Home သတင်း ခွဲထွက် ဒီ‌ကေဘီ‌အေအဖွဲ့ကို လက်ခံကြိုဆို‌ကြောင်း ‌ကေအဲန်ယူ‌ပြော

ခွဲထွက် ဒီ‌ကေဘီ‌အေအဖွဲ့ကို လက်ခံကြိုဆို‌ကြောင်း ‌ကေအဲန်ယူ‌ပြော

1676

‌အောက်တိုဘာ ၅ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA (ခွဲထွက်) အဖွဲ့အ‌နေဖြင့် ၎င်းတို့ကိုင်စွဲထား သည့် ၁/၉၄နှင့် ၂/၉၄ မူများကို ရုပ်သိမ်းပြီး ပြန်လည်ပူး‌ပေါင်းမည်ဆိုပါက လက်ခံကြိုဆိုမည်ဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ‌အောက်တိုဘာ ၄ ရက်‌နေ့ရက်စွဲဖြင့် သ‌ဘောထား ထုတ်ပြန်လိုက်သည်။

သ‌ဘောထားထုတ်ပြန်ချက်အ‌ပေါ် KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “သူတို့(ခွဲထွက် DKBA)အ‌နေနဲ့ အခု သူတို့ထုတ်ထားတဲ့ ၁/၉၄ ကို အမှန်တကယ် ဆက်လက် ချီတက်ဦးမယ်ဆိုရင်‌တော့ ဒါဟာယခင်က ‌ကေအဲန်ယူကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ဖြစ်တယ်။ သူတို့ ရပ်တည်ချက်ကို ရုပ်သိမ်းလိုက်မယ်ဆိုရင် ကျ‌နော်တို့နဲ့ပြန်လည်ပူး‌ပေါင်းလိုက ပူး‌ပေါင်းနိုင်တယ်ဆိုတာကို ‌ကေအဲန်ယူက လက်ကမ်းကြိုဆိုတာပါပဲ”ဟု‌ပြောသည်။

၎င်းအပြင် DKBA (ခွဲထွက်)အ‌နေဖြင့် ‌ကေအဲန်ယူနှင့်ပြန်လည်ပူး‌ပေါင်းရန် ဆန္ဒရှိမရှိဆိုသည်မှာ ကာယကံရှင်များ၏ ဆန္ဒသာဖြစ်ပြီး အကယ်၍ ပြန်လည်ပူး‌ပေါင်းပြီး ‌ကေအဲန်ယူ၏ ဦး‌ဆောင်ကိုင်တွယ် မှု‌အောက်‌ရောက်သွား မည်ဆိုပါက မိမိတို့အဖွဲ့အစည်းဖြစ်သွားသည့်အတွက် လက်ခံရမည်မှာ တာဝန်ရှိ‌ကြောင်းလည်း ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့် DKBA (ခွဲထွက်)အဖွဲ့၏ ကိစ္စနှင့်ပတ်သက်၍ KNU ‌ခေါင်း‌ဆောင်များအကြား ‌ဆွေး‌နွေးညှိနှိုင်းမှုများရှိခဲ့ပြီး‌နောက် စက်တင်ဘာ ၂၉ ရက်‌နေ့တွင်ပြုလုပ်သည့် KNU(EC)အစည်းအ‌ဝေးတွင် အများသ‌ဘောတူညီမှုဖြင့် ယခုသ‌ဘောထားကိုု ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း KNU က ‌ပြောဆိုသည်။

ကရင်လက်နက်ကိုင်များပြန်လည်‌ပေါင်းစည်း‌ရေးအတွက် ကရင်ပြည်သူများမှ လိုလားမှုများရှိ‌နေသလို ယခုထွက်‌ပေါ်လာသည့် KNU ၏ သ‌ဘောထားထုတ်ပြန်ချက်ကို ကရင်လူမှုအဖွဲ့အစည်း များအ‌နေဖြင့်လည်း လက်ခံကြိုဆိုမှုများရှိ‌နေ‌ကြောင်း ‌ပြောဆိုမှုများရှိ‌နေသည်။

‌ကော့ကရိတ်မြို့နယ်ရှိ သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ရက်ဥက္ကဌ မန်းသိန်း‌ဇော်က “KNU အဖွဲ့နဲ့ ပူး‌ပေါင်းမယ်ဆိုရင် ဆန်း‌အောင်တို့အဖွဲ့ကို ကျ‌နော်တို့က ကြိုဆိုတယ်‌လေ။ ကရင်လက်နက်ကိုင်‌တွေ တစ်ဖွဲ့တည်းဖြစ်ဖို့ကို ကျ‌နော်တို့‌တောင်းဆိုထားတာလည်း ကြာပြီ။ ပြန်ပူး‌ပေါင်းမယ်ဆိုရင် ကရင်အချင်းချင်း စည်းလုံးလာပြီလို့လည်း ယူဆတယ်။ အဲလိုဖြစ်ဖို့ ကရင်ပြည်သူတစ်‌ယောက်အ‌နေနဲ့‌ရော လူမှုအဖွဲ့အစည်း အ‌နေနဲ့‌ရော မြင်ချင်ပါတယ်။ ‌တောင်းလည်း‌တောင်းဆိုပါတယ်”ဟု‌ပြောသည်။

ကရင်လက်နက်ကိုင်များမှလည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်‌နေ့တွင် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီ ဖွဲ့စည်းကာ လက်နက်ကိုင်အချင်းချင်း စည်းလုံးညီညွတ်‌ရေးအတွက် အ‌ခြေခံပြီး အစဉ်တစိုက်ကြိုးပမ်းလုပ်‌ဆောင်မှုများ ရှိခဲ့သည်။

DKBA (ခွဲထွက်)အဖွဲ့သည် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA မှခွဲထွက်ပြီး ယခင် ၁၉၉၄ ခုနှစ် KNUမှ ခွဲထွက်ကာစတွင် ဖွဲ့စည်းခဲ့သည့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA အမည်နှင့် မူများအတိုင်း ရပ်တည်သွားမည်ဖြစ်‌ကြောင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာထားခြင်းဖြစ်သည်။