Home ဆောင်းပါး ၂၁ရာစုပင်လုံ စင်မြင့်‌ပေါ်မှ စိတ်ကူးအိပ်မက်များနဲ့ လက်‌တွေ့ဘဝ

၂၁ရာစုပင်လုံ စင်မြင့်‌ပေါ်မှ စိတ်ကူးအိပ်မက်များနဲ့ လက်‌တွေ့ဘဝ

2194

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၂ဝရက်)

စိတ်ကူးများ၊ အလိုဆန္ဒများ၊ အိပ်မက်များသည် စိတ်ကူးသလို၊ အလိုဆန္ဒရှိသလို၊ အိပ်မက်ထဲမှာမက်သလို ပကတိလက်‌တွေ့ တွင် ဖြစ်လာသည် မဟုတ်ပါ။ လက်‌တွေ့နှင့်ကိုက်ညီနိုင်သမျှ ကိုက်ညီ‌အောင် ထိန်းညှိရင်း အ‌ကောင်အထည်‌ဖော်ကြရခြင်း ဖြစ် ပါတယ်။ ငှက်‌တွေကိုကြည့်ပြီး ပျံသန်းလို‌သောစိတ်ကူးဆန္ဒများကို လူသားတို့ အဖုံဖုံအနည်းနည်း ကြံဆခဲ့ကြပါတယ်။ ကြိုးစား အ‌ကောင်အထည်‌ဖော်ကြည့်ခဲ့ကြပါတယ်။ အဆုံးတ‌နေ့မှာ ထိုစိတ်ကူးဆန္ဒများနဲ့ ကိုက်ညီတဲ့လက်‌တွေ့ကို “ရိုက်ညီ‌နောင်”က လက်‌တွေ့ ပျံသန်းပြခဲ့ကြပါတယ်။ သူတို့ လက်‌တွေ့စတင်ပျံသန်းပြသခဲ့မှုမှာ စက္ကန့်ပိုင်းမျှ မိနစ်ပိုင်းမျှသာဖြစ်‌သော်လည်း ထိုစဉ် က သူတို့၏ လက်‌တွေ့ပျံသန်းပြသခဲ့မှုဟာ ယ‌နေ့ ‌လေ‌ကြောင်းပျံသန်းမှုအတွက် အကြီးမားဆုံး ‌ခြေလှမ်းကြီးကို စတင် ဖွင့်လှစ်ခဲ့ ခြင်းပင် မဟုတ်ပါသ‌လော။ သို့ဖြင့် ပျံသန်းမှု အတတ်ပညာဟာ ‌ခြေလှမ်းကျယ်ကြီး‌တွေနဲ့ တဆင့်ပြီးတဆင့် တိုးတက်ကျယ်ပြန့် လာခဲ့ပြီ မဟုတ်ပါ‌လော။

ဒီလိုနဲ့ လူသား‌တွေဟာ နယ်ပယ်ဘဝ‌ပေါင်းစုံက‌နေ စိတ်ကူးဆန္ဒ‌တွေ၊ အိပ်မက်‌တွေကို လက်‌တွေ့ဖြစ်‌မြောက်လာ‌အောင် စမ်း သပ်တီထွင်ခဲ့ကြပါတယ်။ တီထွင်မှု‌တွေ စမ်းသပ်မှု‌တွေဟာ လွယ်လွယ်ကူကူ‌တော့ မဟုတ်ပါဘူး။ ဘဝ‌တွေ၊ အသက်‌ပေးပြီး သင် ယူခဲ့ရတဲ့ သင်ခန်းစာ‌တွေဖြစ်ပါတယ်။ တီထွင်မှု‌တွေ၊ စမ်းသပ်မှု‌တွေဆိုတာ ရပ်နားလို့မရနိုင်ပါဘူး။ ထို့အတူပါပဲ လူ့သမိုင်းဟာ လည်း နိဂုံးချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ တီထွင်မှုသစ်‌တွေနဲ့ လူသားသမိုင်းဟာ အစဉ်ဆန်းသစ်‌နေပါလိမ့်မယ်။

