Home သတင်း ကာကွယ်‌ရေးဦးစီးချုပ်တာဝန် တိုင်းရင်းသားပါဝင်‌ရေး ‌ကေအိုင်အို၏အဆိုုကို တိုုင်းရင်းသားအဖွဲ့အချို့‌ထောက်ခံ

ကာကွယ်‌ရေးဦးစီးချုပ်တာဝန် တိုင်းရင်းသားပါဝင်‌ရေး ‌ကေအိုင်အို၏အဆိုုကို တိုုင်းရင်းသားအဖွဲ့အချို့‌ထောက်ခံ

2019

စက်တင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ကချင်ပြည်လွတ် လပ်‌ရေးအဖွဲ့(‌ကေအိုင်အို)က ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအ‌ဝေး တတိယ‌နေ့တွင် လုံခြုံ‌ရေးဆိုင်ရာ ကဏ္ဍကို တင်သွင်းရာ ကာကွယ်‌ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်‌ရေး ဦးစီးချုပ်နှင့် ကြည်း၊ ‌ရေ၊ ‌လေ ကာကွယ်‌ရေးဦးစီးချုပ်တို့ တာဝန်များသည် လူမျိုးတစ်မျိုးစီဖြစ်ရမည် ဟူသည့်အဆိုကို တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုုင်ငံ‌ရေးပါတီများဘက်က ‌ထောက်ခံ‌ပြောဆိုခဲ့ကြသည်။

ရှမ်းပြည်တိုးတက်‌ရေးပါတီ၊ ရှမ်းပြည်တပ်မ‌တော် SSPP/SSA) ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်းက “ဖက်ဒရယ်ရဲ့စနစ်မှာ ဒါ‌တွေက ဖြစ်သင့် ဖြစ်ထိုက်တဲ့ဟာ‌တွေပါပဲ။ ဒါ တန်းတူမျှတတဲ့ဟာ‌တွေပါပဲ။ အဲဒီလိုဆိုရင် ပြဿနာ‌တွေက ရှင်းသွားလိမ့်မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ‌ဒေါက်တာ‌အေး‌မောင်ကလည်း တပ်မ‌တော် ကြည်း၊ ‌ရေ၊ ‌လေ စစ်ဦးစီးတာဝန်များတွင် ကိုယ်စားပြု သည့် လူမျိုးတစ်မျိုးစီ ကိုယ်စားပြုမှုကို လက်ခံသလို ဖြစ်လာမည်ဆိုပါက လူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုသည့် တပ်မ ‌တော်မှာ ‌ပျောက်ကွယ်သွားမည်ဖြစ်‌ကြောင်း ‌ပြောသည်။

၎င်းက “အမျိုးသားပြည်နယ်တိုင်းမှာ အမျိုးသားတပ်မ‌တော်ရှိမယ်။ ကြည်း၊ ‌ရေ၊ ‌လေပဲဖြစ်ဖြစ်ဗဟို ဦးစီးအဖွဲ့မှာ တစ်ဦးစီ ပါရ မယ်။ အဲဒီက လူမျိုးတစ်မျိုးစီတွင် အမြဲတမ်း အကြီးအကဲဖြစ်‌နေမည်။ ကျ‌နော်တို့က အဲလိုမျိုးသွားချင်တယ်။ ဆိုလိုတာက အာ ဏာကို လူမျိုးတစ်မျိုးလက်ထဲမှာ မထားဘူး။ အာဏာကို သင့်‌လျော်သည့် ပြည်‌ထောင်စုသား လက်ထဲမှာထားရှိသည်။”ဟု ‌ပြော သည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ TNDP ၏ နိုင်ငံ‌ရေးအကြံ‌ပေး ရဲမှူးချုပ် (အငြိမ်းစား) ဦးဝင်း‌ခေါင်ကလည်း တပ်မ‌တော်ကာကွယ်‌ရေး စစ်ဦးစီးချုပ်တာဝန်သည် အရည်အချင်းရှိပါက မည်သည့်တိုင်းရင်းသားမဆို ဖြစ်ခွင့်ရှိသည်ဟု ‌ထောက်ခံ‌ပြောဆိုသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး ပိုင်ဆိုင်သည့်အတွက် တပ်မ‌တော်ကာကွယ်‌ရေး စစ်ဦးစီးချုပ်တာဝန်ကို တိုင်းရင်းသား စစ်ဗိုလ်များလည်း ဖြစ်သင့်သည်ဟု တရားလွှတ်‌တော်‌ရှေ့‌နေ ဦးကိုနီက “ဒါလည်း ‌တောင်းဆိုနိုင်ပါတယ်။ ဒီနိုင်ငံဟာ တိုင်းရင်း သားအားလုံးပိုင်တဲ့ နိုင်ငံမို့လို့ တပ်မ‌တော် ကာကွယ်‌ရေး စစ်ဦးစီးချုပ် ရာထူးကို တိုင်းရင်းသား စစ်ဗိုလ်‌တွေကလည်း ဖြစ်သင့် တယ်။ အရင်ကလည်း ဖြစ်ခဲ့တဲ့ သာဓက ရှိခဲ့တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် တပ်မ‌တော် ကာကွယ်‌ရေး စစ်ဦးစီးချုပ်သည် ပြဋ္ဌာန်းထားသည့် ဥပ‌ဒေ‌အောက်တွင်သာ တာဝန်ထမ်း‌ဆောင်ရသည့်အ တွက် နိုင်ငံ‌တော် သမ္မတမှ ခန့်အပ်လျှင် တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ်တာဝန်ကို တိုင်းရင်းသားလည်း ဖြစ်လာနိုင်သည်ဟု ဦးကိုနီက ဖြည့်စွက် ‌ပြောဆိုသည်။

