Home သတင်း ကရင်အမျိုးသားပါတီ ‌ခေါင်း‌ဆောင်ပိုင်းအချို့ ‌ပြောင်းလဲတာဝန်‌ပေး

ကရင်အမျိုးသားပါတီ ‌ခေါင်း‌ဆောင်ပိုင်းအချို့ ‌ပြောင်းလဲတာဝန်‌ပေး

2113

‌အောက်တိုဘာ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်အမျိုးသားပါတီ (KNP) အလုပ်အမှု‌ဆောင်ဖွဲ့ အထူးအစည်းအ‌ဝေးကို ‌အောက်တို ဘာ ၈ရက်‌နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ပြုလုပ်ခဲ့ပြီး အစည်းအ‌ဝေးတွင် ပါတီဒုဥက္ကဋ္ဌ နှစ်ဦးကို ‌ပြောင်းလဲတာဝန်‌ပေးလိုက်သည်ဟု ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌အောက်တိုဘာ ၉ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အသက်အရွယ်အရ‌ရော၊ ကျမ်းမာ‌ရေးအရပါ သွားလာလှုပ်ရှားဖို ့အခက်အခဲရှိတဲ့ ပါတီ ဒုဥက္ကဌ -၂မန်းအုန်း‌မောင်‌နေရာမှာ မန်းသန်းကြိုင်(‌ကျောင်းကုန်း)နဲ ့ ဒုဥက္ကဋ္ဌ-၄ မန်းတင်‌ရွှေ‌နေရာမှာ ‌စောဖိုးဝါး(သံ‌တောင်ကြီး)တို့ကို‌ပြောင်းလဲတာဝန်‌ပေးလိုက်တယ်။ ‌နောက်ပြီး နန့်ရှုု‌ဂေးခလိန်ကိုပါတီ ဥပ‌ဒေအကြံ‌ပေးအဖြစ် ဗဟိုအလုပ်အမှု‌ဆောင်ထဲ တိုးချဲ့တာဝန်‌ပေးလိုက်တယ်” ဟု ပါတီ‌ပြောခွင့်ရ မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

၎င်းအပြင် အစည်းအ‌ဝေးတွင် ပါတီရန်ပုံ‌ငွေ ရှာ‌ဖွေ‌ရေး‌ကော်မတီ၊ စာ‌စောင်ထုတ်‌ဝေ‌ရေး ‌ကော်မတီတို့ကို တိုးချဲ့ဖွဲ့စည်းခဲ့သလို ပါတီဝင်အင်အားစု‌ဆောင်း‌ရေး၊ လူငယ်များအား သင်တန်း ‌ပေး‌ရေးကိစ္စနှင့် မြို့နယ်များသို ့ဆင်းကာ‌ဟော‌ပြောပွဲများ ပြုလုပ်‌ရေး၊ ပါတီ စီးပွား‌ရေးနှင့် သတင်းနှင့် ပြန်ကြား ‌ရေး‌ကော်မတီတို့ တိုးချဲ့ဖွဲ့စည်း‌ရေးကိစ္စရပ်များကိုလည်း ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့သည်ဟု ပါတီတွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး တဦးဖြစ်သူ မန်းမင်းရဲ‌ထွေးက ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက“ပါတီရံပုံ‌ငွေရှာ‌ဖွေ‌ရေး‌ကော်မတီကို ‌စောဟိုး‌ရှေး(‌မော်လမြိုင်)က ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်။ ‌နောက်ပါတီ စာ‌စောင်ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဋ္ဌအဖြစ် မန်း‌ကျော်ငြိမ်းက တာဝန်ယူသွားမယ်။ ဒီ‌နေ့ အစည်းအ‌ဝေးကို အချိန်တိုနဲ့ ကျင်းပနိုင်ပြီး အ‌ရေးကြီးတဲ့ ဆုံးဖြတ်ချက်‌တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ လုပ်ငန်းတာဝန်ခွဲ‌ဝေမှုနဲ့ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရမှာ‌တွေကို ဗဟိုက စိစစ်‌ရေးဆွဲပြီးဆိုင်ရာ EC‌တွေကို‌ပေးပို့ အ‌ကြောင်းကြားသွားပါမယ်”ဟု ‌ပြောသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်မြို့၌ တရားဝင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲသို့ ကိုယ်စားလှယ် ၂၁ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းမရှိပါ။ ပါတီအ‌နေဖြင့် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) အဖွဲ့သို့ ဝင်‌ရောက်ထားသည်။

လက်ရှိ KNPပါတီဥက္ကဋ္ဌအဖြစ် မန်းသိန်း‌ရွှေက တာဝန်ယူထားပြီး ကျမ်းမာ‌ရေးနှင့် အသက်အရွယ်အရ အနား‌ပေးလိုက်သည့် ပါတီဒုဥက္ကဋ္ဌ နှစ်ဦးကို ပါတီနာယကအဖြစ် ဆက်လက်ထားရှိသွားမည်ဟု ပါတီတာဝန်ရှိ သူများထံမှ သိရသည်။