Home အမြင်သဘောထား ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိ‌ဘောအဒူရာဒတ် နတ်ရွာစံသွားသည့်အ‌ပေါ် မြန်မာနိုင်ငံသားအချို့၏ ရင်တွင်းဖြစ်များ

ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိ‌ဘောအဒူရာဒတ် နတ်ရွာစံသွားသည့်အ‌ပေါ် မြန်မာနိုင်ငံသားအချို့၏ ရင်တွင်းဖြစ်များ

2998

ဦးမိုးကြိုး (ဥက္ကဌ – မြန်မာပြည်သားများအ‌ရေးပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA)

moe-joe
ထိုင်းဘုရင်ဆိုတာ ထိုင်းနိုင်ငံသား‌တွေသာမက ကမ္ဘာ့တစ်ဝှမ်း‌လေးစားကြတဲ့ ဘုရင်‌ကောင်းတစ်ပါးဖြစ်သလို ‌ခေါင်း‌ဆောင် ‌ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ သက်ဦးဆံပိုင်ဆိုတဲ့ အာဏာရှင်ဘုရင်စနစ်ကို ကျင့်သုံးတာမဟုတ်ဘူး။ နန်းစံသက် အနှစ် ၇ဝလုံးလုံးမှာ သူ့ပြည်သူ‌တွေအတွက် မဖွံ့ဖြိုးတဲ့‌နေရာ‌ဒေသ‌တွေမှာ လမ်း‌တွေ၊ စာသင်‌ကျောင်း‌တွေ၊ ‌ဆေးခန်း‌တွေကို သူကိုယ်တိုင်ဦး‌ဆောင်ပြီး လုပ်‌ပေးခဲ့တာ‌တွေရှိတယ်။ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ကြတဲ့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ အ‌နေနဲ့ကလည်း သူ့အ‌ကြောင်းကို အကုန်မသိနိုင်‌ပေမယ့် ထိုင်းနိုင်ငံမှာ မည်သည့်ဝန်ကြီးချုပ်ပဲ အုပ်ချုပ်ပါ‌စေ ထိုင်းနိုင်ငံရဲ့ အထင်ကရ နိုင်ငံဦး‌သျှောင်က ထိုင်းဘုရင်ဆိုတာ သိထားကြတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်ခဲ့လို့ ဒုက္ခအမျိုးမျိုးနဲ့ ‌ရောက်လာကြတဲ့ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား‌တွေက ထိုင်းမှာလည်း အခု စစ်အစိုးရအုပ်ချုပ်‌ပေမယ့် ထိုင်းပုလိပ်‌တွေ အမျိုးမျိုးဖိနှိပ်တာ ခံရ‌ပေမယ့် ဘုရင်အတွက်ဆို အ‌မွေးတိုင်တစ်တိုင် ထွန်း‌ပေးရ ‌ကောင်းမှန်း၊ ဆွမ်း ဆီမီး ‌ရေချမ်း‌လေး‌တွေ ကပ်ရ‌ကောင်းမှန်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌လေး‌တွေ သိကြတယ်။ အဲဒီအပြင် အရင်ထိုင်းအရပ်သားအစိုးရလက်ထက်‌တွေကတည်းက မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ သက်‌တောင့်သက်သာနဲ့ အလုပ် လုပ်ကိုင်နိုင်‌အောင် သူ့အ‌နေနဲ့ ညွန်ကြား‌ပေးခဲ့တာ‌တွေအတွက် ‌ကျေးဇူးမ‌မေ့ပါဘူး။ အဲဒီအတွက် ‌ကျေးဇူးတင်သလို တစ်ဖက်က လည်း သူကွယ်လွန်သွားတဲ့အ‌ပေါ်မှာ ကြီးစွာ စိတ်မ‌ကောင်းဖြစ်မိပါတယ်။ ‌နောက်ပြီး သူကွယ်လွန်သွားတဲ့အတွက် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား‌တွေ ကိုယ်စီမှာ စိုးရိမ်မှု‌တွေရှိလာတာက‌တော့ ထိုင်းနိုင်ငံ‌ရေး မငြိမ်သက်မှုဖြစ်လာတာနဲ့အမျှ မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား‌တွေရဲ့ အ‌ခြေအ‌နေဟာလည်း တစ်မျိုးတစ်ဖုံဖြစ်လာမှာကို စိုးရိမ်မှု‌တွေ အနည်းအများ‌တော့ ရှိကြပါတယ်။
======================================================

