Home အမြင်သဘောထား မွန်အမျိုးသား‌ခေါင်း‌ဆောင် နိုင်ဟံသာ သ‌ဘောထားအမြင်များ

မွန်အမျိုးသား‌ခေါင်း‌ဆောင် နိုင်ဟံသာ သ‌ဘောထားအမြင်များ

2246

‘’AA, MNDA,TNLA)ကို သွားမတိုက်ဘူးဆိုရင်.၊ NCA ထိုးဖို့မထိုးဖို့ ကိစ္စက အဲဒီ Framework ညှိနှိုင်းတဲ့ အ‌ပေါ်မှာ မူတည်တယ်။ ဒီကြားထဲမှာ Framework ညှိနှိုင်းမယ်။ တကယ်လို့ Framework ညှိနှိုင်းလို့ သ‌ဘောကျပြီး လက်ခံနိုင်ပြီး အချိန်မ‌ရွေးထိုးမယ်’’

စက်တင်ဘာ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ
၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအ‌ဝေးကို နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်ပြီး ‌နေပြည်‌တော်ရှိ (MICC 2)ခန်းမတွင် ဩဂုတ် ၃၁ရက်မှ စက်တင်ဘာ ၃ရက်‌နေ့အထိ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအ‌ဝေးသို့ အစိုးရ၊ တပ်မ‌တော်၊ လွှတ်‌တော်အစုအဖွဲ့များအပါအဝင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့‌ပေါင်း ၁၈ ဖွဲ့က တက်‌ရောက်ခဲ့ကြသလို နိုင်ငံ‌ရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ဖိတ်ကြားထားသူများ အပါအဝင် လူ‌ပေါင်း ၁၈၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

အစိုးရသစ်၏ ပထမဆုံးငြိမ်းချမ်း‌ရေးညီလာခံ ပထမအကြိမ်အစည်းအ‌ဝေးနှင့်ပတ်သက်၍ လည်း‌ကောင်း၊ NCA စာချုပ်တွင် လက်မှတ်‌ရေးထိုး၊ မထိုး၊ NCA လက်မှတ်မထိုးရသည့် အ‌ကြောင်းအရင်းများနှင့် အစိုးရသစ်အ‌ပေါ် သ‌ဘောထားများကို ညီညွတ်‌သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်‌ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှုဆိုင်ရာ သ‌ဘောတူစာချုပ် (အန်စီ‌အေ)ကို လက်မှတ်မ‌ရေးထိုးခြင်း မရှိ‌သေး‌သော မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၏ သ‌ဘောထားအမြင်ကို ‌ကောက်နုတ် ‌ဖော်ပြလိုက်ပါသည်။
—-
၂၁ ရာစုပင်လုံညီလာခံအ‌ပေါ် ဘယ်လိုသ‌ဘောထားအမြင်ရှိပါသလဲ။
ဒီပွဲမှာ‌တော့ သူ့အမြင်သူတင်၊ ကိုယ့်အမြင်ကိုယ်တင် အားလုံးတင်လိုက်ကြတယ်‌ပေါ့။ တိုင်းရင်းသား‌တွေ ဘက်ကလည်း လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြတယ်။ အစိုးရဘက်၊ ဟိုတပ်မ‌တော်ဘက်ကလည်း သူတို့အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြတယ်။ အ‌ခြေအ‌နေက‌တော့ တစ်ခု ‌ကောင်းတာက ကျွန်‌တော်တို့နိုင်ငံမှာ ပြဿနာ ဘယ်လိုရှိ‌နေလဲ။ အုပ်စုတစ်ခုနဲ့ တစ်ခုကြားမှာ အမြင်ဘယ်လိုရှိ‌နေလဲဆိုတဲ့ဟာကို‌တော့ ဒီပွဲမှာ မြင်လိုက်ရတယ်။ ပြည်သူ‌တွေလည်း သိလိုက်ရတယ်‌ပေါ့။ အဲဒီတက်‌နေတဲ့ အဖွဲ့‌တွေအားလုံးလည်း သိသွားတယ်။

