Home သတင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ‌ကော့ကရိတ်တွင် ပထမဆုံးအကြိမ် ကျင်းပ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ‌ကော့ကရိတ်တွင် ပထမဆုံးအကြိမ် ကျင်းပ

1720

စက်တင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်အရပ်ဖက်လူမှုအဖွဲ့စည်းဖြစ်သည့် သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ရက် (TCDN)ဦး‌ဆောင်၍ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်း‌ရေး‌နေ့ အခမ်းအနားကို စက်တင်ဘာ ၁၉ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ်ခန်းမ‌ဆောင်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ကြ သည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူငယ်များပါဝင်လာ‌စေရန်နှင့် လူငယ်၏ အခန်းကဏ္ဍသည်အ‌ရေးကြီး‌ကြောင်း သိရှိနားလည်လာ‌စေ ရန်၊ ‌ဒေသခံပြည်သူလူထုများ ပူး‌ပေါင်းပါဝင်လာ‌စေရန်နှင့် ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်‌သော အသိအမြင်များကို ‌ဒေသခံ ပြည်သူ လူထုများ သိရှိနားလည်လာ‌စေရန် စသည့် အချက်သုံးချက်ကို ရည်ရွယ်ပြီး ယခု အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်ဟု TCDN က ‌ကေအိုင်စီသို့ ‌ပြောသည်။

TCDN ၏ ဥက္ကဌ မန်းသိန်း‌ဇော်က “ဒီငြိမ်းချမ်း‌ရေး‌နေ့ကို အဓိက ရည်ရွယ်ချက်သုံးခုနဲ့ လုပ်‌ဆောင်တာ ဖြစ်ပါတယ်။ ‌နောက်တစ် ခုက အခုအချိန်မှာ ပြည်သူလူထု‌တွေ ငြိမ်းချမ်း‌ရေးမှာ ပါဝင်မှုအားနည်း‌နေ‌သေးတယ်။ ဒါ‌ကြောင့် ဗဟုသုတ အမြင်‌တွေ တိုးပွား လာဖို့နဲ့ ‌ကော့ကရိတ်မှာ ဖြစ်ပွား‌နေတဲ့ ပဋိပက္ခ‌တွေ ‌လျော့ကျ‌စေချင်တာလည်း ပါပါတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်က‌တော့ အရပ် ဖက်အဖွဲ့အစည်း‌တွေပဲ အ‌ကောင်အထည်‌ဖော်လို့ မရဘူး။ ပြည်သူလူထုလည်း ပူး‌ပေါင်းပါဝင်ဖို့ အ‌ရေးကြီးတယ်ဆိုတဲ့အ‌ကြောင်း ပြည်သူ‌တွေကို သိ‌စေချင်တယ်”ဟု ‌ပြောသည်။

ထိုအခမ်းအနားတွင် ၂၁ ရာစု ပင်လုံညီလာခံတက်‌ရောက်သူ ကိုယ်စားလှယ်များနှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် လက်နက်ကိုင် တိုက်ခိုက်သူများအားလုံး သိရှိ‌စေရန် မြန်မာတပြည်လုံး၏ လူထုဆန္ဒကို ‌လေးစား‌ပေး‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့်အတူ ပြည်သူလူထု အသံ နား‌ထောင်‌ပေး‌ရေး၊ လက်ရှိ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား‌ဒေသများတွင် ဖြစ်ပွား‌နေ‌သော ပစ်ခတ်တိုက်ခိုက်မှု များကို (ချက်ချင်း)ရပ်တန့်‌ပေး‌ရေးနှင့် ပဋိပက္ခများကို ‌တွေ့ဆုံညှိနှိုင်းခြင်းနည်းဖြင့် ‌ဖြေရှင်း‌ပေး‌ရေး စသည့် အချက်‌လေးချက်ကို လည်း TCDN က ‌တောင်းဆိုခဲ့သည်။

(TCDN)ဦး‌ဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ‌ကော့ကရိတ်မြို့နယ် အရပ်ဖက်အဖွဲ့ အစည်းများကွန် ယက်(KSCN)မှလည်း ပူး‌ပေါင်းပါဝင်ခဲ့ပြီး ယင်းအခမ်းအနားသို့ ပြည်နယ်အဆင့် JMC အရပ်သားကိုယ်စားလှယ် နန်း‌စေး အွာ၊ မြို့နယ်/ခရိုင် အဆင့်အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ‌ဒေသတွင်း လက်နက်ကိုင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့များ၊ သံဃာ‌တော် များနှင့် ‌ဒေသခံများ ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် JMC အရပ်ဖက်ကိုယ်စားလှယ် နန်း‌စေးအွာက လှိုင်း ဘွဲမြို့နယ်အတွင်း လတ်တ‌လော ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် ကရင်အချင်းချင်းအကြား စည်းလုံးညီညွှတ်မှု ပျက်ပြား ‌စေသည်ဟု ယခုလို မှတ်ချက်ပြု ‌ပြောဆိုသည်။

“ကရင်ပြည်နယ်တွင်းမှာ ဘီဂျီအက်ဖ်၊ အစိုးရတပ်မ‌တော်နှင့် ဒီ‌ကေဘီ‌အေခွဲထွက်အဖွဲ့‌တွေ ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်‌နေတဲ့ကာ လမှာ ဒီလိုပစ်ခတ်တိုက်ခိုက်မှု‌တွေ ဖြစ်ပွား‌နေခြင်းဟာ ကရင်တိုင်းရင်းသား‌တွေရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြား‌စေသလို ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်‌တွေကိုလည်း ထိခိုက်‌စေနိုင်ပါတယ်။ ဒါကို ကျမ စိုးရိမ်တယ်”ဟု ‌ပြောဆိုသည်။

သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ရက်(TCDN)ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက၊ မြပ တိုင်၊ ‌နောင်တပွဲ စသည့်‌ကျေးရွာအုပ်စုများရှိ ရပ်မိရပ်ဖများ စုစည်းပြီး ကျန်းမာ‌ရေး၊ လူမှု‌ရေး အ‌ထောက်အကူလုပ်ငန်းများ ‌ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့်ကွန်ရက်ဖြစ်ပြီး လာမည့်နှစ်၌လည်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့ကို အလားတူ ကျင်းပနိုင်ရန် ‌ဆောင်ရွက်မည်ဟု TCDN က ဆိုသည်။