Home ထိပ်တန်းသတင်း ၆၆နှစ်‌မြောက် ကရင့်အာဇာနည်‌နေ ့ အခမ်းအနား ဖားအံတွင် ပထမဆုံးအကြိမ်ကျင်းပ

၆၆နှစ်‌မြောက် ကရင့်အာဇာနည်‌နေ ့ အခမ်းအနား ဖားအံတွင် ပထမဆုံးအကြိမ်ကျင်းပ

2253

ဩဂုတ် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ယ‌နေ့ ကျ‌ရောက်သည့် ၆၆နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ ့အခမ်းအနားကို ဖားအံမြို့တွင် မြို့ခံ ကရင်အမျိုးသားများ က စု‌ပေါင်းကာ ကရင်ပြည်နယ်၊ ဖားအံမြို့၊ သု‌မေဓါရာမ၊ ကြား‌တောရ‌ကျောင်းတိုက်၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

နံနက် ၉နာရီမှ စတင်သည့် အဆိုပါအခမ်းအနားကို ကရင်အမျိုးသားအလံ‌တော် အ‌လေးပြုခြင်း၊ ကျဆုံး‌လေပြီး‌သော ကရင့်အာ ဇာနည်‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးနှင့်တကွ ကရင့်‌တော်လှန်‌ရေးတွင် အမျိုးသား‌ရေးအတွက် အသက်‌ပေးလှူသွားခဲ့သည့် အာဇာနည်‌ခေါင်း‌ဆောင်ကြီးများအား ငြိမ်သက်အ‌လေးပြုခြင်း၊ ကရင့်အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ ရှင်းလင်းခြင်းနှင့် အ‌မေးအ ‌ဖြေကဏ္ဍများ အပါအဝင် အစီအစဉ် ၁၈ခုဖြင့် ကျင်းပခဲ့ပြီးစီးခဲ့သည်။

ဖားအံမြို့‌ပေါ်တွင် ကရင့်အာဇာနည်‌နေ ့ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်းအ‌ပေါ် အခမ်းအနားကျင်းပ‌ရေး‌ကော်မတီ တွဲဖက် အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ကျ‌နော်တို့က ဒီပွဲကို အခုလို မြို့‌ပေါ်မှာ လုပ်တဲ့အတွက် အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ငြိမ်း ချမ်း‌ရေးကို ဖျက်ဆီး၊ အနာ‌ဟောင်းကို ပြန်ဆွကာ ပြည်‌ထောင်စုက ခွဲထွက်ဖို့ မဟုတ်ပါဘူး။ ကရင်ပြည်သူ‌တွေလိုချင်တဲ့ နိုင်ငံ ‌ရေးရပ်တည်ချက်ကို တရားဝင်နည်းနဲ ့အတူတကွ ပြန်ကြိုးပမ်းဖို့ သတိ‌ပေးခြင်းတစ်ခုပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း (၆၆)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ ဝင် ပဒို‌စောသမိန်ထွန်း၊ ဖားအံမြို့အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ အရပ်ဘက် လူမှုအ ဖွဲ့အစည်းများ၊ ကရင်‌ကျောင်းသားလူငယ်များနှင့် မြို့ခံပြည်သူများ အပါအဝင် စုစု‌ပေါင်း လူ ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

လက်ရှိ ကရင့်‌တော်လှန်‌ရေးသည် ကမ္ဘာ‌ပေါ်တွင် သက်တမ်းအကြာဆုံး ခုခံစစ်ဖြစ်ကာ ယခုအချိန်ထိ ‌ကေအဲန်ယူ ရပ်တည်နိုင်ခဲ့ ခြင်းသည် ကရင်ပြည်သူများ၏ အား‌ပေး‌ထောက်ခံမှု‌ကြောင့်သာဖြစ်‌ကြောင်း၊ ကရင်အမျိုးသားများအ‌နေဖြင့် တခြားလူမျိုးများနှင့် ‌ရော‌နှော‌နေထိုင်သည့်အခါ ကရင့်စိတ်ဓါတ်မ‌ပျောက်ပြက်‌အောင် ထိန်းသိမ်းကြ‌စေလို‌ကြောင်း (KNU) ဗဟို‌ခေါင်း‌ဆောင် ပဒို‌စော သမိန်ထွန်းက ကရင့်အာဇာနည်‌နေ့သမိုင်း‌ကြောင်း ရှင်းလင်း‌ပြောကြားရာတွင် တိုက်တွန်း‌ပြောဆိုခဲ့သည်။

အခမ်းအနားတက်‌ရောက်သူ ‌တောင်က‌လေး‌ကျေးရွာမှ နန်းခင်သက်မာက “ကျမအ‌နေနဲ့ သိထားတာက အာဇာနည်ဆိုတာ အသက်‌သွေး၊ ‌ချွေး‌ပေးဆပ်ပြီး‌တော့မှ မိမိကိုယ်ကျိုးမပါ နိုင်ငံနဲ့ လူမျိုးအတွက်ကို အသက်‌ပေးဆုံးရှုံးသွားတဲ့သူကို အာဇာနည်လို့ သိထားတယ်၊ ‌နောက်ပြီး‌တော့ ‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး ကျဆုံးသွားတဲ့ ဒီ‌နေ့ကို အာဇာနည်‌နေ့အဖြစ် သတ်မှတ်ကျင်းပ ခွင့်ရတာလည်း ဂုဏ်ယူပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ကျ‌ရောက်သည့် ၆၆နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို (KNU) တပ်ရင်း၊ တပ်မဟာ အသီးသီးတွင်လည်း ‌ကောင်း၊ ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြားအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်။ ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲ၊ ‌မြောင်းမြ၊ ပန်းတ‌နော်၊ ဟသင်္ာတမြို့နယ်တို့အပြင် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံ‌ရောက် ကရင်အသိုင်းအဝိုင်းများရှိရာအရပ်၌လည်း ‌အောက်‌မေ့ဖွယ် အခမ်းအနားများကို ကျင်းပခဲ့ကြသည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေနှင့် တပ်ဖွဲ့ဝင်များသည် ‌ကော့ကရိတ်ခရိုင်၊ ထို့‌ကော်ကူး‌ကျေးရွာ တွင် ဖဆပလတပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင့်အမျိုး သားအာဇာနည်‌နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။