အဲဒီအ‌နေအထားမျိုးမှာ တစ်ခု‌ကောင်းတာက ‌ရောဂါတစ်ခုကို ကုချင်ရင် ‌ရောဂါရဲ့လက္ခဏာ အချက်အလက်‌တွေ အားလုံးကို သိရတယ်‌ပေါ့။ သိပြီး‌တော့မှ အဲဒါကို ဆက်ကုနိုင်ဖို့အတွက်က‌တော့ ဒါအ‌ခြေခံ နည်းလမ်း‌တွေ ရှာရမယ်‌ပေါ့‌လေ။ အရင်က ဖုံးထားတဲ့ အ‌နေအထားက လူ‌တွေမသိဘူး။ အခုက‌တော့ ပွင့်ပွင့်လင်းလင်းနဲ့ လူထု‌တွေပါ သိသွားပြီ။ အဲဒါကို ဘယ်လို နည်းနဲ့ ‌ဖြေရှင်းမလဲ။ အများဘယ်လိုလက်ခံမလဲ။ ‌နောက်ဆုံးက‌တော့ အများလက်ခံတဲ့ ပုံစံကို သွားမှာလား။ အဲဒီအ‌နေအ ထား‌တွေလည်း ရှိပါတယ်။

NCA မှာ ဘာ‌ကြောင့် လက်မှတ်မထုိုးခဲ့တာလဲ။
NCA ရရှိဖို့က NCCT (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့)ကို ဖွဲ့စည်းပြီး‌တော့မှ ‌ဆွေး‌နွေးလာတာ တစ်နှစ်နဲ့ ငါးလ ရှိသွားပြီ။ အဲ့ဒီမှာ မူကြမ်းတစ်ချို့နားလည်မှု ရတယ်။ ၂၀၁၅ မတ်လကုန်မှာ လက်မှတ်‌တွေ ထိုးကြတယ်။ မူကြမ်း‌တွေမှာ အန်ကယ်တို့ ပါဝင်လက်မှတ်ထိုးခဲ့တယ်။ အဲ့ဒီမူကြမ်းက အန်ကယ်တို့ဘက်က ထိပ်သီး‌ခေါင်း‌ဆောင်‌တွေကို တင်ပြပြီး‌တော့ ဘယ်ဟာ‌တွေကို ထပ်ဖြည့်ချင်လဲဆိုတာ တင်ပြပြီး‌တော့မှ ပြန်ယူလာမှာမယ်။ ပြီးရင် ပြန်ညှိမယ်‌ပေါ့။ သူတို့ဘက်ကလည်း UPWC (ပြည်‌ထောင်စု ငြိမ်ချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်း‌ကော်မတီ) အ‌နေနဲ့က UPCC (ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ဗဟို‌ကော်မတီ)ကို တင်ပြပြီး‌တော့မှ ထပ်ပြင်လည်း သူတို့ပြင်မယ်။ ‌နောက်ပြီး‌တော့ ပြန်ညှိမယ်ဆိုတဲ့ မူကြမ်း ‌တွေနဲ့ပဲ သ‌ဘောတူထားကြတယ်။ သ‌ဘောတူထားပြီး‌တော့ အန်ကယ်တို့က အဲ့လိုပဲ ထိပ်သီး‌ခေါင်း‌ဆောင် အစည်းအ‌ဝေးလုပ်လိုက်တယ်။ ‌နောက်ပြင်ချင်တဲ့ အချက်အလက် တစ်ချို့ကို စုလိုက်တယ်။ ပြီး‌တော့ တင်လိုက်တယ်။

အဲ့လိုတင်ပြဖို့က အန်ကယ်တို့ NCCTက ‌ဆွေး‌နွေးထားတယ် သ‌ဘောတူထားတယ် ဆိုတဲ့အ‌နေ အထားမှာ အန်ကယ်တို့ ထပ်ပြင်ရင် နည်းနည်း‌ပြောရခက်မယ်။ အဲ့‌တော့ အန်ကယ်တို့က SD(Senior delecation) ဆိုပြီး‌တော့မှ ဖွဲ့စည်းပြီး‌တော့ အဖွဲ့သစ်အ‌နေနဲ့ ထပ်ပြီး‌တော့ လာ‌ဆွေး‌နွေးတယ်။ အဲ့ဒီ‌ဆွေး‌နွေး တဲ့အခါကြ‌တော့ အဲ့ဒီပြင်ဆင်ချက်‌တွေကို သူတို့က အဲ့ဒီစာတမ်းမှာပြင်ခွင့်မ‌ပေး‌တော့ဘူး။ နှစ်ဘက်အစည်း အ‌ဝေးဆုံး ဖြတ်ချက်‌တွေနဲ့ပဲထားပါ။ ဒါက သမ္မတ‌ရှေ့မှာ လက်မှတ်ထိုးထားတဲ့စာတမ်းဖြစ်တယ်။ ဒါကို‌တော့ သူတို့ အပြင်မခံချင်‌တော့ဘူး ဆိုပြီး‌တော့ အဲ့ဒါ‌တွေ‌ပြောလာတယ်။ အဲ့ဒါ မ‌ကျေနပ်ချက်က တစ်ချက်။

