Home အယ်ဒီတာ့အာဘော် ကရင့်ငြိမ်းချမ်း‌ရေးအတွက် မဲ့သ‌ဝေါတိုက်ပွဲ သင်ခန်းစာ

ကရင့်ငြိမ်းချမ်း‌ရေးအတွက် မဲ့သ‌ဝေါတိုက်ပွဲ သင်ခန်းစာ

2374
(အယ်ဒီတာ့အာ‌ဘော်)

စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သ‌ဝေါ‌ဒေသ၌ DKBA ခွဲထွက်အဖွဲ့နှင့် အစိုးရတပ်မ ‌တော်တို့ တ‌ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ရက်သတ္တနှစ်ပတ်‌ကျော်ကြာ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲသည် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) နှင့် ကြံ့ဖွံ့အစိုးရတို့ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှစ၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ငါးနှစ်တာအတွင်း အကြီးမားဆုံး တိုက်ပွဲဖြစ်သည်ဟု ဆိုနိုင်သည်။

ယင်းတိုက်ပွဲ‌ကြောင့် မဲ့သ‌ဝေါ‌ဒေသတစ်ဝိုက်ရှိ ရွာ‌ပေါင်း ၂၀‌ကျော်မှ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံရွာသူရွာသားများက တစုံတရာ သွားလာ အသက်‌မွေးမှုများ ‌အေးချမ်း‌နေရာမှ ဗြုန်းဆို တိုက်ပွဲသံ ဘဝဂ်ညံ‌လေသည့်အ‌ပေါ် အိုးအိမ်၊ လယ်ခြံ‌မြေများကိုပင် မတပ်မက်နိုင်‌တော့ဘဲ စစ်‌ဘေး‌ရှောင်အဖြစ် စွန့်ပစ်၊ ‌ပြေးလွှား၊ ‌ရှောင်တိမ်း‌နေကြရသည်။ ယင်းသို့ ‌နေထိုင် စား‌သောက်‌ရေး ခက်ခဲ‌နေသူ စစ်‌ရှောင်ရွာသူရွာသားများကို ပြည်နယ်အစိုးရ အပါအဝင် အသီးသီး‌သော လူသားချင်းစာနာမှု ကူညီ‌ပေးသည့် အဖွဲ့များကလည်း စားနပ်ရိက္ခာ၊ အဝတ်အစားကအစ သွား‌ရောက်ပံ့ပိုးကူညီခဲ့ကြသည်မှာ မုဒိတာပွားစရာပင်။

သို့‌သော် တိုက်ပွဲ‌ဒေသရှိ စစ်‌ရှောင်များအား ကူညီပံ့ပိုး‌နေခြင်းမှာ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်တန့်‌စေခြင်းမဟုတ်ဘဲ ယာယီအား ဖြင့်သာ ကုစားနိုင်‌သော ‌ဖြေရှင်းချက်လမ်း‌ကြောင်းမျှသာ ဖြစ်သည်။ နယ်ခြား‌စောင့်တပ် ပါဝင်‌သော အစိုးရတပ်မ‌တော်နှင့် ခွဲထွက် ဒီ‌ကေဘီ‌အေတို့ တိုက်ခိုက်မှုမှာလည်း ကရင်အချင်းချင်း တိုက်ခိုက်‌နေကြပြီး ကရင်‌ဒေသခံများကပင် ထွက်‌ပြေးတိမ်း ‌ရှောင်ရသည့်အသွင်ကို ‌ဆောင်‌နေ‌ပေရာ ထိုအချင်းအရာမှာ အမျိုးသားစည်းလုံးညီညွှတ်‌ရေးအတွက် ‌ကောင်းမွန်‌သော လက္ခ ဏာ၊ လုပ်ရပ်တစ်ခုမဟုတ်ဟု သုံးသပ်မိသည်။

