Home သတင်း စစ်‌ရေး ပဋိပက္ခ‌ကြောင့် မြိုင်ကြီးငူတွင် စစ်‌ဘေး‌ရှောင် ၂ ‌ထောင်‌ကျော် ခိုလှုံ‌နေရ

စစ်‌ရေး ပဋိပက္ခ‌ကြောင့် မြိုင်ကြီးငူတွင် စစ်‌ဘေး‌ရှောင် ၂ ‌ထောင်‌ကျော် ခိုလှုံ‌နေရ

2258

စက်တင်ဘာ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသ‌ဝေါ‌ဒေသတွင်း စစ်‌ရေးပဋိပက္ခများ‌ကြောင့် ယင်း‌ဒေသရှိ‌ကျေးရွာ ၁၆ ရွာမှ ‌ဒေသခံ ၂‌ထောင်‌ကျော်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်‌နေ့မှစတင်ကာ မြိုင်ကြီးငူအထူး‌ဒေသရှိ မြတ်ပန်းဝတ်မှုံခန်းမ‌ဆောင်တွင် လာ‌ရောက်ခိုလှုံ‌နေရ‌ကြောင်း သိရသည်။

အဆိုပါ စစ်‌ဘေး‌ရှောင်‌ဒေသခံများကို မြိုင်ကြီးငူ ဆရာ‌တော်ဦးသုဇနမှ ဦး‌ဆောင်ကာ ကားအစီး‌ရေ ၁၀၀‌ကျော်ဖြင့် သွား‌ရောက်‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ထိုသို့စစ်‌ဘေးလွတ်ရာ တိမ်း ‌ရှောင်လာရသည့်အ‌ပေါ် ထီးက‌လော‌သော့ရွာမှ ‌စောလာမိုးက ယခုလို‌ပြောသည်။

“ဒီမလာခင်က‌တော့ ရွာဘက်မှာတိုက်ပွဲ‌တွေ ဖြစ်‌နေတယ်။ အဲ့လိုဖြစ်‌တော့ စားဖို့၊ ‌သောက်ဖို့၊ သွားဖို့လာ ဖို့ခက်ခဲတယ်။ ဆရာ‌တော် လာ‌ခေါ်တာဆို‌တော့ ဒီကိုလာကြတာ‌ပေါ့။ စစ်‌ပြေးမဖြစ်‌စေချင်‌တော့ဘူး။ အခု မ‌နေရဲ‌တော့လို့ ဒီကိုဆင်းလာလိုက်တယ်။ တချို့က‌တော့ ဟိုပုန်း ဒီပုန်းနဲ့ကျန်‌နေခဲတဲ့ လူ‌တွေလည်းရှိတယ်။ တိုက်ပွဲ‌တွေ ‌ပေးမဖြစ်‌စေချင်‌တော့ဘူး။ ‌အေး‌အေး‌နေခြင်တယ်ဗျာ” ဟု ၎င်းက ‌ပြောသည်။
14315766_583194065202264_883400527_o
လက်ရှိစစ်‌ဘေး‌ရှောင်‌ဒေသခံများမှာ မဲ့သ‌ဝေါ‌ဒေသရှိ ထီးယာထ၊ ထီးကနယ်၊ ထီး‌နောထ၊ ထီး‌ထော့ကျိုး၊ က‌လောက်ဂွမ်း၊ က‌လောက်‌ဒေး၊ ယာ‌ဘောယာ၊ ‌ရောခူးခီး၊ ‌ဖော‌ဖော့၊ မယ်‌ပေါ့၊မူးဝ၊ မယ့်သ‌ဝေါ စသည့် ‌ကျေးရွာများမှဖြစ်ပြီး ယ‌နေ့‌နေ့လည် ၁ နာရီ ၂ဝအထိစာရင်းအရ စစ်‌ဘေး‌ရှောင် ၂၂၁၂ ဦးရှိ‌ကြောင်း သိရ သည်။

၎င်းစစ်‌ဘေး‌ရှောင်များကို မြတ်ပန်းဝတ်မှုံခန်းမ‌ဆောင်အပြင် ‌အေးငြိမ်းသာယာ‌ကျောင်း‌ဆောင် ‌ကျောက် စာတိုက် ဓမ္မာရုံနှင့်နီးစပ်ရာ‌ဆွေမျိုး မိတ်‌ဆွေအိမ်များတွင် ယာယီခိုလှုံခွင့်လျှက်ရှိသည်။ ၎င်းတို့ကို လှိုင်းဘွဲ‌ဆေးရုံမှဆရာဝန်များနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများနှင့် ‌ဆေးဝါး၊ ‌စောင်၊ ခြင်‌ထောင်များ‌ဝေငှ‌ပေးပြီး ‌စေတနာရှင်အလှူရှင်များနှင့် နယ်ခြား‌စောင့်တပ် BGFတပ်ဖွဲ့ဝင်မိ သားစု များက ဆန်၊ ဆီနှင့် ‌ခေါက်ဆွဲ ‌ခြောက်ထုပ်များ ပံ့ပိုးကူညီ‌ပေးလျှက်ရှိသည်။

၎င်းအပြင် ယ‌နေ့နံနက် ၈နာရီခွဲအချိန်ခန့်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA နယ်‌မြေဖြစ်သည့် မဲ့သ‌ဝေါတွင် DKBAနှင့် နယ်ခြား‌စောင့်တပ် BGF ၊ မြန်မာ့တပ်မ‌တော်ပူး ‌ပေါင်းတပ်များတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ထပ်မံဖြစ်ပွားသည့်အတွက် စစ်‌ဘေး‌ရှောင်သူ ဦး‌ရေတိုး ပွားလာလျှက်ရှိ‌ကြောင်း သိရသည်။