‌နောက်တစ်ချက်က ‌နောက်ဆုံး အဲ့ဒီဆုံးဖြတ်‌ပေးရမယ့်ပွဲကြ‌တော့ ဒီNCCTထဲမှာ တ‌လျှောက်လုံး အန်ကယ်တို့နဲ့ အတူပါဝင်‌ဆွေး‌နွေးလာတဲ့ ရခိုင်က AA(ရခိုင်တပ်မ‌တော်)၊ ‌နောက်ပ‌လောင် TNLA (တ‌အောင်း အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်)၊ ‌နောက်ကိုးကန့် MNDAA (မြန်မာအမျိုးသား ဒီမိုက‌ရေစီ မဟာမိတ်တပ်မတာ်)၊ အဲ့ဒီသုံးဖွဲ့ကို အစိုးရဘက်က လက်မခံဘူး။ လက်မှတ်ထိုးရမယ်ထဲမှာ မပါရဘူးဆိုပြီး‌တော့ အစိုးရက လက်မခံဘူး။ အဲ့လိုအ‌နေအထားမျိူးဖြစ်‌နေတယ်။ ဒါ‌ကြောင့်အန်ဂယ်တို့က အတန်တန် ‌တောင်းဆိုတယ်။ အဲ့အ‌ပေါ်မှာ အစိုးရအဖွဲ့က လက်မခံ‌တော့ ‌နောက်ဆုံး‌တော့လည်း အန်ကယ် တို့ ဒီအပစ်ရပ်စဲ‌ရေး လက်မှတ်ကို မထိုး‌တော့ဘူး။ စစ်မှန်တဲ့ပြည်တွင်း ငြိမ်းချမ်း‌ရေးလိုလားတာမျိုး မဟုတ်ဘူးဆို‌တော့ လက်မှတ်မထိုးတာ။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေး‌တွေပွဲမှာ အန်ကယ်တို့လိုလားတဲ့ သုံးပွင့်ဆိုင်ဆိုတာ ဘယ်လိုမျိုးလဲ။
အန်ကယ်တို့ အဓိကထားတာက‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မူ‌ဘောင်။ အဲဒီ နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေး မူ‌ဘောင်နဲ့ ပတ်သက်ပြီး‌တော့ အန်ကယ်တို့ NCCT ကာလတစ်‌လျှောက်လုံးက ‌ဆွေး‌နွေးလာတာက‌တော့ သုံးပွင့်ဆိုင် စနစ်ကို လက်ခံဖို့။ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို သုံးပွင့်ဆိုင်စနစ်နဲ့ လုပ်မယ်။ သုံးပွင့်ဆိုင်ဆိုတာ အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်တစ်စု၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုက တစ်စု၊ နိုင်ငံ‌ရေးပါတီ‌တွေက တစ်စု အဲဒီ သုံးစုနဲ့ လုပ်သွားမယ်။ ကျန်တဲ့ CSO( အရပ်ဖက်လူမှုအဖွဲ့)၊ CBO(လူထုအ ‌ခြေပြုအဖွဲ့)၊ တခြားပညာရှင်‌တွေက‌တော့ သူတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်‌တွေမှာ သူတို့ဆီက အကြံဉာဏ်‌တွေ ရယူပြီး‌တော့(လုပ်မယ်)‌ပေါ့‌လေ။

