Home သတင်း ဝင်း‌ရော်‌ဒေသ၊ ခလယ်ရွာ ကရင်အာဇာနည်‌နေ့သို့ အလွှာ‌ပေါင်းစုံမှ လူ ၂၀ဝခန့် တက်‌ရောက်ခဲ့

ဝင်း‌ရော်‌ဒေသ၊ ခလယ်ရွာ ကရင်အာဇာနည်‌နေ့သို့ အလွှာ‌ပေါင်းစုံမှ လူ ၂၀ဝခန့် တက်‌ရောက်ခဲ့

2126

ဩဂုတ် ၁၃ရက်။ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

(၆၆)နှစ်‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ခလယ်ရွာ၊ ဘုန်း ‌တော်ကြီး‌ကျောင်း၌ ဩဂုတ်လ (၁၂)ရက်‌နေ့က ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာ ကရင်လက်နက်ကိုင်အဖွဲ့၊ အစိုးရဋ္ဌာနဆိုင်ရာ၊ အရပ်ဘက်အဖွဲ့နှင့် ရပ်မိရပ်ဖများ အပါအဝင် လူဦး‌ရေ ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနား ကျင်းပ‌ရေး‌ကော်မတီမှ ဦး‌ဆောင်သူ ‌စော‌ရွှေလှဝင်းက “ကျ‌နော်တို့‌ဒေသမှာရှိတဲ့ လူငယ်‌တွေကို ကရင်အာဇာနည် ‌နေ့ ရှိတယ်ဆိုတာကို သိ‌စေချင်လို့ လုပ်တာ‌ပေါ့‌နော်။ တစ်ခုက ကိုယ့်ရဲ့ ကရင်လူမျိုး သမိုင်းအ‌ကြောင်းအရာ‌တွေ‌ရော၊ ကရင်လူ မျိုးတစ်ခုလုံးအတွက် မိမိယုံကြည်ချက်ဖြင့် အသက်‌ပေးလှူသွားတဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြု‌ပေး‌စေချင်လို့ လုပ်ရခြင်းဖြစ် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဝင်း‌ရေးမြို့နယ် တရားသူကြီး ပဒို‌စောလှ‌အောင်၊ အမှတ်(၁၀၂၁) နယ်ခြား‌စောင့် တပ်မှ ဗိုလ်မှူးမန်းဝင်းယုံ၊ ခလယ်-တံခွန်တိုင် တိုက်နယ်ရဲတပ်ဖွဲ့ စခန်းမှူး ‌စော‌အောင်ဝင်းထိုက်တို့ တက်‌ရောက်သည့် ၎င်းအခမ်း အနားတွင် သံဃာ‌တော်များက တရားနာ ‌ရေစက်ချအမျှ‌ဝေခြင်း၊ အာဇာနည်‌ခေါင်း‌ဆောင်များကို အ‌လေးပြုခြင်း၊ ‌ပေးပို့လာ‌သော သဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ သမိုင်း‌ကြောင်းများကို ဖတ်ကြားသွားခဲ့သည်။

အမှတ်(၁၀၂၁)နယ်ခြား‌စောင့်တပ်မှ ဗိုလ်မှူးမန်းဝင်းယုံက “ဒီ‌နေ့ဟာ ကျဆုံးသွားတဲ့ ကျ‌နော်တို့ရဲ့‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ရဲ‌ဘော်များကို ဂုဏ်ပြုတဲ့ ‌နေ့ထူး‌နေ့မြတ်တစ်ခုဖြစ်ပါတယ်။ ‌စောဘဦးကြီးရဲ့ ချမှတ်ထားတဲ့ မူ‌လေးချက်အပြင် သူ့ရဲ့အ‌တွေး‌ခေါ် ရည်ရွယ်ချက် အ‌မြော်အမြင်‌တွေကို ကျ‌နော်တို့ အားလုံးအတူတကွ ကိုယ်စီအသိတရားရှိပြီး လိုက်နာ‌ဆောင်ရွက်နိုင်မယ်ဆိုရင် ‌မျှော်မှန်းထားတဲ့ပန်းတိုင် အ‌ရောက်ချီတက်နိုင်မယ်”ဟု ‌ပြောသည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ကရင်လူငယ် ‌စောမင်းမင်းကလည်း “အရင်က ရွာမှာ ဘယ်သူမှလည်း ဒီလိုပွဲမျိုး မလုပ်ကြ ဘူး‌လေ။ မ‌ပြောရဲဘူး။ ကိုယ့်ရဲ့ ကရင်အာဇာနည် ပုဂ္ဂိုလ်သမိုင်း‌ကြောင်း အခုမှ သိလာတယ်။ လူမျိုးအ‌ပေါ်မှာ သူတို့‌တွေရဲ့ အသက်စွန့်ကြိုးစား ရုန်းကန်ခဲ့ရတာ‌တွေ သိလာ‌တော့ ပိုပြီး ‌လေးစားမိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၉၅ဝခုနှစ်၊ ဩဂုတ်လ(၁၂)ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး( ‌ကေအဲန်ယူ) ဥက္ကဋ္ဌ‌ဟောင်း ‌စောဘဦးကြီးနှင့် ရဲ‌ဘော် များအား ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာအနီးတွင် မြန်မာအစိုးရစစ်တပ်၏ တိုက်ခိုက်ခြင်းခံရမှု‌ကြောင့် ကျဆုံးခဲ့‌သော ‌နေ့ကို ကရင်အာဇာနည်‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။

ယခုနှစ် ၆၆နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ကို ‌ကေအဲန်ယူ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့ ထိန်းချုပ် ရာ နယ်‌မြေ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနသင်္ာရီတိုင်း‌ဒေသ များတွင် အသီးသီး ကျင်းပခဲ့ကြသလို နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများကလည်း ၎င်းတို့‌ရောက်ရာအရပ်တွင် ကျင်းပခဲ့ ကြသည်။