Home သတင်း ထိုးစစ်များမရပ်တန့်လျှင် စစ်မျက်နှာဖွင့်သွားမည်ဟု တိုးတက်‌သောဗုဒ္ဓဘာသာကရင်တပ်ဖွဲ့-DKBA ‌ပြောဆို

ထိုးစစ်များမရပ်တန့်လျှင် စစ်မျက်နှာဖွင့်သွားမည်ဟု တိုးတက်‌သောဗုဒ္ဓဘာသာကရင်တပ်ဖွဲ့-DKBA ‌ပြောဆို

3173

စက်တင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်(BGF)တပ်များ၏ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) အ‌ပေါ် ထိုးစစ်ဆင်မှုများအား ရုတ်သိမ်းဆုတ်ခွာမှုမရှိလျှင် DKBA အ‌နေဖြင့် မိမိတို့၏ထိန်းချုပ်နယ်‌မြေများနှင့် လှုပ်ရှားနယ်‌မြေများတွင် စစ်မျက်နှာဖွင့်သွားမည်ဖြစ်‌ကြောင်း ဩဂုတ်လ ၃၁ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

DKBA ၏ ၃/၂၀၁၆ ထုတ်ပြန်ချက်တွင် ဗဟိုစစ်‌ကော်မတီ၏ ယခင်လ ၃၁ရက်‌နေ့ အ‌ရေး‌ပေါ်အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်အရ ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ဒေသတွင်ဖြစ်ပွား‌နေ‌သော ထိုးစစ်များအား စက်တင်ဘာလ ၁ရက်‌နေ့တွင် ရုတ်သိမ်းဆုတ်ခွာ ‌ပေးရန် ‌တောင်းဆိုထားပြီး ရုတ်သိမ်းမှုမရှိလျှင် စစ်မျက်နှာဖွင့်သွားမည်ဟူ၍ ‌ဖော်ပြပါရှိသည်။

DKBA မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ဒီ‌ကောင်းမှုမှာ စစ်တပ်က မဆုတ်မှန်းလည်း သိပါတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့က မငြိမ်း ချမ်းတာ မဖြစ်‌စေချင်လို့ နှုတ်နဲ့၊ စာနဲ့ ထုတ်ပြန်‌ကြေညာပြီး‌တော့ ဆုတ်ခိုင်းတာ‌ပေါ့။ တကယ်လို့ မဆုတ်‌ပေးဘူးဆိုရင်လည်း ကျ‌နော်တို့က တတ်နိုင်ရင် ဝင်‌ရောက်လှုပ်ရှားတဲ့ အဖွဲ့အင်အားနဲ့ စစ်‌ရေးအရ ပြန်လည်လုပ်မယ့်အ‌နေအထား‌တော့ ရှိတယ်‌ပေါ့။ ဒါက လုပ်ချင်လို့လုပ်တာမဟုတ်ဘူး‌လေ။ နှုတ်နဲ့‌ပြောလို့မရ၊ စာနဲ့‌ပြောလို့မရဆို‌တော့ ‌ပြောပြီးရင် လုပ်ပြရမှာ‌ပေါ့”ဟု ‌ကေအိုင်စီ ၏ ‌မေးမြန်းချက်ကို ပြန်လည်‌ဖြေကြားသည်။

ထို့အပြင် ၎င်းတို့အဖွဲ့‌ကြောင့် ငြိမ်းချမ်း‌ရေးအ‌ပေါ်ထိခိုက်စရာမရှိ‌ကြောင်းနှင့် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် အပါအဝင် လက်ရှိ အရပ်သားအစိုးရလက်ထက်အထိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် ပါဝင်ခွင့်ရ‌ရေး စာ‌ရေး‌ပေးပို့မှုများ၊ ညှိနှိုင်းခဲ့မှုများရှိခဲ့ ‌သော်လည်း ပါဝင်ခွင့်မရတာ‌ကြောင့် ငြိမ်းချမ်း‌ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရမည့် အ‌နေအထားသာဖြစ်‌ကြောင်း ဗိုလ်မှူး ကြီး‌စောဆန်း‌အောင်က ဆက်‌ပြောသည်။
DSC_0077
DKBA ၏ ထုတ်ပြန်ချက်၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် ပါဝင်နိုင်‌ရေးအတွက် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစု ကြည်နှင့် ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး(ငြိမ်း) အပါအဝင် ပြည်နယ်နှင့် ပြည်‌ထောင်စု အဆင့်အသီးသီးသို့ စာများ‌ပေးပို့ခဲ့‌ကြောင်းနှင့် ‌အောက်‌ခြေဖြစ်စဉ်များကို သိရှိညှိနှိုင်းရန် ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင်ကိုယ်စား လှယ်တစ်ဦးပါ ထားရှိခဲ့‌ကြောင်းလည်း ‌ဖော်ပြထားသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ရာစုပင်လုံတွင် ပါဝင်တက်‌ရောက်နိုင်ခွင့်ရရှိ‌ရေးအတွက် နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်ထံသို့ ဇွန်လ ၁၂ရက်‌နေ့တွင်လည်း‌ကောင်း၊ DKBA ၏ အခက်အခဲများ၊ သ‌ဘောထားများ၊ ‌တောင်းဆို ချက်များပါဝင်သည့် စာတစ်‌စောင်ကို ၂၁ပင်လုံညီလာခံ အကြိုပြင်ဆင်‌ရေး‌ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး (ငြိမ်း)ထံ ဇူလိုင်လ ၁၅ရက်‌နေ့ကလည်း‌ကောင်း စာ‌ရေးသား‌ပေးပို့ခဲ့ပြီးဖြစ်သည်။