အခုက ငါးပွင့်လိုလို၊ ဒါမှမဟုတ် ခုနစ်ပွင့်လား။ အဲဒါလည်း မ‌သေချာဘူး ဖြစ်‌နေတယ်‌လေ။ အနည်းဆုံးက‌တော့ ငါးပွင့်ဆိုင် ဖြစ်သွားပြီ။ အစိုးရကလည်းသပ်သပ်၊ လွှတ်‌တော်က သပ်သပ်၊ တပ်မ‌တော်က သပ်သပ်ဆိုပြီး‌တော့မှ သူတို့က သုံးစုယူလိုက်တယ်။ အဲဒီမှာ အန်ကယ်တို့က‌တော့ ဒါကို လက်မခံဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ဒါ တရားမျှတမှု မရှိဘူးလို့ အန်ကယ်တို့ မြင်တယ်။ တစ်ခုခု ဆုံးဖြတ်ရင် သူတို့ သုံးမဲရသွားတာ‌ပေါ့‌နော်။ အန်ကယ် တို့က တစ်မဲ၊ နိုင်ငံ‌ရေးပါတီက တစ်မဲပဲဖြစ်သွားတယ်။ လုပ်နည်းလုပ်ဟန်မှာ သူတို့က အ‌ပေါ်စီးရ‌အောင် တမင်တကာကို ဖန်တီးယူလိုက်တဲ့သ‌ဘောပဲ။ တွန်းအားနဲ့ လုပ်လိုက်တဲ့သ‌ဘော။ အဲလိုတရားမျှတမှုမရှိတဲ့ အ‌နေအထားမျိုးနဲ့ ကျ‌နော်တို့က ဝင်ပြီးယှဉ်ပြိုင်ရင် ကျ‌နော်တို့ နာမှာပဲလို့ ကျ‌နော်တို့မြင်တယ်။ မှန်ကန်တဲ့ပုံစံနဲ့ ပြဿနာတစ်ရပ်ကို မ‌ဖြေရှင်းဘူးဆိုရင် မှန်ကန်တဲ့တရားသူကြီးက မဆုံးဖြတ်ဘူးဆိုရင် အဲဒီတရားသူကြီး‌တွေရဲ့ ဆုံးဖြတ်ချက်‌တွေကလည်း တကယ့်မှန် ကန်တဲ့ အ‌ဖြေမထွက်လာဘူး။ အန်ကယ်တို့အ‌နေနဲ့ အဲဒီကိစ္စကို အကြီးအကျယ် ‌ဆွေး‌နွေးရဦးမယ်။ အန်ကယ်တို့ ‌ဆွေး‌နွေး ရင်တစ်ဖက်က အဲ့ဒီ သုံးဖွဲ့(AA,MNDA,TNLA) ကိုလည်း ပါဝင်နိုင်‌အောင် ဆက်‌ပြောရမှာပဲ။ တကယ်လို့ မပါဘူးဆိုရင် ဒီကိစ္စက မပြီးပြတ်ဘူး။

အမျိုးသားအဆင့်‌ဆွေး‌နွေးပွဲမှာ ပါဝင်ခွင့်မရရင် ဘာဆက်လုပ်မလဲ။
NCA လက်မှတ်မထိုးရင် ပါဝင်ခွင့်မ‌ပေးဘူးဆိုတဲ့ ကိစ္စက လက်‌အောက်ခံပြဿနာလို့ တွက်တယ်။ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုတာ အ‌ခြေခံအားဖြင့် သုံးမျိုးရှိတယ်။ ‌ဒေသအလိုက်ရှိတယ်။ လူမျိုးအလိုက် ရှိတယ်။ ဘာသာရပ်အလိုက် ရှိတယ်။ ဥပမာ-‌ဒေသအလိုက်ဆိုရင် ညှိနှိုင်း‌ဆွေး‌နွေးတဲ့ ကိစ္စ၊ ‌နောက် သူ့လူမျိုးအလိုက် ‌ဆွေး‌နွေးတဲ့ကိစ္စ ‌ဆွေး‌နွေးဖို့ အဲ့လို သ‌ဘောထားမျိုးရှိတယ်။ အခုအ‌နေအထားမျိုးမှာ ကိစ္စတစ်ခုကို ‌ဆွေး‌နွေး‌တော့မယ်ဆိုရင် တစ်ကယ်လို့ အမျိုးသားအဆင့်မှာ ပါဝင်ခွင့်မရှိဘူးဆိုရင် တစ်ဘက်က အန်ကယ်တို့ အမျိုးသား‌ရေးကို လွတ်‌မြောက်တဲ့ဘက်မှာ သွားလုပ်မှာ‌ပေါ့။ ကိုယ့်လမ်းနဲ့ ကိုယ်လုပ်မှာ‌ပေါ့။ လုပ်စရာရှိရင် မထူးဘူး၊ ပါဝင်ခွင့်လည်း မရှိဘူး၊ ဒီကိစ္စသပိတ်‌မှောက်လိုက်မယ်ဆိုတဲ့ ကိစ္စရှိရင်လည်း ရှိမယ်။ ဒါက‌တော့ မ‌ပြောနိုင်ဘူး အဓိကအားဖြင့် framework (နိုင်ငံ‌ရေးမူ‌ဘောင်)ကို ညှိနှိုင်းတဲ့ ကိစ္စမှာ အန်ကယ်တို့ ကိစ္စက‌တော့ အ‌ဖြေ‌ပေးရမယ့် ကိစ္စဖြစ်တယ်။ အမှန်က‌တော့ အန်ကယ်တို့လည်း ဖြစ်‌စေချင်တယ်။ ဒါ‌ပေမဲ့ တရားမျှတမှုရှိတဲ့ Framework မျိုးဖြစ်၊ မဖြစ်ဆိုတာက‌တော့ အများကြီး ထည့်တွက်ရမယ့် ကိစ္စဖြစ်တယ်။