သို့ဖြင့် တခါက စိတ်ကူးယဉ်ခဲ့‌သော ဆန္ဒများ၊ အိပ်မက်များသည် လက်‌တွေ့ဖြစ်လာခဲ့ပြီ။ ဤအတွက် လိုအပ်သည့် အချက်နှစ် ချက်မှာ မှန်ကန်တဲ့ အ‌ခြေခံ‌ပေါ်မှာ မိမိစိတ်ကူးကို လက်‌တွေ့တည်‌ဆောက်နိုင်မယ့် ပုံစံထုတ်ယူကြဖို့နဲ့ မ‌လျှော့တဲ့ ဇွဲလုံ့လဝီရိယ များနဲ့ ချီတက်ကြဖို့ဖြစ်ပါတယ်။ ရင်ဆိုင်စရာမှန်သမျှကို ရဲရဲရင်ဆိုင်ကြဖို့သာဖြစ်ပါတယ်။ လျှပ်စစ်မီးသီးတီထွင်ခဲ့တဲ့ “အက်ဒီ ဆင်”ရဲ့ ဇွဲလုံ့လမျိုး ရှိဖို့လိုပါတယ်။

မှန်ကန်တဲ့အ‌ခြေခံ‌ပေါ်မှာ စိတ်ကူးကို ပုံ‌ဖော်တည်‌ဆောက်‌ရေးဟာ အဓိကဘက်ဖြစ်ပြီး အက်ဒီဆင်လို လုံ့လဝီရိယရှိ‌ရေးက ထို စိတ်ကူးပုံ‌ပေါ်‌ရေးအတွက် မရှိမဖြစ်‌သော အာမခံချက်ဖြစ်ပါတယ်။ ဝီရိယဘယ်‌လောက်ပဲရှိ‌နေပါ‌စေ အ‌ခြေခံ မမှန်ပါက အိတ် ‌ပေါက်နဲ့ ဖား‌ကောက်‌နေသလိုသာ ဖြစ်ပါလိမ့်မယ်။

၂၁ရာစုပင်လုံ စင်မြင့်‌ပေါ်က‌နေ ကြားသိလိုက်ရ‌သော အသံများအရ ‌ဖော်ထုတ်လိုတဲ့ပုံစံ‌တွေ တဖွဲ့နဲ့တဖွဲ့၊ တပါတီနဲ့တပါတီ ကွဲ ပြား‌နေကြ‌သော်လည်း “ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး”သည် အားလုံး၏ တူညီ‌သော ဘုံစိတ်ကူး၊ ဘုံ ဆန္ဒ၊ ဘုံအိပ်မက်ဖြစ်‌နေတာ ပထမအချက်အ‌နေနဲ့ အထင်အရှား ‌တွေ့ရပါတယ်။

ဒုတိယအချက်အ‌နေနဲ့ လူမျိး‌ပေါင်းစုံပြည်သူများ၏ ဆန္ဒကို တိုက်ရိုက်ထင်ဟပ်‌နေတဲ့ ထိုစိတ်ကူး၊ ထိုဆန္ဒ၊ ထိုအိပ်မက်ကို ‌ဖော်ပြ ထားတဲ့ “ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု” ဆိုတဲ့စကားရပ်ကို အချို့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”နဲ့မညီပါဟု အ‌ကြောင်းပြကာ ကန့်ကွက်‌နေတဲ့အချက် ဖြစ်ပါတယ်။

သူတို့ ကန့်ကွက်မှုပမာဏဟာ ပြည်‌ထောင်စုလွှတ်‌တော်ထဲမှာ အ‌ရေအတွက်အရ ၁၈၄မဲရှိတာ ‌တွေ့ရပါတယ်။
ဒီပမာဏဟာ စစ်ဗိုလ်အမတ် ၁၆၆ဦးနှင့် အခြားသူ ၁၈ဦးတို့ရဲ့ မဲ‌တွေဖြစ်ပါတယ်။ ဘယ်သူ‌တွေ ကန့်ကွက်မဲ ‌ပေးခဲ့ကြတယ် ဆိုတာ တိတိကျကျ သိရဖို့ထက် သူတို့သည် “ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု”ဆိုသည်ကို စကားလုံး‌ဝေါဟာရအဆင့်မှာ ပင် အရူးအမူး ကန့်ကွက်‌နေကြတယ် ဆိုတဲ့အချက်ကို အထူးသတိပြုမိကြဖို့ ဖြစ်ပါတယ်။

“ဖက်ဒရယ်” ဆိုတာကို ‌ဝေါဟာရအရ‌ရော၊ အနှစ်သာရအရပါ အစဉ်အဆက် ကန့်ကွက်ခဲ့ကြသူ‌တွေ/ ကန့်ကွက်‌နေကြသူ‌တွေ၊ သရုပ်ဖျက်ခဲ့ကြသူ‌တွေ/ သရုပ်ဖျက်‌နေကြသူ‌တွေဟာ ဘယ်သူ‌တွေဖြစ်တယ် ပြည်သူအားလုံးက သိပြီးသားဖြစ်ပါတယ်။