၎င်းအပြင် ဩဂုတ်လ ၂၉ရက်နှင့် ၃ဝရက်‌နေ့များတွင် ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာ အ‌နောက်ဘက် ‌တောင်မဲ‌တောင် ၌ နယ်‌မြေရှင်းလင်း‌ရေး‌ဆောင်ရွက်‌နေသည့် BGF (၁၀၁၆)(၁၀၁၇)တပ်းရင်းများ ၊အစိုးရတပ်မ‌တော်မှ ‌ခြေလျင်တပ်ရင်း(ခလရ) ၂၃ဝနှင့် ၂၃၁ ပူး‌ပေါင်းတပ်ဖွဲ့နှင့် ဗုဒ္ဓဘာသာကရင်တပ်မ‌တော်(DKBA)တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အလားတူ ဩဂုတ်လ ၂၇ရက်‌နေ့၌ DKBA မှ ဗိုလ်မှူးနားမကြားအဖွဲ့က ‌ကောင်းမှု‌ဒေသတွင် သစ်လုပ်ငန်း လုပ်ကိုင်‌နေသည့် ဆင် တစ်‌ကောင်နှင့် ဆင်ဦးစီးပါ လုပ်သား ၅ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး‌နောက် ၂၉ရက်‌နေ့ မနက် ၁ဝနာရီခန့်တွင် ဆင်ဦးစီးမှ ဗိုလ်မှူးနားမကြားအား ဆင်ထိန်း၏ဓါးဖြင့် ခုတ်သတ်ခဲ့ပြီး ‌ကောင်းမှုအ‌ခြေစိုက် BGF တပ်များထံ လာ‌ရောက်သတင်းပို့ခဲ့သဖြင့် အစိုးရစစ်တပ်နှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့က DKBA တပ်ဖွဲ့များ‌နောက်သို့ လိုက်လံရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု နယ်ခြား‌စောင့်တပ် များနှင့် မြို့နယ်ရဲတပ်ဖွဲ့များက ဩဂုတ်လ ၃ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဗိုလ်မှူးနားမကြားအ‌နေဖြင့် ဆင်နှင့် ဆင်ဦးစီးများကို ပြန်‌ပေးဆွဲခြင်းနှင့် ‌ငွေကျပ်သိန်း ၅၀ဝ ‌တောင်းခံခြင်းမှာမဟုတ်မှန်ဘဲ ၎င်းတပ်ဖွဲ့ ရပ်တည်နိုင်‌ရေးအတွက် ‌တောင်းခံမှုများသာရှိ‌ကြောင်းနှင့် ဆင်ဦး စီးမှ ဗိုလ်မှူးနားမကြားအား ဓါးဖြင့် ခုတ်သတ်ခြင်းမှာ ဟုတ်မှန်‌ကြောင်း ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

ဗိုလ်မှူးချုပ်‌စော‌ကျော်သက် ဦးစီး‌သော တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်(DKBA) ကို ၂၀၁၆ခုနှစ်၊ ဇန်နဝါ ရီလ ၁၆ရက်‌နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂ရက်‌နေ့က စတင်ဖြစ်ပွားခဲ့သည့် အာရှလမ်းမတိုက်ပွဲ များအပြီး ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)မှ ခွဲထွက်ကာ သီးခြားရပ်တည်‌နေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ် ခု ဖြစ်သည်။