‌ရှေ့ဆက် အန်စီ‌အေကို ထိုး၊ မထိုး သိချင်ပါတယ်။
အန်ကယ်တို့ဘက်က လက်မှတ်ထိုးမယ်။ မထိုးဘူးဆိုတဲ့ ကိစ္စက ခုန‌ပြောသလို‌ပေါ့‌လေ။ အဓိကက‌တော့ အဲဒီ သုံးပွင့်ဆိုင် ကျမှ၊ ကျဆိုတဲ့ကိစ္စ‌ပေါ်မှာအများကြီးမူတည်တယ်။ ‌နောက်ပြီး‌တော့မှ အန်ကယ်တို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ‌နောက်ဆုံး‌တော့ သုံးပွင့်ဆိုင်ကို ခဏ‌လောက်ချန်ထား။ ‌ရှေ့တိုးပြီး‌တော့မှ ‌ရှေ့မှာ ‌ဖြေရှင်းလို့ ရသွားနိုင်တဲ့ အ‌နေအထားမျိုးရှိရင်၊ ဟိုသုံးဖွဲ့(AA, MNDA,TNLA)ကို သွားမတိုက်ဘူးဆိုရင် ဒါအန်ကယ်တို့ လက်ခံသင့်ရင်လည်း လက်ခံသွားမယ်‌လေ။

Framework (နိုင်ငံ‌ရေးမူ‌ဘောင်)မှာ ပြင်ဖို့က အဓိကက‌တော့ အဲဒီ ငါးပွင့်ဆိုင်၊ ခုနစ်ပွင့်ဆိုင်ကို ပယ်ဖျက်‌ပေးဖို့။ အဲဒါပါပဲ။ အဓိကက‌တော့ အဲဒီကိစ္စပါဘဲ။ သုံးပွင့်ဆိုင်ကို လက်ခံရင် အဲဒီမူ‌ဘောင်ကို အန်ကယ်တို့ လက်ခံနိုင်တယ်။ NCA ထိုးဖို့မထိုးဖို့ ကိစ္စက အဲဒီ Framework ညှိနှိုင်းတဲ့အ‌ပေါ်မှာ မူတည်တယ်။ ဒီကြားထဲမှာ Framework ညှိနှိုင်းမယ်။ တကယ်လို့ Framework ညှိနှိုင်းလို့ သ‌ဘောကျပြီး လက်ခံနိုင်ပြီး အချိန်မ‌ရွေးထိုးမယ်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ အစိုးရအ‌ပေါ် သ‌ဘောထား
အစိုးရသစ်ရဲ့အ‌နေအထားက အမှန်က‌တော့ သူတို့လည်းတပ်ကို အမိန့်မ‌ပေးနိုင်ဘူး။ သူတို့ကလည်း တပ်ကို မလွှမ်းမိုးနိုင်‌သေး‌တော့ အချိန်‌တွေယူပြီး‌တော့မှ တဖြည်းဖြည်းချင်း လုပ်‌ဆောင်‌နေရတဲ့ပုံစံမျိုးလို့ အန်ကယ်တို့ မြင်တယ်‌နော်။ အဲဒါ‌ကြောင့်ပဲ အခုအစိုးရက ဒီရက်(၁၀၀)အတွင်းမှာဘာမှ ထိထိ‌ရောက်‌ရောက်မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တဲ့အ‌ပေါ် မှာလည်း ‌ဝေဖန်ခံ‌နေရတယ်။ သိက္ခာကျ‌နေတယ်။အဲဒီအ‌ပေါ်မှာ ဒါ‌ကြောင့် တစ်ဖက်က (၂၁)ပင်လုံကို အမြန်လုပ်လိုက် တာလည်း ပါ‌ကောင်းပါနိုင်တယ်။ အန်ကယ်တို့ မြင်တာ‌လေ။ အစိုးရဆိုတာက သူ့မှာတကယ့်ကို အ‌ရေးကြုံလာရင် သူတို့မှာ ခိုင်မာတဲ့အာဏာ မရှိဘူး။ အာဏာသိမ်းလိုက်မယ်ဆို လွယ်လွယ်‌လေးပါပဲ။ သူတို့ခံရသွားမှာ ‌ကြောက်တယ်‌လေ။

အခုလို ‌ဖြေကြား‌ပေးတဲ့အတွက် ‌ကျေးဇူးတင်ပါတယ်။