“၂၀၀၈အ‌ခြေခံဥပ‌ဒေ” ဆိုတာဟာ ပြည်သူများက သက်ဆိုင်ရာ မဲဆန္ဒနယ်များက‌နေ ‌ရွေးချယ်ခံတင်‌မြှောက်လိုက်‌သော ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ်များရဲ့ ၇၅%‌သောဆန္ဒကို စစ်ဗိုလ်အမတ် ၂၅%က အလွယ်တကူ ပယ်ချနိုင်‌သော အခွင့်အ‌ရေးကို ဥပ‌ဒေအဖြစ် ပြဋ္ဌာန်း‌ပေးထားတဲ့ အ‌ခြေခံဥပ‌ဒေဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်တပ်ကိုချုပ်ကိုင်ထားသူ ကာချုပ်၏ သ‌ဘော ထားဆန္ဒတစ်ခုထဲဖြင့် ပြည်‌ထောင်စုလွှတ်‌တော်ထဲမှာ ဗိုလ်ကျခွင့်ရထားတဲ့ အခွင့်အာဏာဖြစ်ပါတယ်။ ပြည်သူလူထုဆန္ဒကို စစ် တပ်ကို ချုပ်ကိုင်ထားတဲ့ ကာချုပ်(စစ်ဗိုလ်ချုပ်)က ပယ်ချနိုင်၊ ဖျက်သိမ်းနိုင်တဲ့ အခွင့်အာဏာဖြစ်ပါတယ်။ “၂၀၀၈ အ‌ခြေခံဥပ ‌ဒေ”ရဲ့ အနှစ်သာရဟာ ဒီအချက်ပါပဲ။

ဒီလိုအနှစ်သာရရှိ‌နေတဲ့ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ “ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု” ဘယ်လိုတည်‌ဆောက်နိုင်ပါ့မလဲ။ တည်‌ဆောက်နိုင်မယ်လို့ ထင်တာဟာ ရိုးရိုးသားသား စိတ်ကူးယဉ်တာမဟုတ်ဘူးဆိုရင် ဒါဟာ လိမ်ညာလှည့်ဖြားလိုသူ‌တွေနဲ့ လက်ဝါးချင်း ရိုက်ထားမှုသာဖြစ်ပါလိမ့်မယ်။

“နိုင်ငံ‌တော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်တယ်”လို့ ဘယ်လိုပင်ဆိုထား‌စေကာမူ၊ ‌ရွေး‌ကောက်ပွဲ မှာ အနိုင်ရပြီး ပြည်‌ထောင်စုလွှတ်‌တော်ရဲ့ ၇၅% ကို ရရှိထားတဲ့ ပါတီ ဘယ်ပါတီမဆို ကာချုပ်ရဲ့ ၂၅% ဆိုတဲ့ စစ်ဗိုလ်အမတ် ဆိုသူ‌တွေကို မလွန်ဆန်နိုင်ပါဘူး။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ‌ဘောင်ထဲက‌နေ ဘယ်လိုမှ လွန်ဆန်လို့ မရပါဘူး။ ကာချုပ် သ‌ဘော မတူဘဲ၊ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ စာအုပ်ထဲက ဘယ်စကားလုံးကိုမျှ ပြင်ဆင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။ သူတို့ပြင်ဆင်လိုတာ‌တွေ သူတို့အတွက် အကျိုးရှိမှာ‌တွေကို‌တော့ သူတို့ တက်တက်ကြွကြွပြင်ဆင်မှာပါ။ ကာချုပ်က ချုပ်ကိုင်ထားတဲ့ အနှစ်သာအရပြင် ဆင်တာမျိုးကို‌တော့ ခွင့်ပြုလိမ့်မယ် မဟုတ်ပါဘူး။
IMG_9273
ဒါ‌ကြောင့် “စစ်မှန်တဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု”ကို ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ တည်‌ဆောက်လို့မရနိုင်ပါဘူး။ မှန်ကန်တဲ့အ‌ခြေခံ‌ပေါ်မှာသာ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်ပါလိမ့်မယ်။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌ဘောင်ထဲမှာ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်မယ်လို့ ထင်‌နေတာဟာ ထင်‌ယောင်ထင်မှားဖြစ်မှုပဲ ဖြစ်ပါ တယ်။ စစ်တပ်အလိုကျ ဒီမိုက‌ရေစီနဲ့ စစ်တပ်အလိုကျ ဖက်ဒရယ်ပြည်‌ထောင်စု‌တော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီလို ဒီမိုက‌ရေစီနဲ့ ဒီ လိုဖက်ဒရယ်မျိုးကို‌တော့ အတုအ‌ယောင်ဒီမိုက‌ရေစီနဲ့ အတုအ‌ယောင်ဖက်ဒရယ်လို့ပဲ မှန်မှန်ကန်ကန် အမည်တပ်ရမှာပါ။

