Home သတင်း ‌မြေမြှုပ်မိုင်း‌ကြောင့် မဲသ‌ဝေါစစ်‌ဘေး‌ရှောင်များ ‌နေရပ်ပြန်‌ရေး အခက်အခဲရှိ‌နေဆဲ

‌မြေမြှုပ်မိုင်း‌ကြောင့် မဲသ‌ဝေါစစ်‌ဘေး‌ရှောင်များ ‌နေရပ်ပြန်‌ရေး အခက်အခဲရှိ‌နေဆဲ

2355

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

မြိုင်ကြီးငူ-မဲသ‌ဝေါကားလမ်းမကို ထိန်းချုပ်ထားနိုင်ပြီဟု အစိုးရ လက်‌အောက်ခံတပ် နယ်ခြား‌စောင့်တပ် BGF ဘက်မှ ‌ပြောဆို ထား‌သော်လည်း တိုက်ပွဲဖြစ်ပွား၍ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် မဲသ‌ဝေါစစ်‌ဘေး ‌ရှောင်‌ဒေသခံများအတွက် ‌မြေမြှုပ်မိုင်း ‌ကြောင့် ‌နေရပ်ပြန်လည်အ‌ခြေချ‌နေထိုင်‌ရေး အခက်အခဲရှိ‌နေဆဲဖြစ်‌ကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း အစိုးရတပ်မ‌တော် လက်‌အောက်ခံတပ်များနှင့် DKBA ခွဲထွက်အဖွဲ့တို့အကြား စက်တင်ဘာ ၁၁ရက်‌နေ့ မှ စတင်ဖြစ်ပွားခဲ့‌သော နှစ်ဘက်တိုက်ပွဲများတွင် စက်တင်ဘာလ ၁၉ရက်‌နေ့က ကားလမ်းကို ထိန်းချုပ်ထားနိုင်ပြီဟု ‌ပြောဆိုခဲ့ ‌သော်လည်း ‌ဒေသခံများ ‌နေရမပြန်နိုင်‌သေးဘဲ စစ်‌ဘေးကို ဆက်လက်‌ရှောင်တိမ်း‌နေရခြင်း ဖြစ်သည်။

‌နေရပ်မပြန်နိုင်‌သေးသည့် ထီးက‌လော့‌သော့ရွာမှ အမည်မ‌ဖော်လိုသူ စစ်‌ဘေး‌ရှောင်ရွာသားတစ်ဦးက “ကျွဲ၊ နွား‌တွေကို စိတ်ပူ တယ်။ မိုင်း‌တွေ‌ကြောင့် ထိခိုက်ကုန်မှာ စိတ်ပူတယ်။ ဆရာ‌တော်ကလည်း မပြန်ခိုင်း‌သေး‌တော့ ဒီမှာပဲ ‌နေရအုံးမယ်ထင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံရွာသားများအတွက် ‌နေရပ်ပြန်လည်‌နေထိုင်‌ရေး အခက်အခဲရှိ‌သေးသည့်အတွက် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများကို အစိုးရတပ် BE မိုင်းရှင်းအဖွဲ့များနှင့် နယ်ခြား‌စောင့်တပ်များ ပူး‌ပေါင်း၍ ရှင်းလင်း‌ပေးသွားမည်ဖြစ်သည်ဟု BGF ဘက်က ‌ပြော ‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က စက်တင်ဘာလ ၂၁ရက်‌နေ့ သတင်း‌ထောက်များနှင့်‌တွေ့ဆုံစဉ် ယခုလို ‌ပြောဆိုသည်။

“အခုက တိုက်ပွဲ‌တွေ ‌အေးလို့ ‌ဒေသခံ‌တွေ ပြန်လာဖို့ သူတို့‌တောင်ယာခြံ‌မြေ‌တွေကို အပိုင်းလိုက် မိုင်းရှင်းလင်း‌ပေးဖို့ လုပ် ‌ဆောင်သွားမယ်။ အခုက မိုင်းက တအားများတယ်။ အဲ‌တော့ သူတို့‌တွေ ‌နေထိုင်စား‌သောက်သွားလာတဲ့ ‌နေရာ‌တွေကို အဓိက ထား ရှင်းလင်း‌ပေးသွားမှာ ဖြစ်တယ်။ ဒီ‌နေ့ကျ‌နော်တို့ စတင်ရှင်းလင်း‌နေပါပြီ”ဟု ဗိုလ်မှူးနိုင်‌မောင်‌ဇော်က စက်တင်ဘာလ ၂၁ ရက်‌နေ့တွင် ‌ပြောသည်။

ထိုသို့ ရှင်းလင်းရာတွင် ၎င်းတို့သိမ်းပိုက်ထားရာ DKBA (ခွဲထွက်)၏ စခန်းတစ်ခုဖြစ်သည့် ရိက္ခာကုန်းစခန်း ‌ဘေးပတ်ဝန်းကျင်၌ ဖြစ်ပြီး မဲသ‌ဝေါလမ်းပိုင်းတစ်‌လျှောက်နှင့် အခြား‌နေရာများတွင် မိုင်းများ၊ မ‌ပေါက်ကွဲ‌သေးသည့် လက်နက်ကြီးကျည်ဆံ များစွာ ကျန်ရှိ‌နေ‌သေး‌ကြောင်း BGF ဘက်က ဆိုသည်။

တိုက်ပွဲ‌ကြောင့် စစ်‌ဘေး‌ရှောင်‌နေရသူ ရွာသားဦး‌ရေ ၄၀၀၀‌ကျော်ရှိသည်ဟုသိရပြီး လက်ရှိအ‌ခြေအ‌နေအရ အဆိုပါ‌ဒေသရှိ ကျုံ ‌ထော်အနီးတစ်ဝိုက်နှင့် မဲသ‌ဝေါတစ်ဖက်ကမ်းမှ ‌ဒေသခံအချို့၊ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းရှိ ခိုလှုံ‌နေသူအချို့မှာ ကျန်ရှိသည့် အိမ် ယာ၊ ကျွဲ၊ နွားများကို စုံစမ်းရန် ၎င်းတို့‌ကျေးရွာများသို့ ‌ခေတ္တခဏ ပြန်သွားသူများရှိ‌ကြောင်း သိရသည်။