Home သတင်း ‌ကော့ကရိတ်မြို့နယ် ‌ကျေးလက်‌ပေါင်းစုံ မိုးရာသီ‌ဘောလုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သည့်အသင်း ပိုများလာ

‌ကော့ကရိတ်မြို့နယ် ‌ကျေးလက်‌ပေါင်းစုံ မိုးရာသီ‌ဘောလုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သည့်အသင်း ပိုများလာ

1937

စက်တင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ယခုနှစ် ‌ကော့ကရိတ်မြို့နယ်၊ ‌ကျေးလက်‌ပေါင်းစုံ မိုးရာသီ‌ဘောလုံးပြိုင်ပွဲအတွက် ဩဂုတ် ၃၁ မှ စက်တင်ဘာ ၂၉ ရက်‌နေ့အထိ လှိုင်ဝ‌ကျေးရွာ အားကစားကွင်းတွင် တစ်လကြာ ပြုလုပ်လျှက်ရှိသည့် ‌ဘောလုံးပြိုင်ပွဲတွင် အသင်း‌ပေါင်း ၃ဝ ဝင်‌ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး ယခင်နှစ်ကထက် အသင်းပိုများလာသည်ဟု သိရသည်။

‌ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်မှစ၍ စတင်ကျင်းပလာသည့် ယခုလို ‌ကျေးလက်‌ပေါင်းစုံ မိုးရာသီ ‌ဘောလုံးပြိုင်ပွဲသည် ယခင်နှစ် ပထမအကြိမ်ကျင်းပစဉ်က အသင်း ၁၇ သင်းသာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ ‌သော်လည်း ယခုနှစ် ဒုတိယအကြိမ်မှာမူ အသင်း ဆယ်သင်း‌ကျော်အထိ ပိုမိုပါဝင်ကစားလာခြင်းဖြစ်သည်။

ပြိုင်ပွဲစီစဉ်သူ လှိုင်ဝ‌ကျေးရွာ ရပ်မိရပ်ဖ ဦးဝင်းက “ဒီလိုပွဲမျိုး မနှစ်ကလည်း လုပ်ခဲ့တယ်။ ဒီနှစ်က လူငယ်‌တွေ ပိုမိုပါဝင်လာတဲ့အတွက် အားရတယ်။ အခုလို ကျင်းပရတာက‌တော့ ‌ဒေသတွင်း လူငယ်ကစားသမား‌တွေ ‌ပေါ်ထွန်းလာပြီး မြို့ဂုဏ်၊ နယ်ဂုဏ်‌ဆောင်နိုင်တဲ့ လူငယ်‌တွေ ‌ပေါ်ထွက်ဖို့နဲ့ တဖက်ကလည်း အားကစား စိတ်ဝင်စားတဲ့အတွက် မူးယစ်‌ဆေးဝါး တားဆီး‌လျှော့ချရာမှာ ထိ‌ရောက်‌စေတဲ့ သ‌ဘောမျိုးကိုပါ သက်‌ရောက် ‌စေတာမို့ အလွှာစုံ လူကြီး၊ လူငယ်‌တွေ စု‌ပေါင်းတိုင်ပင်ကျင်းပ‌ပေး‌နေတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယခုနှစ်ပြိုင်ပွဲတွင် ‌ကော့ကရိတ်မြို့‌ပေါ် (၇) ရပ်ကွက် နှင့် ‌ကော့ကရိတ်ခရိုင်အတွင်း ‌ကျေးရွာများဖြစ်‌သော လှိုင်ဝ၊ ရန်ကုတ်၊ ‌နောင်နိုင်း၊ ရွာသစ်ကုန်း၊ ကမိုင်ကုန်း၊ သုံးဆယ့်သုံးဆူ၊ ‌ရေ‌ကျော်ကြီး၊ ‌ရေ‌ကျော်‌လေး၊ ‌ရေလည်ကုန်းအပြင် ကျုံဒိုးမြို့နယ်ခွဲအတွင်းရှိ ‌ကျေးရွာများ စု‌ပေါင်းကာ ‌ကျေးရွာကိုယ်စားပြု
အသင်း‌ပေါင်း ၃ဝဖြင့် ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် ပထမဆု ၅ သိန်းကျပ်၊ ဒုတိယ ၃ သိန်းကျပ်၊ တတိယ ၂သိန်းကျပ်၊ စတုထ္ထ ၁သိန်း၅‌သောင်းကျပ် ချီးမြှင့်သွားရန် ကနဦးသတ်မှတ်ထားပြီး ‌ဒေသတွင်း‌ကျေးရွာနှင့် မြို့နယ် ဌာနဆိုင်ရာ များ၏ စု‌ပေါင်းပံ့ပိုး‌ငွေများအ‌ပေါ် မူတည်၍ ဆု‌ကြေး‌ငွေများ သတ်မှတ်သွားမည်ဟု ပွဲကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

“ဒီနှစ်ပွဲ အတွက်‌တော့ ကစားသမား‌တွေကို ‌သေချာ‌လေ့ကျင့်‌ပေးထားတယ်။ အသင်းကလည်း များတယ်။ အသင်းတိုင်းကလည်း ကိုယ်ရွာမှာ ကိုယ်အ‌ကောင်းဆုံး‌တွေမို့ ‌ခြေ‌တွေက သိပ်မကွာလှဘူး။ ပွဲစဉ်တ‌လျှောက် အ‌ကောင်းဆုံး ကစားနိုင်ဖို့ ‌သေချာပြင်ဆင်‌နေတယ်”ဟု လှိုင်ဝ‌ကျေးရွာ ‌ဘောလုံးအသင်းအုပ်ချုပ်သူ ဦး‌အောင်မိုးက ‌ပြောသည်။

‌ကော့ကရိတ်‌ဒေသတွင်းရှိ ‌ကျေးရွာများတွင် ‌ဘောလုံးပြိုင်ပွဲများကို အခါအား‌လျော်စွာ ကျင်းပသည့် ရိုးရာ ယဉ်‌ကျေးမှုပွဲများ၊ အလှူအတန်းပွဲများနှင့် နှစ်သစ်ကူးပွဲများတွင် ‌ကျေးရွာအသင်းများစု‌ပေါင်းကာ ‌ဘောလုံး ပြိုင်ပွဲများ ကျင်းပ‌လေ့ရှိသည်။