Home သတင်း စပါး‌ဈေး ထက်ဝက်နီးပါး ကျဆင်း‌နေသည့်အတွက် ပန်းတ‌နော်လယ်သမားများ အရှုံး‌ပေါ်

စပါး‌ဈေး ထက်ဝက်နီးပါး ကျဆင်း‌နေသည့်အတွက် ပန်းတ‌နော်လယ်သမားများ အရှုံး‌ပေါ်

2589
?

‌အောက်တိုဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

လက်ရှိ စပါး‌ပေါ်ချိန်တွင် ယခင်နှစ်ထက် စပါး‌ဈေးထက်ဝက်နီးပါး ကျဆင်း‌နေပြီး ဝယ်ယူမည့် ကုန်သည်နည်းပါး‌နေသည့်အ တွက် လယ်သမားများ အရှုံး‌ပေါ်ကာ အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ပန်းတ‌နော်မြို့နယ်၊ ‌ကျေးရွာများရှိ လယ်သမားများက ‌အောက်တိုဘာလ ၂ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုလိုက်သည်။

ပန်းတ‌နော်မြို့နယ်၊ ‌ပေပင်‌မြောက်အုပ်စု၊ ဘုရားနှစ်ဆူရွာတွင် လယ် ၂၂ဧက စိုက်ပျိုးထားသည့် စနိုင်လင်းဦးက “အခု စပါး‌ဈေး က သုံးသိန်း၊ သုံး‌သောင်း‌ဈေးရှိတယ်။ အရင်နှစ်က စပါး‌ဈေး ငါးသိန်းရှစ်‌သောင်းနဲ့ ‌ခြောက်သိန်း‌လောက်ထိရှိတယ်။ အခုနှစ်ဆ နီးပါးကျ‌နေတာ‌တောင် ဝယ်မဲ့သူနည်းတယ်။ စပါး‌ရောင်းရမှပဲ ပြန်စိုက်ဖို့ အရင်းအနှီး အဆင်‌ပြေမှာ။ အခုလို ‌ဈေးကျစပါး ‌ရောင်း မထွက်ဆို‌တော့ အခက်အခဲကြုံရတာ‌ပေ့ါ”ဟု ‌ပြောသည်။

စပါး‌ဈေး တစ်ဧကစိုက်ပျိုးရာတွင် မျိုးစပါးနှင့် အ‌ထွေ‌ထွေ ကုန်ကျစရိတ် ကျပ်သုံးသိန်းနီးပါးရှိပြီး လက်ရှိစပါး ကျပ်သုံးသိန်းနှင့် သုံးသိန်း၊ သုံး‌သောင်းကြားသာရှိသည့်အတွက် အရင်းပင်ပြန်မရဖြစ်‌နေသည်။ ထို့အပြင် အစိုးရထံမှ ရယူထားသည့် စိုက်ပျိုး စရိတ်‌ချေး‌ငွေ ပြန်ဆပ်ရန် အခက်အခဲဖြစ်‌နေပြီး သင့်တင့်သည့်‌ဈေးနှုန်းသို့ စပါး‌ဈေးတက်လာ‌အောင် အစိုးရတာဝန်ရှိသူများက လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု ပန်းတ‌နော်မြို့နယ်၊ မင်းဆယ်‌ကျေးရွာအုပ်စု၊ ကျွန်းဘိုး‌ကျေးရွာမှ လယ်သမားတဦးဖြစ်သူ မန်း ထိန်လင်းက ‌ပြောသည်။

ယင်းသို့ အစိုးရ စိုက်ပျိုးစရိတ်‌ချေး‌ငွေ ထုတ်‌ချေးရာတွင် ဝိုင်းကြီးချုပ်စနစ်ဖြင့် လယ်သမားသုံးဦးက အပြန်အလှန် အာမခံရပြီး ၎င်းတို့သုံးဦးတွင် တစ်ဦးက စိုက်ပျိုးစရိတ်‌ချေး‌ငွေ ပြန်မဆပ်နိုင်ပါက ကျန်သူနှစ်ဦးလည်း ‌ချေး‌ငွေမရသည့်အတွက် နစ်နာမှုရှိသ လို ယင်းစနစ်ကို ပြန်သုံးသပ်‌ပေး‌စေလိုသည်ဟု မင်းဆယ်ရွာမှ လယ်သမား မန်းတင်ရီက ဖြည့်စွက်‌ပြောသည်။