ဒါ‌ကြောင့် ဒီမိုက‌ရေစီနဲ့ဖက်ဒရယ်ပြည်‌ထောင်စုကို နည်းမှန်လမ်းမှန်နဲ့ အ‌ခြေခံကျကျ တည်‌ဆောက်တဲ့‌နေရာမှာ ‌အောက်ပါ အချက်နှစ်ချက်ကို ဦးတည်ချက်ထားရလိမ့်မယ်လို့ ယူဆပါတယ်။

ပထမအချက် မိမိတို့လိုလားတဲ့ ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်ပြည်‌ထောင်စုပုံစံဟာ လူမျိုး‌ပေါင်းစုံပြည်သူများရဲ့တန်းတူ‌ရေး၊ ညီညွတ် ငြိမ်းချမ်း‌ရေးနဲ့ ဖွံ့ဖြိုးတိုးတက်‌ရေးဘက်ကို အစဉ်သဖြင့် မျက်နှာမူ‌နေ‌စေရမယ်။ ဆိုလိုချင်တာက ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်ပြည် ‌ထောင်စုပုံစံဟာ တခါထဲ ပြင်မရ၊ ဖျက်မရ ပုံစံ‌သေတည်‌ဆောက်မှုမျိုး မဟုတ်ဘဲ။ မျိုးဆက်‌တွေ တဆက်ပြီးတဆက် ရင်ဆိုင်ကြ ရမယ့်သမိုင်း၊ ‌ခေတ်ကာလရဲ့ စိန်‌ခေါ်မှုမှန်သမျှနဲ့ အခွင့်အလမ်းတိုင်းကို စည်းချက်ကျကျ တုန့်ပြန့်နိုင်တဲ့ ‌ပြောင်းလွယ်ပြင်လွယ် နိုင်တဲ့ ပုံစံမျိုးဖြစ်သင့်ပါတယ်။

ဒုတိယအချက် စစ်တပ်ကို ချုပ်ကိုင်ထားနိုင်သူက စစ်အုပ်စုဖွဲ့ပြီး အ‌ခြေခံဥပ‌ဒေကို နင်း‌ချေပစ်ကာ အာဏာသိမ်းနိုင်တဲ့ ‌ရေခံ‌မြေခံ မျိုး ဘယ်လိုအ‌နေအထားနှင့်မျှ မပါရှိ‌စေရ။

လက်‌တွေ့ဘဝမှာက‌တော့ ၂၁ရာစုပင်လုံ မကျင်းပခင်မှာလည်း ‌သေနတ်သံ‌တွေမြည်ဟီး‌နေသလို ၂၁ရာစုပင်လုံ ကျင်းပ‌နေစဉ် မှာလည်း ‌သေနတ်သံ‌တွေ ‌ခေတ္တခဏမျှပင် တိတ်ဆိတ်မသွားတဲ့အပြင် ၂၁ရာစု ပင်လုံညီလာခံ ပြီးသွားတဲ့‌နောက်ပိုင်းမှာလည်း ‌သေနတ်သံ‌တွေ မြည်ဟီးမြဲ မြည်ဟီး‌နေပါတယ်။ ပိုလို့‌တောင် မြည်ဟီး‌နေသလိုပါပဲ။

စိတ်ကူးဆန္ဒ‌တွေ၊ အိပ်မက်‌တွေကို မှန်ကန်တဲ့အ‌ခြေခံ‌ပေါ်မှာ လက်‌တွေ့ တည်‌ဆောက်ယူကြရမှာပါ။ “အက်ဒီဆင်” ဇွဲမျိုးလည်း ရှိကြရမှာပါ။ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး စိတ်ကူးဆန္ဒအတွက် ရင်ဆိုင်‌နေရတဲ့ တကယ့်လက်‌တွေ့က ‌တော့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ ကာချုပ်”ပါပဲ။

တချို့‌တွေ စိတ်ကူးယဉ်‌နေပုံက စစ်အုပ်စုက ခင်း‌ပေးထားတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဆိုတဲ့ ကုတင်‌ခြေရင်းမှာ ‌ခေါင်းက‌လေး တင်ပြီး ဒီမိုက‌ရေစီဖက်ဒရယ် အိပ်မက် မက်‌နေတာမျိုးနဲ့ တူ‌နေပါတယ်။