Home သတင်း စစ်‌ဘေး‌ရှောင်လာစဉ် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးတစ်ဦး မိုင်းထိ‌သေဆုံး

စစ်‌ဘေး‌ရှောင်လာစဉ် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးတစ်ဦး မိုင်းထိ‌သေဆုံး

1786

စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သ‌ဝေါ‌ဒေသ တိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူသို့ စစ်‌ဘေး ‌ရှောင်လာသူ ယင်းပိုင်း‌ချောင်း၊ အထက်ကျုံ‌ထော်ရွာ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောထို့‌ဒေးသည် ယ‌နေ့ နံနက် ၈ နာရီတွင် မိုင်းနင်းမိဒဏ်ရာဖြင့် ‌သေဆုံးသွားသည်ဟု မြိုင်ကြီးငူ၊ ကျမ်းမာ‌ရေးဌာနဦးစီးဌာနမှ ‌ဆေးဝန်ထမ်းတဦးဖြစ်သူ နန်းသဇင်က ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျုံ‌ထော်ရွာအထက် ၃ မိုင်ခန့် အကွာ‌ဝေးသည့် မဲ့လ‌ရောရွာမှ ‌ဒေသခံရွာသားများကို အသက် ၄ဝ ဝန်းကျင်ရှိ အထက်ကျုံ‌ထော်ရွာ အုပ်ချုပ်‌ရေးမှူး ‌စောထို ့‌ဒေးက မြိုင်ကြီးငူသို ့စစ်‌ဘေး‌ရှောင်ရန် လမ်းပြအဖြစ်ရွာသားများနှင့် အတူထွက်လာစဉ် ယ‌နေ ့နံနက် ၈နာရီခန် ့တွင် ‌တောလမ်းတ‌နေရာ၌ မိုင်းနင်း မိပြီး ‌သွေးထွက်လွန် ဒဏ်ရာဖြင့် ‌သေဆုံးသွားခြင်းဖြစ်သည်။

“အခုမိုင်းထိတဲ့သူက မဲ့လ‌ရောရွာက ရွာသား‌တွေ‌ခေါ်ပြီး ‌တောလမ်းကဆင်းအလာမှာ မိုင်းထိတယ်။ တခြား လူ‌တွေ‌တော့ ဒဏ်ရာမရဘူး။ အဲဒီဒဏ်ရာရ လူနာကိုဆက်ထမ်းလာရင်း ယင်းပိုင်း‌ချောင်း ‌လှေဆိပ်နား မ‌ရောက်ခင်မှာ ‌သွေးထွက်လွန်ပြီး ဆုံးသွားတာလို့ သိရတယ်” ဟု ‌ဆေးဝန်ထမ်း တဦးဖြစ်သူ နန်းသဇင်က ယ‌နေ ့‌ပြောသည်။

‌သေဆုံးသွားသူ အသက် ၄ဝ ဝန်းကျင်ခန့်ရှိ ‌စောထို့‌ဒေးသည် တိုက်ပွဲကာလအတွင်း ရွာ၌ကျန် ‌နေခဲ့ရာမှ ၎င်းမိသားစုများခိုလှုံရာ မြိုင်ကြီးငူ မြတ်ပန်းဝတ်မှုံ စစ်‌ဘေး‌ရှောင်စခန်းသို့ စစ်‌ဘေး‌ရှောင်ရန် လာ‌ရောက် စဉ်ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များ‌ကြောင့် မဲ့လ‌ရောရွာမှ စစ်‌ဘေး‌ရှောင်ရန်ထွက်ခွာလာသူ ‌ဒေသခံများမှာ မြိုင်ကြီးငူရှိ စစ်‌ဘေး‌ရှောင်စခန်းသို့ ‌ရောက်ရှိမလာ‌တော့ဘဲ ‌သေဆုံးသူကို ၎င်းတို့‌ကျေးရွာသို့ ပြန်သယ်သွား‌ကြောင်း စစ်‌ဘေး‌ရှောင်အားသွား‌ရောက်‌ခေါ်‌ဆောင်ခဲ့သူ အဆိုပါ‌ဆေးဝန်းထမ်းက ဆက်‌ပြောသည်။

ယခုဖြစ်စဉ်မှာ မဲသ‌ဝေါ‌ဒေသ တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့် ကာလအတွင်း မိုင်း‌ကြောင့် ‌ဒေသခံတစ်ဦး ပထမဆုံး‌သေဆုံးမှုဖြစ်ကာ လက်ရှိ ယင်း‌နေရာများမှာ အစိုးရတပ်မ‌တော်၊ BGF ပူး‌ပေါင်းတပ်များနှင့် DKBA ခွဲထွက် အဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ‌နေရာများဖြစ်‌ကြောင်း သိရသည်။