Home သတင်း အကျဉ်း‌ထောင်စနစ် ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ အစီရင်ခံစာ AAPP ထုတ်ပြန်

အကျဉ်း‌ထောင်စနစ် ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ အစီရင်ခံစာ AAPP ထုတ်ပြန်

1748

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ဒီမိုက‌ရေစီစနစ်နှင့် သင့်‌တော်သည့် အကျဉ်း‌ထောင်စနစ် ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ အစီရင်ခံစာကို နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)က စက်တင်ဘာ ၂၅ ရက်‌နေ့တွင် ရန်ကုန်မြို့၊ ‌တော်ဝင်နှင်းဆီခန်းမ၌ မိတ်ဆက်ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာကို ၂၁ ရာစုပင်လုံညီလာခံတွင် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေးကိစ္စ‌ဆွေး‌နွေးရာတွင် လက်နက်ကိုင် တပ်ဖွဲ့များပြန်လည်‌ပေါင်းစည်း‌ရေးအပြင် နိုင်ငံ‌တော် လုံခြုံ‌ရေးနှင့်ဆိုင်သည့် လွတ်လပ်တရား မျှတသည့် တရားစီရင်‌ရေးစနစ်ပြုပြင်‌ပြောင်းလဲ‌ရေး၊ ရဲတပ်ဖွဲ့ ပြုပြင်‌ပြောင်းလဲ‌ရေးနှင့် အကျဉ်း‌ထောင်စနစ် ပြုပြင်‌ပြောင်းလဲ စသည့် ကိစ္စရပ်များ လုပ်ကိုင်နိုင်‌ရေးအတွက် ရည်ရွယ်ထားသည်ဟု AAPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးဘိုကြည်က ‌ပြောသည်။

“စစ်အုပ်ချုပ်‌ရေးက‌နေ လွတ်ကင်းခါစနိုင်ငံ‌တွေ လုံခြုံ‌ရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲ‌ရေးကို လုပ်တယ်။ လက်နက် ကိုင်ကိစ္စ‌တွေမကဘူး၊ အကျဉ်း‌ထောင်၊ ရဲတပ်ဖွဲ့ပြုပြင်‌ပြောင်းလဲ‌ရေး၊ လွတ်လပ်မျှတတဲ့ တရားစီရင်‌ရေး ဖြစ်‌အောင် လုပ်ရတဲ့ကိစ္စ၊ ဆင်းရဲမွဲ‌တေမှုကို ‌လျှော့ချတဲ့ကိစ္စ‌တွေကို ဆက်စပ်စဉ်းစားပြီး‌တော့ လုပ်ရတယ်။ အကျဉ်း‌ထောင်ကိစ္စလည်း အဲ့ထဲမှာ တခုဖြစ်တယ်။ ဒါ‌ကြောင့် အစိုးရ၊ တပ်မ‌တော်‌ခေါင်း‌ဆောင်‌တွေ၊ လွှတ်‌တော်အမတ်‌တွေ တခြားသူ‌တွေကို သိ‌စေချင်တာက လုံခြုံ‌ရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲ‌ရေးဆိုတာက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ လိုတယ်”ဟု ဦးဘိုကြည်က ‌ပြောသည်။

