Home ထိပ်တန်းသတင်း မြဝတီ၌ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် မိုင်းတစ်လုံးထပ်မံ‌တွေ့ရှိ

မြဝတီ၌ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် မိုင်းတစ်လုံးထပ်မံ‌တွေ့ရှိ

1665

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အတွင်း ရှိ ‌အေးငြိမ်းချမ်းသာ စမ်းသီတာ ဘုရားမုခ်ဦးအနီး ယမန်‌နေ့ စက်တင်ဘာလ ၂ဝရက် ည ၈နာရီ ၁၅မိနစ်အချိန်ခန့်တွင် မ‌ပေါက်ကွဲ‌သေးသည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံ‌တွေ့ရှိ‌ကြောင်း မြို့ခံများ၏‌ပြောပြချက်အရ သိရသည်။

ယင်းသို့ ‌တွေ့ရှိခဲ့‌သော မိုင်းမှာ အချင်းနှင့် အမြင့် ၆လက်မခန့်ရှိ ‌ကော်ဗူးအတွင်း ယမ်း‌ပျော့များ၊ သံမှိုများ၊ သံတိုသံစများ ထည့် သွင်းကာ ဓာတ်ခဲ၊ ဆားကစ်ပြား၊ စနက်တံ ၅ခုတို့ကို ဝါယာကြိုးများဖြင့် ဆက်စပ်ပြီး အသက်သွင်းထားသည့် လက်လုပ်မိုင်းတစ် ခုဖြစ်‌ကြောင်း သိရသည်။

မိုင်း‌တွေ့ရှိမှုသတင်း‌ကြောင့် စဗခ(သကင်္န်းညီ‌နောင်) စဗခမှူးက ဦးစီးပြီး မြဝတီ‌ရှေ့တန်းရုံးမှ ယာယီတပ်ရင်းမှူးများ လုံခြုံ‌ရေးအဖွဲ့ ဝင်များ၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ သွား‌ရောက်စစ်‌ဆေးမှုပြုခဲ့ပြီး ည ၉နာရီ‌ကျော်အချိန်တွင် အဆိုပါမိုင်းအား ရှင်းလင်းနိုင်ခဲ့ သည်။

မြဝတီမြို့တွင် မိုင်း‌တွေ့ရှိမှုမှာ ယခုစက်တင်ဘာလအတွင်း ဒုတိယအကြိမ်‌မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်‌နေ့ တွင်လည်း မ‌ပေါက်ကွဲ‌သေးသည့် အ‌သေးစားလက်လုပ်မိုင်းတစ်လုံး ‌တွေ့ရှိမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။