Home သတင်း ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေးကိစ္စအ‌ပေါ် ‌ကျေးရွာ‌ပေါင်း ၁ဝ ရွာမှ ‌ဒေသခံနှင့် KWO ‌ဆွေး‌နွေး

ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေးကိစ္စအ‌ပေါ် ‌ကျေးရွာ‌ပေါင်း ၁ဝ ရွာမှ ‌ဒေသခံနှင့် KWO ‌ဆွေး‌နွေး

1713

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေး ကိစ္စများအ‌ပေါ် ပြည်တွင်းရှိ‌ဒေသခံလူထုများ၏ သ‌ဘောထား များသိရှိ ‌စေရန် ကရင်အမျိုးသမီးအစည်းအရုံး KWO(ဗဟို) ဦး‌ဆောင်သည့် ၇ ဦးပါ အဖွဲ့တစ်ဖွဲ့သည် KNU ‌တောင်ငူ ခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၁ဝ ရွာမှ ‌ဒေသခံများနှင့် စက်တင်ဘာ ၂၄ ရက်‌နေ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို KWO ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့်တို့ ပူး‌ပေါင်း၍ ကရင်အမျိုးသားအစည်း အရုံး(KNU) ထိန်းချုပ်နယ်‌မြေ ထန်းတပင်မြို့နယ်၊ ရှား‌စေးဖိုရွာတွင် ပြုလုပ်ခဲ့ပြီး ‌ရေလျှံ၊ ဇီးဖြူကုန်း၊ ‌တောကုန်း၊ အင်‌ကျော်၊ မာလာကုန်း၊ သစ်ချ‌စေး၊ သာယာကုန်း၊ ‌အောင်မြင်၊ ပျင်ဂါး စသည့် ‌ကျေးရွာများမှ ‌ဒေသခံ ၁၀ဝ ‌ကျော် ပါဝင်တက်‌ရောက်ကာ ‌ဆွေး‌နွေးပွဲခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ KWO မှ ‌နော်ဆဲဆဲက “လက်ရှိ ကျမတို့အ‌နေနဲ့ ဒုက္ခသည်ပြန်လည် ‌နေရာချထား ‌ရေးမှာ ဒုက္ခသည်‌တွေရဲ့အသံတင် မဟုတ်ဘဲနဲ့ ‌ဒေသခံလူထု‌တွေရဲ့အသံကိုလည်း သိချင်တယ်။ အဲဒါမှ သူတို့‌တွေရဲ့ အ‌ရေးကိစ္စ‌တွေမှာ သက်ဆိုင်ရာ‌ခေါင်း‌ဆောင်‌တွေကို ‌ထောက်ပြ‌ပြောဆိုပြီး တင်ပြလို့ရမယ်။ အဲဒီအတွက် ဒီ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို ရည်ရွယ်လုပ်တာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

တစ်ရက်တာပြုလုပ်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် KWO မှ ထိုင်း-မြန်မာ နယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း အ‌ခြေအ‌နေများနှင့် ပြန်လည်‌နေရာချထား‌ရေးကိစ္စအပြင် လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ‌ဒေသခံများ၏ သ‌ဘောထားများကို ရယူကာ အပြန်အလှန်‌ဆွေး‌နွေးမှုများပြု လုပ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် ‌ဒေသခံများဘက်မှ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ၂၁ ရာစု ပင်လုံညီလာခံအထိ ‌ရောက်ရှိပြီဖြစ်‌သော်လည်း ‌မြေယာပြဿ နာနှင့် လူထုစားဝတ်‌နေ‌ရေး ပြဿ နာများ ကြီးထွား‌နေဆဲဖြစ်သည့် အတွက် ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေးကိစ္စမှာ မဖြစ်နိုင်‌သေး‌ကြောင်း၊ အကယ်၍ ပြန်လည်‌နေရာ ချထား‌ရေး အ‌ကောင်အထည်‌ဖော်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် ‌ဒေသခံများ၏ အသံကို နား‌ထောင်‌ပေးရန်လို‌ကြောင်း သ‌ဘောထား‌ပေးခဲ့ကြသည်ဟု သိရသည်။

ဒုက္ခသည်ပြန်လည်‌နေရာချထား‌ရေးမှာ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်ဆက်စပ်လျှက်ရှိပြီး ယင်းကိစ္စ ရပ်များကို လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့များနှင့်အစိုးရတို့ ညှိနှိုင်းအ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် NCA တွင် ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အပြင် ပြန်လည်‌နေရာချထား‌ရေးအ‌ပေါ် ကရင်ဒုက္ခသည်‌ကော်မတီ KRC နှင့် KNU တို့မှလည်း မူဝါဒများ ချမှတ်ထာပြီးဖြစ်သလို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်‌နေ့မှစတင်ကာ KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် ကိုယ်တိုင်ဦး‌ဆောင်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းများရှိ လူထုနှင့် ‌တွေ့ဆုံမှုများ ပြုလုပ်လျှက်ရှိသည်။

KWO သည် ပုံမှန် တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် KNU ခရိုင်များအတွင်း လူထုများနှင့် ‌တွေ့ဆုံကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ ဒုက္ခသည်အ‌ရေး ဆိုင်ရာကိစ္စများကို ချပြရှင်းလင်းမှုများပြုလုပ်ပြီး ထန်းတပင် မြို့နယ်အတွင်း ယခုလို လူထုနှင့်‌တွေ့ဆုံမှုမှာ ပထမအကြိမ်ဖြစ်သည်ဟု KWO တာဝန်ရှိသူများက ဆိုသည်။