Home သတင်း ဖားအံမြို့မ ‌ဘောလုံးကွင်းကို မူလအတိုင်းပြန်ထား‌ပေးရန် ပြည်နယ်အစုိုးရအား ‌တောင်းဆိုမည်

ဖားအံမြို့မ ‌ဘောလုံးကွင်းကို မူလအတိုင်းပြန်ထား‌ပေးရန် ပြည်နယ်အစုိုးရအား ‌တောင်းဆိုမည်

1625
‌အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် ဖားအံမြို့ရှိ သမိုင်းဝင်မြို့မ ‌ဘောလုံးကွင်း(သို့) အာဇာနည်‌ကျောက်တိုင်ကွင်းအား လူထု လက်ဝယ်ပြန်လည် ‌ရောက်ရှိ‌ရေးအတွက် ‌ဆောင်ရွက်‌ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်း‌တောင်းဆိုသွားမည်ဖြစ်‌ကြောင်း ၎င်းအ‌ရေးအတွက် လှုပ်ရှား‌ဆောင်ရွက်‌နေသူများက ‌ပြောဆိုလိုက်သည်။

ဖားအံမြို့ အမှတ် ၃ရပ်ကွက် ဖားအံကမ်းနားလမ်း‌ထောင့်တွင်ရှိသည့် အဆိုပါသမိုင်းဝင်‌နေရာ ပြန်လည်ရရှိ‌ရေးနှင့်ပတ်သက်၍ သံဃာ‌တော်အပါး ၆ဝ အပါအဝင် မြို့မိမြို့ဖများ စုစု‌ပေါင်း ၁၅ဝခန့်က ‌အောက်တိုဘာလ ၂၃ရက်‌နေ့တွင် သရက်‌တော‌ကျောင်း တိုက်၌ အစည်းအ‌ဝေးတစ်ခုကျင်းပခဲ့ပြီး‌နောက် ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

မဂ္ဂင်‌ကျောက်တိုက်ဆရာ‌တော် ဦးဣန္ဒဝံသက “ဘုန်းကြီးတို့က‌တော့ အခုသံဃာ‌တော်‌တွေ‌ရော တက်‌ရောက်လာတဲ့ လူထု‌တွေ ပါ ပြန်ရ‌အောင်ကြိုးပမ်း‌နေတယ်။ မြို့မိမြို့ဖ‌ကော်မတီနဲ့ ပူ‌ပေါင်းပြီး ပြည်နယ်အစိုးရကို တင်ပြ‌တောင်းဆိုသွားမယ်။ တင်ပြ ‌တောင်းဆိုလို့မှမရရင် ဆရာ‌တော်သံဃာ‌တော်‌တွေနဲ့ လူထုဒကာ ဒကာမ‌တွေ စု‌ပေါင်းပြီး ဆန္ဒ‌ဖော်ထုတ်သွားမယ်”ဟု မိန့်ကြား သည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရအား တိုက်တွန်း‌တောင်းဆိုသွား‌ရေး အပါအဝင် အချိန်တစ်လကြာသည်အထိ ‌ဆောင်ရွက်‌ပေးခြင်းမရှိလျှင် နိုင်ငံ‌တော်သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံတင်ပြ‌တောင်းဆိုရန်နှင့် ‌ပြေလည်မှုမရရှိပါက ‌ဒေသခံသံဃာ‌တော်များ ပြည်သူများ စု‌ပေါင်း၍ ဆန္ဒ‌ဖော်ထုတ်သွားရန် စသည့်အချက် ၃ချက်ပါဝင်သည်။

အဆိုပါ‌ဘောလုံးကွင်းမှာ ဗိုလ်ချုပ်‌အောင်ဆန်း ကရင်ပြည်နယ်သို့ လာ‌ရောက်စဉ် လူထူ ‌တွေ့ဆုံပွဲ မိန့်ခွန်း‌ပြောကြားခဲ့သည့် သမိုင်းဝင်‌နေရာဖြစ်ပြီး ပြည်နယ်ဂုဏ်‌ဆောင် အားကစားသမားများကို ‌မွေးထုတ်‌ပေးခဲ့‌သော ကစားကွင်း၊ ကရင်ပြည်နယ်အစိုးရ မသတ်မှတ်ရ‌သေးခင် အချိန်ကာလများက ပြည်နယ်‌နေ့ အခမ်းအနားများ ကျင်းပခဲ့သည့်‌နေရာဖြစ်ခြင်းအပြင် အာဇာနည် ‌ကျောက်တိုင် အထိမ်းအမှတ်များရှိသည့် သမိုင်းဝင်‌နေရာလည်း ဖြစ်သည်။

၎င်းသမိုင်းဝင်‌နေရာကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက် ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လွှဲ ‌ပြောင်းလုပ်ကိုင်ခွင့်‌ပေးခဲ့ပြီး‌နောက် ဟိုတယ်နှင့် ‌ဈေးဝယ်စင်တာ တည်‌ဆောက်‌နေမှု‌ကြောင့် ‌ဒေသခံများနှင့် ဆရာ‌တော်များ လွှတ်‌တော်ကိုယ်စားလှယ်များ အဆင့်ဆင့် ကန့်ကွက် ဆန္ဒထုတ်‌ဖော်ခဲ့မှုများ ရှိခဲ့သည်။ ထိုကန့်ကွက်မှုများ‌ကြောင့် တည် ‌ဆောက်‌ရေးလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး ယခုအစိုးရသစ်လက်ထက်တွင် ပြည်သူလက်ဝယ် ပြန်လည်ရရှိ‌ရေးအတွက် ‌ဒေသခံများက လိုလား‌နေကြခြင်းဖြစ်သည်။

ဖားအံမြို့ ၊ အမှတ် (၉)ရပ်ကွက်‌နေထိုင်သူ ‌စောတင်ဝင်းက “အရင်အစိုးရတုန်းက ‌နေပြည်‌တော်ကလူ‌တွေ ဇွဲကပင် ဆရာ‌တော် ကြီးဆီလာပြီး ဒီ‌နေရာမှာ ဟိုတယ်‌ဆောက်မယ့်ကိစ္စ ဘယ်လိုမြင်ပါသလဲလို့ ‌လျှောက်ဖူးတယ်။ မရလို့ ပြန်သွားကြရတယ်။ ကျ‌နော်က‌တော့ ဘယ်ကလူမှန်းမသိ ပြည်နယ်‌ဒေသလည်း အကျိုးမပြုဘဲ အများပိုင်‌နေရာ၊ သမိုင်းဝင်‌နေရာကို အခုလိုလုပ်ထား တာ ပြန်လည်ရ‌အောင် ‌ဆောင်ရွက်တဲ့‌နေရာမှာ ပါဝင်သွားမယ်”ဟု ‌ပြောသည်။

‌မြေဧရိယာ(၂.၅၅၆) ဧကရှိ မြို့မ‌ဘောလုံးကွင်းအား မူလအတိုင်း ပြန်လည်ထားရှိနိုင်‌ရေးကို ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်‌နေ့ က ဖားအံမြို့မိမြို့ဖများနှင့် သံဃာ‌တော်များ စု‌ပေါင်းကာ ‌ကော်မတီဝင် ၃၂ဦးပါသည့် သမိုင်းဝင်မြို့မ‌ဘောလုံးကွင်း ပြန်လည်ရရှိ ‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့‌သေးသည်။