ဖြစ်စဉ်၏ အရင်းခံကို ‌နောက်‌ကြောင်းပြန်ကြည့်လျှင် ‌ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများအကြား အပြစ်မဲ့ ‌မြေဇာပင်များမှာ ‌ဒေသခံများသာဖြစ်‌နေသည်။ ယခုအချိန်ထိလည်း ထိုအ‌ခြေအ‌နေမှာ ပွဲပြီး၍ မီး‌သေ‌နေပြီဟု မသတ်မှတ်နိုင် ‌သေး။ ၎င်းအ‌နေအထားတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို လက်မှတ်‌ရေးထိုးထား ကြသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၏ဘက်‌တော်သား တပ်မ‌တော်တို့က နိုင်ငံတွင်း မဆိုထားနှင့် ပြည်နယ်အတွင်းရှိ တည်ငြိမ်‌အေး ချမ်းမှုကိုပင် မထိန်းသိမ်းနိုင်သည့်သ‌ဘော ဖြစ်‌နေ‌ပေရာ လူထု ယုံကြည်အားကိုးမှု ‌လျော့နည်းလာ‌စေသည်။

NCA စာချုပ်အပြီး ဖွဲ့စည်းခဲ့သည့် ကရင်ပြည်နယ်အဆင့် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S) တွင် ပါဝင်‌သော နှစ်ဖက် လက်နက်ကိုင်များအ‌နေဖြင့် မိမိတို့ ပါဝင်သည့် စစ်‌ရေးပဋိပက္ခ မဟုတ်‌သော်ငြား မိမိတို့‌စောင့်ကြည့်ရသည့် ပြည်နယ်အတွင်း၌ ဖြစ်ပွားသည့် စစ်မက်‌ရေးရာဖြစ်၍ ဤသည်ကို ရပ်တန့်ရန် ညှိနှိုင်း၊ အ‌ဖြေရှာ‌ဆောင်ရွက်သွားသင့်သည်။ အလားတူ ၎င်း‌ကော်မ တီပါ အရပ်ဖက်အဖွဲ့များကလည်း စစ်‌ရှောင်ရွာသားများ ‌နေအိမ်သို့ အန္တရာယ်ကင်းစွာ အမြန် ပြန်‌နေထိုင်နိုင်‌ရေး တိုက်တွန်းညှိ နှိုင်း ကြိုးပမ်းသင့်သည်။ ထိုမျှမက နယ်ခြား‌စောင့်တပ်၊ ဒီ‌ကေဘီ‌အေ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့် ‌ကေအဲန်ယူ(ကရင်အမျိုး သားအစည်းအရုံး)တို့ ပါဝင်ဖွဲ့စည်းထားခဲ့သည့် ကရင်လက်နက်ကိုင်များ စည်းလုံးညီညွှတ်‌ရေး‌ကော်မတီကလည်း နှစ်ဖက်တပ် များ ပစ်ခတ်မှု၊ မိုင်း‌ထောင်မှုများ ဆက်လက် မပြုလုပ်‌စေရန်အတွက်လည်း ပွင့်လင်းမြင်သာမှုရှိစွာ စည်းရုံးညှိနှိုင်းယူ‌စေလိုသည်။

ယင်းကဲ့သို့ အတိမ်းအ‌စောင်းမခံ‌သော တစ်‌ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခြင်းသည် ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ယခု အဲန်အယ်လ်ဒီအစိုးရလက်ထက်အထိ ဆက်လက် အ‌ကောင်အထည်‌ဖော်လာ‌နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အသက်ဝင်မှုကို ထိခိုက်‌စေသလို ဩဂုတ်လ ၂၉ရက်မှ စက်တင်ဘာလ ၃ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပပြီးစီးခဲ့သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ၊ ၂၁ရာစုပင်လုံအပြီးကာလ ငြိမ်းချမ်း‌ရေးဖြစ်စဉ် မခိုင်မာ‌သေးသည့်သ‌ဘောကိုလည်း ‌ဆောင် ကြဉ်း‌နေ‌ပေသည်။

ထို့‌ကြောင့် အသီးသီး‌သော မတူကွဲပြားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များအကြား ‌ပြေလည်ရုံမျှ မပြီးစီးနိုင်‌သေးဘဲ အထက်၊ အလယ်၊ ‌အောက်‌ခြေအဆင့်ထိ အပြန်အလှန် ယုံကြည်မှု တည်‌ဆောက်ကာ စိတ်‌စေတနာမှန်ဖြင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှသာလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလား‌သော၊ ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်‌လျှောက် လှမ်းနိုင်‌သော စစ်မှန်သည့် ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်း‌ပေါ် ‌ရောက်ရှိနိုင်မည်ကို မဲ့သ‌ဝေါ‌ဒေသ တ‌ကျော့ပြန်တိုက်ပွဲက သင်ခန်း စာ‌ပေးလိုက်သည်ပင် ဖြစ်သည်။