Home သတင်း “၀”အဖွဲ့ ညီလာခံမှ ထွက်ခွာမှု၊ ခွဲခြားဆက်ဆံခြင်းမဟုတ်ဟု ညီလာခံ တာဝန်ရှိသူများ ‌ပြောဆို

“၀”အဖွဲ့ ညီလာခံမှ ထွက်ခွာမှု၊ ခွဲခြားဆက်ဆံခြင်းမဟုတ်ဟု ညီလာခံ တာဝန်ရှိသူများ ‌ပြောဆို

1502

စက်တင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

လက်ရှိ ကျင်းပ‌နေသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံညီလာခံတွင် “၀”ပြည် ‌သွေးစည်းညီညွတ်‌ရေးတပ် မ‌တော် (UWSA) ညီလာခံမှ ထွက်ခွာသွားခြင်းသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ပြီး ခွဲခြားဆက်ဆံခြင်း မဟုတ်‌ကြောင်း ညီလာခံကျင်းပ‌ရေး‌ကော်မတီမှ ‌ပြော‌ရေးဆိုခွင့်ရှိသူများက ဒုတိယ‌နေ့ အစည်းအ‌ဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ‌ပြော ကြားခဲ့သည်။

UWSA အဖွဲ့သည် ညီလာခံပထမ‌နေ့တွင် ‌လေ့လာသူအဖြစ် တက်‌ရောက်ခဲ့ပြီး စက်တင်ဘာလ ၁ရက် ဒုတိယ‌နေ့ အစည်းအ‌ဝေး နံနက်ပိုင်းတွင် ၂၁ရာစုပင်လုံညီလာခံ ဝင်ခွင့်ကဒ် မှားယွင်းမှု‌ကြောင့် ထွက်ခွာသွားခဲ့ခြင်းမှာ ၎င်းတို့ရရှိ‌သော ဝင်ခွင့်ကဒ်ကို ‌လေ့ လာသူအဖြစ်သာ ရရှိခဲ့ခြင်း‌ကြောင့်ဖြစ်‌ကြောင်း သိရသည်။

ညီလာခံ ပူးတွဲကျင်းပ‌ရေး‌ကော်မတီဝင်ဖြစ်သူ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ‌ဒေါက်တာဆလိုင်းလျန်မှုန်းဆ‌ခေါင်က “ဒါက နိုင်ငံ ‌ရေးအရ ခွဲခြားဆက်ဆံခြင်း လုံးဝ မဟုတ်ပါဘူး။ လူမျိုး‌ရေးအရ ခွဲခြားဆက်ဆံခြင်း လုံးဝ မဟုတ်ပါဘူး။ အဖွဲ့အစည်းအရ ခွဲခြား ဆက်ဆံခြင်း မဟုတ်ဘူး။ ဒီလူ‌ပေါင်းများစွာ လာတဲ့လူ‌တွေထဲမှာ ‌စေတနာ့ဝန်ထမ်း‌တွေက‌နေပြီး‌တော့ ‌ဆောင်ရွက်တဲ့အခါမှာ နည်းပညာအရ အနည်းငယ် ချွတ်ယွင်းချက်သာဖြစ်ပါတယ်။ နည်းပညာချွတ်ယွင်းမှု‌တွေ‌ကြောင့် ကျ‌နော်တို့ စိတ်မ‌ကောင်းပါ ဘူး”ဟု ‌ပြောသည်။

ထိုအ‌ခြေအ‌နေကို သိသိချင်းပင် ၎င်းတို့ ညီလာခံ ကျင်းပ‌ရေး‌ကော်မတီဘက်မှ သွား‌ရောက်‌တွေ့ဆုံ ညှိနှိုင်းမှုများ လုပ်‌ဆောင်ရာ တွင် UWSA အ‌နေဖြင့် ၎င်းတို့၏ဌာနချုပ်သို့ အ‌ကြောင်းပြန်ပြီး‌နောက် ပြန်လည် အ‌ကြောင်းကြားမည်ဟု ‌ပြောဆိုခဲ့‌သော်လည်း ညီလာခံသို့ ထပ်မံ တက်‌ရောက်ခြင်း မရှိ‌တော့‌ပေ။

၂၁ရာစု ပင်လုံညီလာခံသို့ တက်‌ရောက်ရန် ဝပြည်‌သွေးစည်းညီညွတ်‌ရေးတပ်မ‌တော်အား အထူးကိုယ်စားလှယ်အဖြစ် ဖိတ်ကြား ထားခြင်းဖြစ်ပြီး ညီလာခံ ပထမရက်တွင် တိုင်းရင်းသားအဖွဲ့များအတွက် ရရှိသည့် ထိုင်ခုံ ၈ခုံအနက် ၃ခုံကို UWSA နှင့် မိုင်းလား အဖွဲ့များကို သီးသန့် ‌ပေးထားကာ ၎င်းတို့ တင်သွင်းမည့်အဖွဲ့၏ သ‌ဘောထားစာတမ်းကိုလည်း ညီလာခံမှတ်တမ်းတွင် ထည့် သွင်းထားမည်ဟု ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

ယင်းကိစ္စအ‌ပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ၏ ဗဟို ဦး‌ဆောင်‌ကော်မတီဝင် မိဆူးပွင့် က “‌လေ့လာသူအဖြစ် ထားလိုက်တဲ့အ‌ပေါ်မှာ သူတို့က ‌လေ့လာသူအဖြစ် တက်လာတာ မဟုတ်ဘူး။ သူတို့က အဲဒါကို စိတ်မ ‌ကောင်းဖြစ်ပြီး‌တော့ ပြန်မယ်ဆိုပြီး ဖြစ်သွားတယ်။ ကျမအ‌နေနဲ့ မြင်တာက ဒီဘက်က‌တော့ တမင်သက်သက် မှားတာမဟုတ် ဘူး။ မ‌တော်တဆ နားလည်မှုလွဲတာ။ သို့‌သော် ‘၀’လို အဖွဲ့အစည်းက ဒီဘက်က အဖွဲ့အစည်း‌တွေနဲ့ နီးစပ်မှုတစုံတရာ အားနည်း တယ်။ အချို့လုပ်ပုံလုပ်နည်း‌တွေကို မယဉ်ပါး‌သေးဘူး။ အဲဒီအ‌နေအထား‌တွေမှာ ဒီလိုဖြစ်တယ်လို့ထင်တယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ဆက်လက် ကျင်းပသည့် ၂၁ရာစုပင်လုံ ပထမအကြိမ် ဒုတိယ‌နေ့ အစည်းအ‌ဝေးတွင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီး သီးက ၎င်းတို့အဖွဲ့အစည်း၏ သ‌ဘောထားများကို အစီရင်ခံ တင်သွင်းခဲ့ကြသည်။