လက်ရှိ စပါး‌ဈေးကျဆင်း‌နေမှုအ‌ပေါ် ပန်းတ‌နော်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်( ၂)တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦး သန့်ဇင်ထွန်းက “အခု‌ဈေးကျတာ‌တော့ သိတယ်။ အခုချိန်မှာ ‌ရောင်းတာ၊ ဝယ်တာလည်း သိပ်မရှိ‌သေးဘူး‌လေ။ ကျ‌နော်ထင် တယ်။ အကျိုးသက်‌ရောက်မှုက ‌လော‌လောဆယ်မှာ‌တော့ ‌ပြောဖို့ ခက်‌နေပါ‌သေးတယ်။ စပါး‌ဈေး မကျ‌စေချင်တာ‌တော့ ‌တော် ‌တော်များများပါ။ သို့‌သော်လည်းပဲ ‌ဈေးကျလို့ အကူအညီ‌တောင်းလာတာမျိုး မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌အောက်တိုဘာလ ၂၁ ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ စပါး‌ဈေးကျရခြင်းမှာ အစိုးရသစ်လက်ထက် ပြည်ပသို့ဆန်တင်ပို့မှု ‌လျော့ကျခြင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဆန်တင် ပို့ရာတွင် အဖမ်းအဆီးများသည့်အတွက် တင်ပို့မှု‌လျော့ကျခဲ့ခြင်း‌ကြောင့် ဆန်ကုန်သည်များထံတွင် လက်ကျန်ဆန်များကာ စပါး ထွက်ချိန်ထပ်ဝယ်ရန် ‌ငွေမရှိ‌တော့၍ အခုလို စပါး‌ဈေး ကျဆင်း‌နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ‌ဒေါက်တာစိုးထွန်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“အစိုးရကို စပါး‌ဈေးကျတာဖြစ်လာနိုင်လို့ ‌ဆောင်ရွက်‌ပေးဖို့ တင်ပြတာရှိတယ်။ စီးပွားကူးသန်းက အရံဆန်ဝယ်တဲ့ ‌ကော်မတီ ‌တွေ ဖွဲ့မယ်‌ပြောတယ်။ အခုကျ‌တော့ အရံဆန်ဝယ်ဖို့ ‌ကော်မတီလည်း မဖွဲ့ဘူး။ ဘတ်ဂျက်လည်း မရှိဘူး‌ပေါ့‌နော်။ အစိုးရအ‌နေ နဲ ့ဘာမှလုပ်‌ပေးတာ မကြားဘူး။ သူတို့အ‌နေနဲ့ လုပ်သင့်တာက အရံ ဆန်လိုဟာမျိုး စပါး‌ဈေးကျတဲ့အချိန်မှာ ‌ငွေထုတ်ဝယ်တာ မျိုး‌ပေါ့‌နော်။ ‌နောက်လက်ကျန်များ‌နေတဲ့ ဆန်‌တွေကို ပြည်ပတင်ပို့ဖို့ ‌ဆောင်ရွက်‌ပေးဖို့ တင်ပြထားတာရှိတယ်”ဟု ၎င်းက ‌ပြော သည်။

ထိုသို့ စပါး‌ဈေးကျဆင်းမှုမျိုး ၂၀၁၂ခုနှစ်က ဖြစ်‌ပေါ်ခဲ့ပြီး ထိုစဉ်က စပါးတင်း ၁၀ဝလျှင် ကျပ် ၂၇၀,၀၀ဝအထိ ကျဆင်းခဲ့ရာ မြန် မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်က ကျပ် ၃၅၀,၀၀ဝအထိ ‌ပေးဝယ်ခဲ့ဖူး‌သော်လည်း ယခုနှစ်တွင် ဝယ်ယူရန် လတ်တ‌လော အစီအ စဉ် မရှိ‌သေး‌ကြောင်း အသင်းတာဝန်ရှိသူများက ‌ပြောသည်။ ထို့အပြင် ယခုနှစ် ပြည်ပသို့ ဆန်တင်ပို့ရာတွင် တန်ချိန်နှစ်သိန်း ‌ကျော် ယခင်နှစ်ထက် ‌လျော့နည်း‌နေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။