‌နေ့လည် ၂ နာရီမှ ည‌နေ ၄ နာရီထိ ပြုလုပ်သည့် ၎င်းအခမ်းအနားတွင် အကျဉ်း‌ထောင်များပြု ပြင်‌ပြောင်းလဲနိုင် ‌ရေးနှင့်ပတ်သက်၍ နိုင်ငံ‌ရေး အကျဉ်းသားများ ဖြစ်သည့် ၈၈ မျိုးဆက် ‌ကျောင်း သား‌ခေါင်း‌ဆောင် ဦးကိုကိုကြီး၊ ရှမ်း(သျှမ်း)တိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး စိုင်းညွှန့်လွင်နှင့် AAPP မှ ဦးဘိုကြည်တို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ပြီး အခမ်းအနားသို့ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ အပါအဝင် စုစု‌ပေါင်း လူ ၁၀ဝ နီးပါးတက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ ဦးကိုကိုကြီးက “ကျ‌နော်တို့ နိုင်ငံဒီမိုက‌ရေစီ‌ပြောင်း‌တော့မယ်ဆိုရင် အကျဉ်း သားကလည်း နိုင်ငံသား၊ လူသားအရင်းအမြစ်‌တွေ ဖြစ်တယ်။ အ‌ကြောင်း‌ကြောင်း‌ကြောင့် သူက ပြစ်ဒဏ်ခံရ တယ်ဆိုရင်‌တောင်မှ နိုင်ငံသား တ‌ယောက်ရဲ့ အခွင့်အ‌ရေး၊ လူသားတ‌ယောက်ရဲ့ လူအခွင့်အ‌ရေး ထိခိုက် ဆုံးရှုံးတဲ့ အထိ‌တော့ ဥပ‌ဒေမဲ့ လုပ်လို့ မရဘူး။ ဥပ‌ဒေမဲ့ ဆိုတာက ဥပ‌ဒေနဲ့ညီမညီဆိုတာကို စစ်‌ဆေးနိုင်ဖို့ ထိန်း‌ကြောင်းနိုင်ဖို့ အကျဉ်း‌ထောင်‌တွေကို တရား‌ရေးဌာန လက်‌အောက်မှာ ထားခြင်းအားဖြင့် အကာအကွယ် ပြုနိုင်တယ်”ဟု ‌ပြောသည်။

အဆိုပါ အစီရင်ခံစာကို AAPP က နှစ်နှစ် အချိန်ယူပြုစုခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် အခန်း ၆ ခန်းပါရှိကာ အကျဉ်း‌ထောင် အုပ်ချုပ်‌ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ စံနှုန်းများနှင့် စည်းကမ်းများအတိုင်း လိုက်နာနိုင်‌ရေး၊ ‌ထောင်တွင်းနှိပ်စက်ခြင်း၊ ကျမ်းမာ‌ရေး‌စောင့်‌ရှောက်မှု အ‌ခြေအ‌နေ အကျဉ်းသားများအား အလုပ်ကြမ်း‌စေခိုင်မှု၊ ‌ထောင်ဝင်စာ အခွင့်အ‌ရေး စသည့်တို့ကို ‌ဖော်ပြထားသလို အကျဉ်း‌ထောင်များ ဥပ‌ဒေမူကြမ်းတစ်‌စောင်ကို အလွှာစုံ ‌လေ့လာအကြံပြုနိုင်ရန် ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အပြင် အစီရင်ခံစာပြုစုရာတွင် အကျဉ်း‌ထောင်များသို့ သွား‌ရောက်‌လေ့လာ၊ သတင်းအချက်အလက် မရယူ နိုင်သည့်အတွက် အစီရင်ခံစာမှာ ပြည့်စုံလုံ‌လောက်မှုမရှိ‌သေးဘဲ ပိုမိုပြည့်စုံသည့် အစီရင်ခံစာတစ်ခု ဖြစ်‌ပေါ်လာ နိုင်ရန်အတွက် အစိုးရဘက်မှ ပူး‌ပေါင်းလုပ်‌ဆောင်‌ပေးရန်လိုသည်ဟု ဦးဘိုကြည်က ဆက်‌ပြောသည်။

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေး အသင်း (AAPP)ကို ထိုင်းနိုင်ငံ‌ရောက် နိုင်ငံ‌ရေးအကျဉ်းသား ‌ဟောင်းများက ၂၀၀ဝ ပြည့်နှစ်တွင် စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းအ‌နေဖြင့် နိုင်ငံ‌ရေးအကျဉ်းသား ‌ဟောင်းများနှင့် မိသားစုဝင်များကို ကူညီ‌ထောက်ပံ့‌ရေးလုပ်ငန်းများ လုပ်‌ဆောင်လျက်ရှိ‌ကြောင်း သိရသည်။