‌နော်ဘလူးမင်းနိုက်ဇန် (ကရင်ဒုက္ခသည်‌ကော်မတီ-KRC ‌ပြောခွင့်ရသူ)

naw-blumin-nite-zar
ထိုင်းဘုရင်ကြီးကွယ်လွန်သွားတဲ့အတွက် ကျမတို့အ‌နေနဲ့ ထိုင်းပြည်သူ‌တွေနည်းတူ စိတ်မ‌ကောင်းဖြစ်မိသလိုပဲ ‌ကောင်းရာသုဂ တိလားပါ‌စေလို့ ဆု‌တောင်း‌ပေးပါတယ်။ ကျမတို့ သူ့ကို မျက်နှာဆိုင်မ‌တွေ့ရ‌ပေမယ့် သူ့တိုင်းပြည်မှာ လာ‌ရောက်ခိုလှုံ‌နေရတာ ဟာ သူ့ခွင့်ပြုချက်၊ သူ့ဂရုဏာ‌တွေ ‌မေတ္တာကိုယ်ချင်းစာစိတ်ထားကို ကျမတို့က သိပြီးခံစားလာခဲ့ရတာဖြစ်ပါတယ်။ အခု သူ မရှိ ‌တော့ ကျမတို့အ‌နေနဲ့ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုလို့ ခံစားရတယ်။ သူ့အ‌နေနဲ့ တိုင်းသူပြည်သား‌တွေအားလုံးအတွက် လုပ် ‌ဆောင်ခဲ့တဲ့ အရာအားလုံးဟာ ကျမတို့ကို တိုက်ရိုက်မဟုတ်တာ‌တောင် သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်‌နေတယ်လို့ ကျမတို့ယုံ ကြည်တဲ့အခါကျ‌တော့ သူကွယ်လွန်တာ တကယ်လစ်လပ်သွားတယ်လို့ ခံစားရတယ်။
ဒုက္ခသည်တစ်ဦးအ‌နေနဲ့ကြည့်မယ်ဆိုရင် ပြည်သူလူထုကြား ထဲထဲဝင်ဝင် သွားလာလှုပ်ရှားပြီး‌တော့ လူထုအတွက် တကယ်အပင်ပမ်းခံလုပ်တဲ့ ဘုရင်ဆိုရင် ကမ္ဘာမှာ သူ တစ်ဦးတည်းရှိမယ်ထင်ပါတယ်။ အခု သူမရှိ‌တော့‌သော်ငြားလည်း သူချခဲ့ တဲ့ လမ်းစဉ်‌တွေအားလုံးကို တိုင်းပြည်က ဆက်လက် လုပ်‌ဆောင်သွားမှာပဲဆိုတာ အခု တက်‌နေတဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က ‌ပြောထားတာရှိပါတယ်။ ကျမတို့ဒုက္ခသည်‌တွေရဲ့ ‌ရှေ့‌ရေးမှာကြည့်မယ်ဆိုရင်‌တော့ ထိုင်းဘုရင်ရှိခဲ့သလိုပဲ အခုအုပ်ချုပ်‌နေတဲ့ စစ်အစိုးရ အပါအဝင် တိုင်းသူပြည်သား‌တွေကလည်း ကျမတို့အ‌ပေါ်မှာ အရင်ကလိုပဲ စိတ်ထားမယ်လို့ယုံကြည်သလို ထားဖို့ လည်း ‌မျှော်လင့်ပါတယ်။
=======================================================

‌စောအလှ (ဥက္ကဌ – ဘန်‌ကောက်အ‌ခြေစိုက် ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များဆိုင်ရာ
လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ OKRSO)