၎င်းအဆိုကို ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (USDP) ဗဟို‌ကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး‌ဟောင်း ဦးမြင့်စိုးက မူ တိုုင်းရင်းသားထဲမှ တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ခန့်အပ်‌ရေးနှင့်ပတ်သက်၍ ယင်းတာဝန်သည် အရည်အချင်း အဆင့် ဆင့်ဖြင့် တာဝန်ယူပြီးမှ ဖြစ်လာရသည်ဟု ယခုလို ‌ပြောသည်။

“ကာကွယ်‌ရေး စစ်ဦးစီးချုပ် ဆိုတာက ချက်ချင်းလက်ငင်း၊ ‌ရော့ ဒိုင်း ဆိုပြီး‌တော့ မိုး‌ပေါ်ကကျပြီး‌တော့ ချ‌ပေးလို့လည်း မရဘူး။ ‌ရေတွင်းထဲက‌နေပြီး‌တော့ နတ်‌ရေကန်ထဲက‌နေပြီး ‌ရော့ စစ်ဦးစီးချုပ် ဖြစ်‌စေသတည်းဆိုလို့လည်း မရဘူး။ ဆင့်ကဲဆင့်ကဲ အရည်အ‌သွေး‌တွေနဲ့ တက်လာရတယ်။ စစ်သက်ကို ကြည့်ပြီး‌တော့မှ ကံဉာဏ်ဝိရိယ‌တွေနဲ့ အ‌ကြောင်းတရား‌တွေနဲ့ ဒါ ဖြစ်လာ တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌လေ့လာ‌စောင့်ကြည့်‌နေသည့် Pyidaungsu Institute ဒါရိုက်တာ ခွန်း‌ဆေက ယုံကြည်မှု တည်‌ဆောက် ဆဲကာလတွင် အဆိုပြုချက်များ အမျိုးမျိုးရှိမှာဖြစ်ပြီး ယုံကြည်မှုတည်‌ဆောက်ပြီး စိတ်ချရပြီးဆိုပါက ဖြစ်လာနိုင်သည်ဟု မှတ် ချက်ပြုသည်။

ညီလာခံ တတိယ‌နေ့တွင် တပ်မ‌တော်ဘက်မှ ငြိမ်းချမ်း‌ရေးမူဝါဒများ စာတမ်းတင်သွင်းရာတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းများ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရာ၌ လက်နက်ကိုင်အဖွဲ့အစည်းများဟာ နိုင်ငံ‌ရေးအာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက် များကို အလွန်အကျွံ‌တောင်းဆို‌နေခြင်း၊ တရားမဝင် ရယူထား‌သော အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု စီးပွား‌ရေး အခွင့်အလမ်းများကို တရားဝင် အသိအမှတ်ပြုရန် ‌တောင်းဆို‌နေခြင်းများသည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များအတွက် အဓိက ‌နှောင့်‌နှေးချက်တစ်ချက် ဟု ထည့်သွင်း‌ပြောဆိုထားသည်။

မြန်မာပြည်လွတ်လပ်‌ရေးရပြီးကာစ မြန်မာနိုင်ငံ၏ တပ်မ‌တော် စစ်‌သေနာပတိ(စစ်ဦးစီးချုပ်)တာဝန်ကို (၄-၁-၁၉၄၈ မှ ၃၁-၁-၁၉၄၉) အထိ ကရင်အမျိုးသား ဗိုလ်ချုပ်စမစ်ဒွန်းကလည်း‌ကောင်း၊ ဒုတိယ စစ်‌သေနာပတိအဖြစ် (၁၄-၄-၁၉၄၈ မှ ၃၀-၇-၁၉၄၈)အထိ ဗိုလ်မှူးချုပ်‌စောကြာဒိုးက တာဝန်ယူခဲ့သည်။

‌ကေအိုင်အိုအဖွဲ့သည် အပစ်အခတ်ရပ်စဲဆိုင်ရာ သ‌ဘောတူစာချုပ် (အဲန်စီ‌အေ)ကို လက်မှတ်မ‌ရေးထိုးထား‌သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ လက်ရှိ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (ယူအဲန်အက်ဖ် စီ)အဖွဲ့ဝင်လည်း ဖြစ်သည်။