Home သတင်း ‌ကျောက်မဲမြို့နယ်အတွင်း စိတ်ကြွ‌ဆေးပြားများ ‌ဈေး‌ပေါစွာ ‌ရောင်းချမှု ကျယ်ပြန့်‌နေ

‌ကျောက်မဲမြို့နယ်အတွင်း စိတ်ကြွ‌ဆေးပြားများ ‌ဈေး‌ပေါစွာ ‌ရောင်းချမှု ကျယ်ပြန့်‌နေ

1659

စက်တင်ဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ‌ကျောက်မဲခရိုင်၊ ‌ကျောက်မဲမြို့နယ် လွယ်အံ‌ကျေးရွာအုပ်စုတွင် ယခုလမှစ၍ စိတ်ကြွ‌ဆေးပြား (မြင်း ‌ဆေး)များကို တစ်ပြားလျှင် ကျပ် ၄၀ဝ ‌ဈေးနှုန်းဖြင့်သာ ‌ရောင်းချလျှက်ရှိသည့်အတွက် သုံးစွဲသူ ပြည်သူများအ‌နေဖြင့် အလွယ် တကူ ဝယ်ယူသုံးစွဲလျှက်ရှိသည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

‌ကျောက်မဲမြို့နယ်၊ လွယ်အံ‌ကျေးရွာအုပ်စုရှိ လွယ်အံ၊ မန်စပ်၊ ပန်မခမ်နှင့် ပန်‌လော့ စသည့်‌ကျေးရွာများတွင် စိတ်ကြွ‌ဆေးပြား တစ်ပြားကို ယခင်က ကျပ် ၇၀ဝမှ ၈၀ဝအထိ ‌ရောင်းဝယ်ရာမှ လက်ရှိမှာ ကျပ် ၄၀၀ဝန်းကျင်သာရှိ‌နေ‌ကြောင်း မန်စပ်ရွာသား တစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းမန်စပ်ရွာသားက “ဒီတစ်လအတွင်းကပဲ ဖြစ်လာတာ။ ရွာထဲက လူငယ်‌တွေ ထက်ဝက်‌ကျော်ကို သုံးစွဲလာတာ။ ၁၀‌ယောက် ဆိုရင် ၇‌ယောက်က သုံးစွဲပြီးသားဖြစ်‌နေမယ်။ မိန်းက‌လေး‌တွေလည်း ပါလာတယ်။”ဟု ‌ပြောသည်။

ထိုကဲ့သို့ စိတ်ကြွ‌ဆေးပြားများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အလွယ်တကူ ရယူနိုင်ပြီး သုံးစွဲသူများပြားလာသဖြင့် ‌ကျေးရွာအတွင်း ‌နေအိမ်‌ဖောက်ထွင်းခံရမှုများ ရှိလာကာ အချို့‌ဆေးသုံးစွဲသူများက ၎င်းတို့ ပိုင်ဆိုင်သည့် လက်ဖက်ခြံနှင့် ‌မြေလွတ်‌မြေရိုင်းများကို ‌ဈေးနှုန်းချိုချိုဖြင့် ‌ရောင်းချမှုများရှိသည်ဟု အဆိုပါရွာသားက ဆက်‌ပြောသည်။

အဆိုပါ ‌ဒေသတွင် ပ‌လောင်တိုင်းရင်းသားများသာ ‌နေထိုင်ကြပြီး ပ‌လောင်၊ ရှမ်း၊ အစိုးရ တပ်မ‌တော် စသည့် လက်ကိုင်အဖွဲ့ များ လှုပ်ရှား‌နေသည့် နယ်‌မြေဖြစ်၍ ရဲတပ်ဖွဲ့များ ဝင်‌ရောက်ရန် လက်လှမ်းမမီသည့်အတွက် စိတ်ကြွရူးသွပ်‌ဆေးပြားများကို တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူး‌ရောင်းချလျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

မူးယစ်‌ဆေးပြားများ ‌ရောင်းဝယ်‌ဖောက်ကားမှု များပြားလာမှု‌ကြောင့် လူငယ်များ အကျင့်စာရိတ္တပျက်စီးပြီး အလုပ်အကိုင်‌ပေါ် စိတ်မဝင်စား‌တော့မည်ကို စိုးရိမ်လျှက်ရှိ‌ကြောင်း လွယ်အံ‌ကျေးရွာအုပ်စုမှ အမည်မ‌ဖော်လိုသူ ရပ်မိရပ်ဖိတစ်ဦးကလည်း ‌ပြော သည်။

အဆိုပါကိစ္စအ‌ပေါ် ‌ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်က ‌ကျောက်မဲ‌ဒေသ၌ မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားမှုတွင် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိ‌သော‌ကြောင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးလုပ်ငန်းကို လုပ်‌ဆောင်ရန် အခက်အခဲရှိ ‌ကြောင်း စက်တင်ဘာလ ၁၄ရက်‌နေ့က ‌ပြောသည်။

၎င်းက “နယ်‌မြေမလုံခြုံဘူးဆိုတာက‌တော့ ဒီအဖွဲ့‌တွေ ပါလာတာ‌ပေါ့ဗျာ။ ဒီအဖွဲ့‌တွေ ဘယ်လိုပါလဲဆိုတာက ကျ‌နော်တို့ တိတိ ကျကျ မသိ‌ပေမယ့် မူးယစ်အထူးအဖွဲ့က စိတ်လွတ်ကိုယ်လွတ်သွားလို့မှ မရတာ။ အဲလို‌ကြောင့် အပြည့်အဝ ပါတာလို့ မ‌ပြော လို‌သော်လည်း အားလုံး‌တော့ ခြုံလိမ့်မယ်လို့ ထင်မိတယ်”ဟု ‌ပြောသည်။

တအာင်းလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA) ‌ပြောခွင့်ရသူ တာအိုက်‌ကျော်ကမူ ထို‌ဒေသများတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များ ဝင် ‌ရောက်လှုပ်ရှားနိုင်ခဲ့‌သော်လည်း လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားရာနယ်‌မြေဖြစ်၍ မူးယစ်‌ဆေးဝါး အလွယ်တကူ ရယူနိုင်ခြင်းဖြစ် သည်ဟု ‌ပြောသည်။

ပ‌လောင်(တအာင်း)ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး (PSLF)က မြန်မာစစ်အစိုးရထံ လက်နက်ချလိုက်သည့် ၂၀၀၅-၂၀၁ဝခု နှစ် ကြားကာလတွင် ပ‌လောင်လူငယ်အများစုမှာ မူးယစ်‌ဆေးဝါး၏ ‌ကျေးကျွန်းများဖြစ်ခဲ့ရပြီး ၂၀၁ဝခုနှစ်တွင် တအာင်းလွတ် ‌မြောက်‌ရေးတပ်မ‌တော်(TNLA) ပြန်လည်ဖွဲ့စည်းပြီး‌နောက် ၂၀၁၇ခုနှစ်တွင် ပ‌လောင်‌ဒေသအတွင်း မူးယစ်‌ဆေးဝါး ကင်းစင် သည့်နယ်‌မြေအဖြစ် လုပ်‌ဆောင်သွားမည်ဟု ထုတ်‌ဖော်‌ပြောဆိုထားသည်။