14699781_631497633718940_165912872_n
ကျ‌နော်တို့အ‌နေနဲ့ ထိုင်းဘုရင်ကွယ်လွန်သွားတဲ့အ‌ပေါ်မှာ ‌တော်‌တော်စိတ်မ‌ကောင်းဘူး။ သူဟာ ‌ကျောသားရင်သားမခွဲခြားဘူး။ ကျ‌နော်ဆိုရင် ဟိုးအသက် ၁၂နှစ်ကတည်းက ဒီထိုင်းနိုင်ငံကို ‌ရောက်လာရတာ။ သူ့အ‌နေနဲ့က တိုင်းပြည်သူပြည်သား‌တွေအ ‌ပေါ်မှာ လုပ်‌ဆောင်ခဲ့‌ပေးတာ‌တွေက ကျ‌နော်တို့မျက်မြင်ကိုယ်‌တွေ့လည်းဖြစ်တယ်။ ‌နောက်ပြီး ကျ‌နော်တို့မြန်မာပြည်သား‌တွေ ဒီထိုင်းမှာလာပြီး အလုပ်လုပ်ကိုင်ခွင့်ရ‌နေတာ ဒီလိုအဖွဲ့အစည်း‌တွေနဲ့ အ‌ခြေချခွင့်‌ပေးတာ‌တွေဟာ သူ့‌ကျေးဇူးအများကြီး ပါတယ် လို့ထင်ပါတယ်။ ကျ‌နော်တို့အဖွဲ့အ‌နေနဲ့ကလည်း ထိုင်းဘုရင်‌မွေး‌နေ့ပွဲ‌တွေဆို အဖွဲ့အစည်းထဲမှာ ကျင်းပတာရှိသလို သူ့‌မွေး‌နေ့မှာ နှစ်တိုင်းလိုလို ကိုယ့်ကရင်ရိုးရာယဉ်‌ကျေးမှု‌တွေနဲ့ သွား‌ရောက် ကပြ‌ဖျော်‌ဖြေတာ‌လေး‌တွေရှိတယ်။ တစ်ခုက ထိုင်းဘုရင်ကြီး မရှိ ‌တော့‌နောက်ပိုင်း အ‌ခြေအ‌နေ‌တွေကို‌တော့ ကျ‌နော်တို့စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့မြန်မာ‌ရွှေ့‌ပြောင်းအလုပ် သမား‌တွေအတွက် ဘာ‌တွေဖြစ်လာမလဲ၊ ဘာ‌တွေဖြစ်လာနိုင်လဲဆိုတာ အားလုံးက စိုးရိမ်‌နေတာ‌လေး‌တွေ‌တော့ဖြစ်တယ်။
=======================================================

နိုင်‌အေးလွင် (အတွင်း‌ရေးမှူး – နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWT)

aye-lwin
ထိုင်းဘုရင်ဆိုတာ နယ်စပ်‌ဒေသ တိုင်းရင်းသား‌ဒေသ‌တွေကို ဖွံ့ဖြိုးတိုးတက်‌အောင် လုပ်‌ဆောင်‌ပေး ‌နေတဲ့ဘုရင်ဖြစ်တယ်ဆို ‌တော့ ‌လေးစားသလို သူ ကွယ်လွန်သွား‌တော့ စိတ်မ‌ကောင်းဘူး‌ပေါ့။ သူ့နိုင်ငံမှာ ‌ရောက်လာကြတဲ့သူ‌တွေအားလုံး အဆင်‌ပြေ ‌ပြေ၊ ‌ချော‌ချော‌မွေ့‌မွေ့‌နေနိုင်ဖို့အတွက် ဥပမာ ဆရာတို့အခု လက်ရှိလုပ်‌နေတဲ့ကျန်းမာ‌ရေးလုပ်ငန်း‌ဆောင်တာ‌တွေ အဆင်‌ပြေ‌နေ တယ်ဆိုတာ သူ‌ကြောင့်လည်း ပါနိုင်တယ်‌လေ။ ‌နောက်ပြီး ဆရာတို့ ဒီမှာရှိ‌နေတဲ့အချိန်က တစ်ကိုယ်‌ရေမဟုတ်‌တော့ဘူး။ သား သမီး‌တွေ၊ မိသားစု‌တွေနဲ့ဖြစ်လာပြီး ‌နေထိုင်‌နေရတာ။ အဲဒီအခါ က‌လေး‌တွေ ‌ကျောင်း‌နေ‌ရေးတို့၊ ‌နေထိုင်ခွင့်တို့က သူ့‌ကျေးဇူး ‌တွေ‌တော့ တိုက်ရိုက်‌သော်လည်း‌ကောင်း၊ သွယ်ဝိုက်‌သော်လည်း‌ကောင်း အများကြီး ပတ်သက်‌နေတာပဲ‌လေ။ အခု သူမရှိ‌တော့ တဲ့ ‌နောက်ပိုင်းက‌တော့ သူရှိ‌နေစဉ်က ရရှိထားတဲ့ အခွင့်အ‌ရေး‌လေး‌တွေ၊ နည်းနည်းပါးပါးရရှိထားတဲ့ အခွင့်အ‌ရေး‌လေး‌တောင် ဆုံးရှုံးသွားမလားဆိုတဲ့ စိုးရိမ်မှု‌လေး‌တွေရှိတာ‌ပေါ့။