Home ကဗျာ ‌မြေလိုကျင့်တဲ့သူ‌တွေ

‌မြေလိုကျင့်တဲ့သူ‌တွေ

2107

(လကင်္ာဒီပ)

(၂၁ ဩဂုတ်လ၊ ၂၀၁၆)

စိတ်ဓါတ် သက်လုံ‌ကောင်းကြသူ‌တွေ
‌မြေလိုကျင့်တဲ့ လူသား‌တွေမို့လား
တရား‌သော‌တော်လှန်‌ရေးမှာ
ခိုင်မာစွာ အားထုတ်မှုပြုခဲ့ကြတယ်
မိုးယံထက် လင်းနိုင်လွန်းတဲ့
ကျုပ်တို့ရဲ့ အာဇာနည်ကြီး‌တွေရှိခဲ့တယ်။

ကရင့်‌တော်လှန်‌ရေးရပ်ဝန်း
အစွန်းနှစ်ဖက်ကြား မားမားရပ်တည်
အာဇာနည်‌တွေဘဝ
တချို့က ‌တွေး‌ခေါ်ကြံဆမှုကို ‌ပေးဆပ်ကြ
တချို့က မိသားစုအချိန်ကို ‌ပေးဆပ်ကြ
တချို့က ကာယလုံ့လကို ‌ပေးဆပ်ကြ
တချို့က အသက်ခန္ဓာကို ‌ပေးဆပ်ကြ
တချို့က တစ်ဘဝလုံးထိုး‌ကျွေး
အရိုး‌ဆွေးတဲ့အထိ ‌ပေးဆပ်ခဲ့ကြတယ်။

သူတို့‌မျှော်မှန်းခဲ့တဲ့လမ်း
ပရမ်းပတာပန်းတိုင်မဟုတ်ဘူး
ဦးထိပ်ထားရာပြည်သူ‌တွေ
‌ခြေ‌နေတည်တံ့စွာ လုပ်ကိုင်စား‌သောက်
ကျွန်သ‌ဘောက်ဘဝက
လွတ်‌မြောက်ကြ‌ရေးစွန့်စား
အမျိုးသားတန်းတူ‌ရေးကအစ
ကိုယ်ပိုင်ပြဌာန်းခွင့်ရသည့်
ပြီးပြည့်စုံ‌သော ကရင်ပြည်ဖြစ်ဖို့
ရည်စူးလို့ အားထုတ်မှုပြုခဲ့ကြတယ်။

ရုပ်ရှင် ဇာတ်လမ်း‌တွေထဲက
တက်ကြွတဲ့ ဇာတ်လိုက်ရဲ့‌သေနတ်ကိုင်ဟန်
အားကျမာန်တက်ဖြစ်ချင်ပြီး
မီးလိုပူ‌လောင်တဲ့ ‌တော်လှန်‌ရေးမှာ
သူတို့ဟာ ‌သေနတ်ကိုင်လာကြတာ မဟုတ်ဘူး
‌ရွေးချယ်ကူး‌ပြောင်းခွင့် မရခဲ့ရှာ
အာဏာရှင်အုပ်စိုးသူ‌တွေ ‌ပေးခဲ့တဲ့လမ်းကြမ်း
ရွာစခန်း မြို့စခန်း ပြည်သူပြည်သား
ညီကိုများကို ကာကွယ်ဖို့
သူတို့ လက်နက်ကိုင်ခဲ့ကြရတာ ဖြစ်တယ်။

ဟန်မလုပ် အကြံမယုတ်
မာန်ထုတ်လို့ ကြိုးစား
တစ်မျိုးသားလုံးစိတ်ရွှင်ပြုံး
လူတစ်လုံး သူတစ်လုံး လူတန်း‌စေ့‌စေ
‌ပေး‌ဝေရင်းနှီးမှုပြုခဲ့ကြ
သူတို့ဘဝ သူတို့ခန္ဓာ
ဒီလို အာဇာနည်ကြီး‌တွေရဲ့‌ကျေးဇူး
အထူးအ‌လေးပြု ဦးညွှတ်ရင်း
ညီကိုချင်း ရင်းနှီးသင့်မြတ်ကြလို့
ကျုပ်တို့ရဲ့‌နေ့သစ်‌တွေကို
ပိုမိုအားထုတ် ‌ပေးဆပ်မှုပြုကြပါ‌လေ
‌မြေလိုကျင့်တဲ့ လူသား‌တွေဖြစ်ကြပါ‌စေသတည်း။