Home ကဗျာ မင်းဖြူမှန်မှန်‌ပြော

မင်းဖြူမှန်မှန်‌ပြော

2857

(လကင်္ာဒီပ)

(စက်တင်ဘာလ ၁၈၊ ၂၀၁၆)

မထိန်မချန်ထားကြပါနဲ့
သမိုင်းရဲ့အမှန်တရား‌တွေ
ဇာတ်‌ကြောင်း‌တွေစီးဆင်းရာ‌မြေ
‌ဝေဒနာအစပြုခဲ့ရာဌာန
ဘဝ‌ဖော်တိုင်းရင်းသား‌တွေဟာ
မဟာဗမာလူမျိုးကြီးတစုတသင်း
ကိုယ်ချင်းစာမဲ့ အနိုင်ကျင့်ခြင်းကို
စက်စက်ယိုမျက်ရည်မိုး‌တွေရွာ ခံစားရခဲ့သမျှ
‌မေးကြည့်ပါ ‌မေးထိရွာ(မိတ္ထီလာ)မှာ သက်‌သေ‌တွေရှိခဲ့တယ်။

အတိတ်‌နောက်ခံ‌နောက်‌ကြောင်းပြန်လှည့်ပြီး
ကလဲ့စားပြန်မ‌ချေ‌သော်လည်း
လွဲမှား‌မေ့မပြစ်ဖို့‌တော့လိုတယ်
အဘယ်ကဲ့သို့‌သော ညှင်းပမ်းနှိပ်စက်ခဲ့ခြင်း
မုန်းတီးခြင်းစကား‌တွေ
ပြန်လည်‌ဝေငှသင့်‌တော့လည်း
သမိုင်းထဲမှာ “လူအ”‌တွေအဖြစ်
စနစ်ရဲ့‌ကျေးကျွန်‌တွေအဖြစ်
ကျန်ရစ်မ‌နေ‌စေချင်တဲ့သ‌ဘောမျိုးမို့ပါ။

‌ရေများ‌ရေနိုင် မီးများမီးနိုင်
နိုင်ရာစား အားကြီးသူ‌တွေ
မှန်ဖြစ်‌စေဆိုသည့် အဂတိတရားကင်းရာ
ငြိမ်းချမ်းသာယာတဲ့ဘဝတစ်ခု
ထုဆစ်လို့ ရယူပိုင်ဆိုင်ချင်‌သော်ငြားလည်း
မှားတယ်လို့ ဝန်ခံသူမရှိကြပြန်
‌တောင်းပန်သူမဲ့တဲ့အရပ်
လုပ်ဇာတ်‌တွေခင်း‌နေကြသလားကွယ်
ဘယ်မှာလဲ အမျိုးသားပြန်လည်သင့်မြတ်‌ရေး
‌ဝေး‌တေး‌တေး အူ‌ကြောင်‌ကြောင်အလား
ဓါးသွား‌တွေ‌ပေါ်မှာ လမ်း‌လျှောက်‌နေကြသတဲ့ကွယ်။

လူသားတရား‌ပြော ဆုကြီးပန်‌တွေလို
ကျုပ်တို့ကို ပုံမသွင်းပါနဲ့
ကျုပ်တို့ရဲ့လူမျိုးအ‌ကြောင်း‌လေး
‌တွေးခွင့် ‌ရေးခွင် ‌ရွေးချယ်ခွင့်
ထူ‌ထောင်ခွင့်‌လေး ‌ပေးပါအုံး
ဘုံးဘုံးလဲရင်ကွဲ‌နေတဲ့ ဒီမိသားစုအ‌ရေး
‌ရှောင်‌ပြေးလို့ ကိုယ်လွတ်မရုန်းပါရ‌စေနဲ့
ဒင်းတို့‌တွေ နိုင်ထက်ကလူပြုခဲ့သမျှ
ခွင့်လွှတ်‌ကျေ‌အေး‌ပေးရ‌အောင်လို့
ကျုပ်တို့ဟာ ပါရမီဖြည့်ဖက်‌တွေလည်း မဟုတ်ဘူး။

သိထားသမျှ ကြားထားသမျှ
မြင်သမျှအရာအားလုံး
မဖုံးမကွယ် မှန်မှန်‌ပြောပါ‌တော့လား မင်းဖြူ
ထူ‌ထောင်လိုက် ‌ဖေါက်ဖျက်လိုက် ချုပ်ဆိုလိုက်နဲ့
သူတို့ရဲ့ NCA ကတိကဝတ်ဆိုတာဟာ
မျက်နှာကို ပုဝါနက်စည်းထား‌စေတဲ့သ‌ဘော
‌ရောဂါအရင့်အမာကို
ပင်လုံလို ‌ဆေးမြီးတိုနဲ့ ကုစား‌ပေးမတဲ့
မုသားနဲ့‌မွေ့‌လျော်‌သော ဒင်းတို့သ‌ဘော‌တွေ
မင်းဖြူ‌ရေ မင်းဖြူမှန်မှန်‌ပြောပါ‌တော့လား။