြုသင်ကြားခြင်းမရှိသည့်အတွက် သင်ကြားရာတွင် အခက်အခဲများစွာ ကြုံ‌တွေ့‌နေရသည်ဟု ကရင်ပညာ‌ရေးကို ကြိုးပမ်းလုပ်‌ဆောင်‌နေသူများက ‌ပြောသည်။

၎င်းအပြင် KNU နှင့် အစိုးရတို့ကြား ပြုလုပ်ထားသည့် အပစ်အခတ်ရပ်စဲ‌ရေးထားမှု ၅နှစ်‌ကျော် ကာလအတွင်း ပညာ‌ရေးကိစ္စရပ်နှင့်ပတ်သက်၍ KED နှင့် အစိုးရ ပညာ‌ရေးဝန်ကြီးဋ္ဌာနတို့အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများရှိ‌သော်လည်း ပညာ‌ရေးအခွင့်အလမ်း တန်းတူညီမျှ‌ရေးနှင့်ပတ်သက်၍ လက်‌တွေ့အ‌ကောင်အထည်‌ဖော်‌ဆောင်မှု တစ်စုံတရာ လုပ်‌ဆောင်နိုင်ခြင်းမရှိ‌သေး‌ပေ။

KNU အုပ်ချုပ်နယ်‌မြေ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ခုတွင် KED ထိန်းချုပ် ညွှန်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁၅၂၉ ‌ကျောင်း နှင့် ‌ကျောင်းဆရာ၊ ဆရာမ ဦး‌ရေ ၇၉၀၇ဦးရှိသည်ဟု ကရင်‌ကျောင်းဆရာများ ပူး‌ပေါင်းလှုပ်ရှားမှု အဖွဲ့(KTWG)၏ ၂၀၁၅-၁၆ပညာသင်နှစ်မှတ်တမ်းအရ သိရသည်။