Home သတင်း ပဲခူးတိုင်း၊ ကရင်‌ကျေးရွာများ လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲ‌နေမှုအ‌ပေါ် ‌ရေးရာ‌ကော်မတီထံ တင်ပြ

ပဲခူးတိုင်း၊ ကရင်‌ကျေးရွာများ လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲ‌နေမှုအ‌ပေါ် ‌ရေးရာ‌ကော်မတီထံ တင်ပြ

2086

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများ‌နေထိုင်ရာ ‌ကျေးလက်‌ဒေသများတွင် လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲ‌နေမှု ကို အစိုးရထံ တင်ပြ‌တောင်းဆို‌ပေးရန် ‌အောက်တိုဘာလ ၂၈ရက်‌နေ့က ပဲခူးမြို့၊ တိုင်း‌ဒေသကြီးလွှတ်‌တော် အစည်းအ‌ဝေးခန်း မ၌ ပြုလုပ်သည့် တိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ‌တွေ့ဆုံပွဲတွင် အဓိကထား တင်ပြခဲ့သည်ဟု ‌တောင်ငူမြို့၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင် ‌စောထူးဘလပ်က ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ကျ‌နော်တို့ ‌ဒေသဖွံ့ဖြိုးဖို့ ဥပမာ ကရင်ဆိုရင် အများအားဖြင့် ‌ခေါင်တဲ့‌နေရာမှာ‌နေတယ်။ ဖြူးမြို့နယ် ကညွှတ်ကွင်း- မိသလ္လင်လမ်းဘက်ကိုသွားရင် ‌တောင်ဘက်မှာ ကရင်ရွာ ‌လေးငါးဆယ်ရွာ‌လောက်ရှိတယ်။ ‌ခေါင်‌တော့ လမ်းပမ်းဆက်သွယ်‌ရေး အရမ်းခက်တယ်။ ‌မြေသားလမ်း‌တွေ အရမ်းဆိုးတယ်။ ‌ကျောက်ခင်းလမ်း‌လောက် ပထမအဆင့် လုပ်‌ပေး‌ပေါ့။ ‌ကျောက်ကြီးမြို့ နယ်၊ နံ့သာကွင်းက‌နေ ဝက်လှ‌တောကို သွားတဲ့‌နေရာ မရမ်းတို့၊ ဝက်လှ တို့ ရွာ‌တွေ လမ်း‌တော်‌တော်ဆိုးတယ်။ စက်ဘီးနဲ့သွား ရင်‌တောင် တွန်းရတယ်။ လူနာ‌တွေဆို ထမ်းရတယ်။ လမ်း‌တွေ‌ကောင်း‌အောင် လုပ်‌ပေးပါလို့ အဓိက တင်ပြတယ်”ဟု ‌စောထူး ဘလပ်က ‌ပြောသည်။

ယခုကဲ့သို့ တိုင်းရင်းသားကိုယ်စားလှယ်များ တင်ပြချက်များအ‌ပေါ် ဥပ‌ဒေ‌ဘောင်းအတွင်းမှ အတတ်နိုင်ဆုံး လုပ်ကိုင်‌ပေးသွား မည်ဟု ‌ကော်မတီတာဝန်ရှိသူများက ‌ပြောဆိုသွားသလို တင်ပြချက်များသည် တရားဝင်မှတ်တမ်းဖြစ်ကာ ‌တွေ့ဆုံပွဲအ‌ပေါ် အားရမှုရှိသည်ဟု ‌စောထူးဘလပ်က ဖြည့်စွက်‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲကို နံနက် ၁ဝနာရီမှ ၁၂နာရီထိ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး၊ ပဲခူးတိုင်း ‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီဥက္ကဌ ‌ကျောက်ကြီးမြိုနယ်၊ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး၊ ‌ကော်မတီအတွင်း‌ရေးမှူးနှင့် ‌ကော်မတီဝင်များ၊ တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်၊ ကယား(ကရင်နီ)၊ မွန်၊ ချင်း၊ ပအိုဝ်း စသည့်တိုင်းရင်းသားကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ပြီး လမ်းပမ်းဆက်သွယ်‌ရေး၊ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး စသည့်ကိစ္စရပ်များကို တင်ပြခဲ့ကြသည်။

တိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဆန်းဦးက “ကျ‌နော်တို့ ရည်ရွယ်ချက်က‌တော့ တိုင်း ရင်းသား‌ရေးရာ‌ကော်မတီက‌နေပြီး‌တော့ တိုင်းရင်းသား‌တွေဆီက အကြံဉာဏ် အချက်အလက်‌လေး‌တွေယူပြီး လွှတ်‌တော်ထဲမှာ တင်ပြစရာရှိတာ‌လေး‌တွေ တင်ပြပြီး‌တော့ တိုင်းရင်းသားပြည်သူ‌တွေအတွက် လုပ်‌ပေးစရာရှိတာ‌တွေ လုပ်‌ပေးဖို့အတွက် ရည် ရွယ်ပါတယ်။ အဲ့ထဲက‌နေ အများနဲ့သက်ဆိုင်တဲ့ လိုအပ်ချက်‌တွေကို ဥပ‌ဒေနဲ့အညီ တင်ပြ‌တောင်းဆို‌ပေးဖို့ပါ”ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ထို့အပြင် တိုင်း‌ဒေသကြီးအတွင်းရှိ တိုင်းရင်းသား‌ဒေသဖွံ့ဖြိုး‌ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ယခုနှစ် ဖြည့်စွက် ရံပုံ‌ငွေ ဘတ်ဂျက်တွင် ထည့်သွင်း‌ပေးရန် တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်‌စောင့်‌ရှောက်‌ရေး ဥပ‌ဒေ ပုဒ်မ(၁၃)အရ တင်ပြ ‌တောင်းခံထားသည်ဟု ‌ကော်မတီဥက္ကဌ ဦးတင်ဆန်းဦးက ဆက်‌ပြောသည်။

၎င်းလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီအ‌နေဖြင့် တိုင်းအတွင်းရှိ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များနှင့် ပြီးခဲ့သည့် ဇွန်လအတွင်းက ပထမဆုံးအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ယခု ဒုတိယအကြိမ် ‌တွေ့ဆုံခြင်းဖြစ်ကာ ‌ကော်မတီအ‌နေဖြင့် လွှတ် ‌တော်အစည်း‌ဝေးတွင် ‌ရေးရာ‌ကော်မတီ အစီရင်ခံစာ ၁/၂၀၁၆၊ ၂/၂၀၁၆ ကို တင်ပြထားပြီး တိုင်းရင်းသားများအတွက် ဆက် လက် လုပ်‌ဆောင်သွားဖြစ်‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။