Home သတင်း ဘုရားငါးဆူ‌ကျေးရွာအဝင်၌ အရပ်သား ၅ဦးထံမှ WY စိတ်ကြွ‌ဆေး အလုံး (၂၀၀)‌ကျော်ဖမ်းဆီးရမိ

ဘုရားငါးဆူ‌ကျေးရွာအဝင်၌ အရပ်သား ၅ဦးထံမှ WY စိတ်ကြွ‌ဆေး အလုံး (၂၀၀)‌ကျော်ဖမ်းဆီးရမိ

2788

စက်တင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားငါးဆူ‌ကျေးရွာအဝင်၌ ဩဂုတ်လ ၂၉ရက်‌နေ့တွင် ဝင်း‌ရေးမြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF နှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ ပူး‌ပေါင်းကာ ‌ဒေသခံအရပ်သား ၅ဦးထံမှ (WY)စာတန်းပါ စိတ်ကြွမူးယစ်‌ဆေး အလုံး ၂၀၀‌ကျော် ဖမ်းဆီးရမိခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထို‌နေ့ည‌နေ (၄)နာရီအချိန်တွင် အဆိုပါပူး‌ပေါင်းအဖွဲ့သည် ဘုရားငါးဆူ‌ကျေးရွာတံတားထိပ်၌ ခလယ်-တံခွန်တိုင်ဘက်မှ ပြန် လာ‌သော (WAVE)အမျိုးအစား ဆိုင်ကယ်သုံးစီးကို ရပ်တန့်စစ်‌ဆေးရာ မုဒုံမြို့နယ်၊ ‌ကော့ကပုံရွာ‌နေ ဦးစိန်ထွန်းလှိုင် ၄၈နှစ်နှင့် ‌မောင်မျိုးသူ ၂ဝနှစ်တို့ စီးနင်းလာသည့် (WAVE-100) ဖြူနီ‌ရောင် ဆိုင်ကယ်မှ မူးယစ်‌ဆေးအလုံး(၁၅၀)ကို ဖမ်းဆီးရမိခဲ့သည်။

၎င်း‌နောက် (၁၅)မိနစ်အကြာ၌ အခြားဆိုင်ကယ်နှစ်စီးအား ဆက်လက် ရပ်တန့်စစ်‌ဆေးရာ အနီ‌ရောင် (WAVE 100) ဆိုင်ကယ် ကို စီးနင်းလာသည့် ‌ပေါင်မြို့နယ် မြို့သစ်(၁)လမ်းရပ်နှင့် ဒုံစီရပ်တွင် ‌နေထိုင်သူ ‌ကျော်မင်းနိုင် ၃ဝနှစ်နှင့် ‌ကျော်အာကာလင်း (ခ) ကုလား ၂၅နှစ်ထံမှ စိတ်ကြွ‌ဆေးပြား အလုံး(၅၀)ကိုလည်း‌ကောင်း၊ (WAVE 110) အဖြု‌ရောင် စီးနင်းလာသည့် ကျိုက်မ ‌ရောမြို့နယ်၊ ‌တောင်က‌လေး‌ကျေးရွာ‌နေ ‌ဇေယျာလင်း (ခ) ကုလား ၂၅နှစ်ထံမှ စိတ်ကြွ‌ဆေး (၇)လုံး ဖမ်းဆီးရမိ‌ကြောင်း ဦး‌ဆောင်ဖမ်းဆီးရာတွင် ပါဝင်သည့် အမည်မ‌ဖော်လိုသူ KNPF အမှုစစ်ရဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ကျေးရွာလူထု‌တွေရဲ့ သတင်း‌ပေးချက်အရ ‌ကျေးရွာအုပ်ချုပ်‌ရေး‌တွေနဲ့ ပူး‌ပေါင်းပြီး ‌ဆောင်ရွက်‌နေတာ‌ပေါ့‌နော်။ လက်ရှိ ‌တော့ လုပ်ငန်းအရ စစ်‌ဆေးမှု‌တွေလုပ်‌နေတယ် ကွင်းဆက်‌တွေကိုလည်း အထက်လူကြီး‌တွေရဲ့ ညွန်ကြားချက်အရ ‌ဆောင်ရွက် သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စိတ်ကြွမူးယစ်‌ဆေးနှင့်အတူ ဖမ်းဆီးမိခဲ့သည့် အဆိုပါလူငါးဦးကို စစ်‌ဆေး‌မေးမြန်းရာ စိတ်ကြွ‌ဆေးပြားများကို ခလယ်ရွာ ရာဘာ ခြံ‌တောထဲ၌ အမည်မသိသူတစ်ဦးထံမှ ‌ဆေးပြားတစ်ပြားကို ၃၀၀ဝကျပ်ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားပြီး ၎င်းတို့ ငါးဦးအား ဝင်း‌ရေးမြို့နယ်၊ ဖားပြ‌ကျေးရွာ KNPF ရဲစခန်းတွင် ထိန်းသိမ်းထားကာ ‌ကော်သူး‌လေ မူးယစ်အထူးအက်ဥပ‌ဒေနှင့်အ ညီ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း အဆိုပါအမှုစစ်ရဲတာဝန်ရှိသူက ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်(ဝင်း‌ရေး)‌ဒေသတွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လအထိ မူးယစ်‌ဆေးဝါးနှင့်ပတ်သက်သည့် အမှု‌ပေါင်း (၂၀၀)‌ကျော် ဖမ်းဆီးအ‌ရေးယူပြုလုပ်ခဲ့ပြီးဖြစ်‌သော်လည်း ကွင်းဆက်အဖြစ် တရားခံနှင့် ပင်မ‌ရောင်းဝယ်‌နေသူများကို ဖမ်းဆီးနိုင်ခြင်းမရှိ‌သေးသဖြင့် ‌ဒေသခံများ၏ ‌ဝေဖန်မှုမျိုးစုံလည်း ထွက်‌ပေါ်လျက်ရှိသည်။